၂၀၁၇ နိုင်ငံတကာ ပြောစကားများ

‘‘ဒီအမေရိကန် လူသတ်ပွဲကြီးဟာ ဒီနေ ရာ၊ ဒီအချိန်မှာ ရပ်တန့်သွားပါပြီ’’ 

(ဇန်နဝါရီ ၂၀ ရက်က ၎င်း၏ အဖွင့် မိန့်ခွန်းတွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ပြောကြားသောစကား)

 


‘‘ဒီနေ့  ကတ်တာလိုနီးယားဒေသမှာ ဘာပြည်သူ့ဆန္ဒခံယူပွဲမှ ကျင်းပတာ မရှိပါဘူး’’

(မဲပေးမှုအဆုံးသတ်ရေး ရဲတပ်ဖွဲ့က သွေးထွက်သံယိုနှိမ်နင်းမှုများ ပြုလုပ်နေ ခိုက် ကတ်တာလန်လွတ်လပ်ရေး ပြည် သူ့ဆန္ဒခံယူပွဲသည် တရားမဝင်ကြောင်း စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဟွိုင်း ပြောသောစကား)

 


‘‘ကျွန်မကို ယုံကြည်လို့ အပ်နှင်းထားတဲ့ သမ္မတတာဝန်ကို ပြီးဆုံးအောင် မထမ်း ဆောင်နိုင်တဲ့အတွက် ဝမ်းနည်းပါတယ်’’ 

(အာဏာအလွဲသုံးစားလုပ်မှုနှင့် အကျင့် ပျက်ခြစားမှု စွဲချက်များဖြင့် ရာထူးမှ ဖယ်ရှားခံရပြီးနောက် တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးပြောကြား သောစကား)

 


‘‘လူတိုင်းက ဒါမဖြစ်နိုင်ဘူးလို့ ပြောကြ ပါတယ်။ ဒါပေမဲ့ သူတို့က ပြင်သစ် အကြောင်းမှ မသိခဲ့တာကိုး’’

(မေလ ၇ ရက်က ပြင်သစ်နိုင်ငံ သမိုင်းတွင် အသက်အငယ်ဆုံးသမ္မတ ဖြစ်လာရန် လက်ယာစွန်း မာရိန်းလီ ပင်းကို အနိုင်ရပြီးနောက် အီမန်နျူရယ် မက်ကရွန် (၃၉) နှစ်ပြောကြားသောစကား)

 


‘‘သစ္စာစောင့်သိဖို့ လိုအပ်တယ်၊ သစ္စာ စောင့်သိဖို့ ငါမျှော်လင့်တယ်’’ လို့ သမ္မတက ပြောခဲ့ပါတယ်။

(ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပထမ ဆုံး လူသိရှင်ကြားပြောကြားသော မှတ် ချက်များတွင် အက်ဖ်ဘီအိုင်ညွှန်ကြား ရေးမှူး ဂျိမ်းကိုမီ ပြောသောစကား)

 


‘‘ကျွန်တော်က သူ့ရဲ့သတို့သားမဟုတ် ဘူး’’

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ပတ်သက်သည့်မေးခွန်းတစ်ခုကို ဖြေ ဆိုရန် ရုရှားသမ္မတပူတင်က ငြင်းဆိုစဉ် ပြောကြားသောစကား)

 


‘‘ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ပြီး အနိုင်ရခဲ့ တဲ့ ထရန့်သမ္မတသက်တမ်းဟာ ပြီးဆုံး သွားပါပြီ’’

(ဒေါ်နယ်ထရန့်အစိုးရအဖွဲ့မှ ထွက်ခွာပြီး နောက် ဒေါ်နယ်ထရန့်၏ မဟာဗျူဟာ ချမှတ်ရေးမှူးအကြီးအကဲဟောင်း စတီ ဖန်ဘန်နွန် ပြောသောစကား)

 


‘‘ဒါက သင်္ကာရှင်းတာ၊ ဒါမှမဟုတ် အောင်မြင်မှုရတာ မဟုတ်ပါဘူး’’

(သရုပ်ဆောင် ဘီလ်ကော့ဘိုင်၏ လိင်ပိုင်းဆိုင်ရာစော်ကားမှု ရုံးတင် စစ်ဆေးမှုတွင် ဂျူရီလူကြီးအဖွဲ့အနေဖြင့် စီရင်ချက်မချမှတ်နိုင်ကြောင်း တရားသူကြီး စတီဗင်တီအိုနေးလ်ကကြေညာစဉ် ပြောကြားသောစကား)
 



‘‘ကျွန်တော် ၈ နှစ်တုန်းက အမေ့ကို ကျွန်တော်ပြောခဲ့တယ်လေ၊ အဲဒါကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ’’

