ရခိုင်အရေးလွှမ်းမိုးခဲ့သော ၂၀၁၇ မြန်မာ့နိုင်ငံရေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တိမ်းရှောင်မည့်ဘင်္ဂါလီများအား မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက မရွှေ့ပြောင်းရန် ရှင်းပြနေစဉ် (ဓာတ်ပုံ − Information Committee FB)

အရပ်သားအစိုးရတာဝန် ယူခဲ့သည့် ဒုတိယမြောက်နှစ် ၂၀၁၇ တွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံ့စီးပွားတိုးတက်ကောင်းမွန် ရန် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် ဒီချုပ်အစိုးရအဖွဲ့က မျှော်လင့်ကြိုးပမ်းခဲ့သော်လည်း ရခိုင်ပြည်နယ် အကြမ်းဖက်ခံရမှုဖြစ်စဉ်များကြောင့် မှန်းချက်နှင့်လွဲချော်ခဲ့သည်။ ၂၀၁၇ နှစ်ဝက်ကျိုးပြီးချိန်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ခံရမှုဖြစ်စဉ်ကြောင့် အရပ်သားအစိုးရတစ်ဖွဲ့လုံး၏ အာရုံသည် အခြား ဦးစားပေးလုပ်ငန်းများထက် ရခိုင်အရေးကိုရှေ့တန်းတင်လုံးပန်းခဲ့ရပြီး အထူးသဖြင့် တစ်ကမ္ဘာလုံးကအစဉ်တစိုက် အားပေးထောက်ခံခဲ့သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏နိုင်ငံရေးသမားဘ၀တစ်လျှောက် ပြည်ပနိုင်ငံများ၏ ပြင်းပြင်းထန်ထန် ဖိအားပေးဝေ ဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

နိုင်ငံတကာ၏ဖိအားပေးမှုက ၂