(လိဂ်ချန်ပီယံရှစ် ဆွတ်ခူးပြီးနောက် NBA Finals NVP ဆုကို လက်ခံရယူစဉ် NBA ကစားသမား ကီဗင်ဒူးရန့်တ်က ၎င်း၏မိခင်ကို ပြောကြားသောစကား)

 


‘‘ငါ့အတွက် ကလိုက်စမ်းပါ လူကလေး ရေ’’

(၎င်းတို့လက်ဝှေ့ပွဲအတွက် သတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ် ဘက်စုံကိုယ်ခံ ပညာသုံး (MMA) ကြယ်ပွင့် မက်ဂေါ်ရီက လက်ဝှေ့ကျော် မေဝယ်လ်သာကို မခံချိ မခံသာဖြစ်အောင် လှောင်ပြောင်သော စကား)

 


‘‘အင်္ဂလန်မှာ ဘောလုံးပိုင်ဆိုင်မှု အသား ပေးကစားဟန်က အလုပ်မဖြစ်ဘူးဆို ရင် နည်းပြအဖြစ်ကနေ နုတ်ထွက်သွား မှာပါ’’

(အင်္ဂလန်သို့ Tiki-Taka ဘောလုံး ကစားရန် ယူဆောင်လာခြင်းနှင့် စပ် လျဉ်း၍ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြားသောစကား)

 


‘‘ခင်ဗျားတို့အနေနဲ့ ဒီသွေးကွဲစေတဲ့ ပြောစကားကို ရှုတ်မချဘူးဆိုရင် ခင်ဗျားတို့လည်း အဲဒါကို မသိချင်ဟန်ဆောင်နေတာပဲ’’

(နိုင်ငံတော်သီချင်းသီဆိုစဉ် မတ်တတ်မရပ်သည့် ကစားသမားများကို ထုတ်ပစ်ရန် NFL ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တိုက်တွန်း ခဲ့ပြီးနောက် ဆီယက်တဲလ်ဆီးဟော့မှ နောက်တန်းလူ ရစ်ချက်ဒ်ရှားမန်း ပြောသောစကား)
 



‘‘အမိုးတွေ လန်ထွက်ကုန်ပြီ’’

(ကာရစ်ဘီယံဒေသကို အင်အား အဆင့် ၅ ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဟာရီကိန်းမုန်တိုင်း မာရီယာကြောင့် ကယ်ဆယ်ရေးများမစတင်မီ ဒိုမီနီကန် ဝန်ကြီးချုပ် ရုစဗဲ့လ်စကားရစ်တ်က ဖေ့စ် ဘွတ်ခ်ပို့စ်တစ်ခုတွင် ရေးသောစကား)

 


‘‘အဲဒါ ရိုးရှင်းသလောက် ကျွန်မလည်း ရိုးရိုးရှင်းရှင်းလေးပဲ ကိုယ်စားပြုချင်ပါ တယ်’’

(ခေါင်းမြီးခြုံထားသည့် မိန်းကလေးတစ်ဦး၏ emoji ကို အက်ပ်ပဲလ်က ၎င်း တို့၏ iOS တွင်ဖော်ပြရန် သဘောတူပြီး နောက် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ နေထိုင်သော အသက် (၁၆) နှစ်အရွယ် ဆော်ဒီအာရေးဗီးယားအမျိုးသမီး အယ်လ်ဟူမီဒီ ပြောသောစကား)

 


‘‘တစ်နှစ်တာအကောင်းဆုံး တေး အယ်လ်ဘမ်ဆုရဖို့ သူ့အနေနဲ့ ဘာ သောက်လုပ်တွေကို လုပ်ရမှာတုံး’’ 

(ဂရမ်မီဆုပေးပွဲ၌ ဘီယွန်စေး၏ Lemonade အယ်လ်ဘမ်ကို အနိုင်ယူကာ ၎င်း၏ 25 အယ်လ်ဘမ်က ဆုရရှိပြီး နောက် အဒဲလ်က ဘီယွန်စေးကို ချီးကျူး သောစကား)

 


‘‘တကယ်လို့ ရှင်တို့အနေနဲ့ လိင်ပိုင်း ဆိုင်ရာအရ နှောင့်ယှက်ခံရ၊ ဒါမှမဟုတ် စော်ကားခံရတယ်ဆိုရင် ‘me too’ လို့ ရေးပါ’’

(အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ ဟာ ဗေးဝိန်းစတိန်း၏ ကျယ်ပြန့်သော လိင် ပိုင်းဆိုင်ရာနှောင့်ယှက်မှု စွပ်စွဲချက်များ ပေါက်ကြား ပြီးနောက်  ကမ္ဘာလုံးဆိုင်ရာ ‘me too’ လှုံ့ဆော်စည်းရုံးရေးကို အများသတိထားမိလာရန်မြှင့်တင်စဉ် အမေရိကန်သရုပ်ဆောင်မင်းသမီး မီလာနို ပြောကြားသောစကား)

 


‘‘ကြက်ကင်ရုံတင်ပါပဲ’’

(စေ့စပ်အပြီး တီဗီတွင် ၎င်းတို့ကို ပထမ ဆုံးတွေ့မြင်ရချိန်၌ မင်းသားဟယ်ရီက သူ့ကို မည်ကဲ့သို့ လက်ထပ်ခွင့်တောင်း ခဲ့သလဲဆိုသည်ကို ရှင်းပြစဉ် မင်းသမီး မီဂန်မာကယ်လ် ပြောကြားသောစကား)

 


‘‘ဒါက ကျွန်တော့်အမှား မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါကို ကျွန်တော် တာဝန်ယူပါ တယ်’’

(စီစဉ်မှုညံ့ဖျင်းသောကြောင့် ပွဲစီစဉ်သူ များအနေဖြင့် ဂီတဖျော်ဖြေပွဲကို ရွှေ့ ဆိုင်းခဲ့ရပြီး ဘဟားမားစ်၌ ပွဲတက် ရောက်သူအများအပြား သောင်တင်ခဲ့ပြီး နောက် ရပ်ပါနှင့် Fyre Festival ပူးတွဲတည်ထောင်သူ ဂျာရူးလ် ပြောကြား သောစကား)

 


‘‘လူသားတွေ အဆုံးသတ်မှုကို ကာကွယ် ရေး အဏုမြူလက်နက်တွေကို တားမြစ် တဲ့ ကုလသမဂ္ဂပဋိညာဉ်ကို လက်ခံဖို့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ တွေအကုန်လုံးကို တိုက်တွန်းပါတယ်’’

(ယခုနှစ်ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိပြီးနောက် နျူကလီးယားလက်နက်များ ဖျက်သိမ်းရေး နိုင်ငံတကာအဖွဲ့ (ICAN) ခေါင်းဆောင် ဆတ်ဆူကို တူအာလိုက ဆုပေးပွဲအခမ်းအနားတွင် ပြောသောစကား)

 


‘‘သူတို့က ကျွန်မရဲ့ကလေးကို နှုတ်ဆိတ် သွားစေဖို့ သတ်ဖို့ကြိုးစားခဲ့ပါတယ်၊ ကောင်းပြီလေ အဲဒီလိုဆိုရင် ဘာဖြစ်မလဲ မှန်းကြည့်ရအောင်၊ ရှင်တို့အနေနဲ့ သူ့ကို ချီးကျူးအမွှမ်းတင်ရုံပဲ’’

(သြဂုတ် ၂၂ ရက်က ချာ့လော့တ် တက်စ်ဗီးလ်တွင် လူဖြူအမျိုးသားရေး ဝါဒီများကို ဆန့်ကျင်ဆန္ဒပြစဉ် ကားတစ်စီးဖြင့် ၎င်း၏သမီး ဟီသာဟေရာ တိုက်သတ်ခံရပြီးနောက် မိခင်ဆူဆန်ဘရို ပြောကြားသောစကား)

 



‘‘ပဋိပက္ခတွေကင်းတဲ့ဘဝမှာ ကျွန်တော်ရိုးရိုးရှင်းရှင်းဖြတ်သန်း အချိန် ကုန်ခဲ့ပါတယ်’’

(လာ့စ်ဗီးဂတ်မြို့ လက်နက်ကိုင်လုယက်မှုတွင် ပါဝင်မှုကြောင့် ထောင် ဒဏ် ၃၃ နှစ်ချမှတ်ခံရပြီး ၉ နှစ်ကြာ ထောင်ဒဏ်ကျခံပြီးနောက် ပြန် လွတ်လာစဉ် အမေရိကန်ဘောလုံးကြယ်ပွင့်ဟောင်း ဆင်မ်ဆင် ပြော ကြားသောစကား)
 


‘‘ကျွန်တော့်မှာ အမှုသည်တစ်ယောက်ရှိတယ်၊ အဲဒါကတော့ တရား ဥပဒေပါပဲ’’ 

(နောက်ဆုံးအတည်ပြု ကြားနာစစ်ဆေးမှုအတွက် ၎င်း၏ဆုံး ဖြတ်ချက် များအပေါ် နိုင်ငံရေးနှင့် အခြားပြင်ပသြဇာလွှမ်းမိုးမှုများ မရှိစေရေး အမေရိကန် နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး နီးလ်ဂေါ်ဆင်ခ်ျ ကတိပြုပြောကြားသောစကား)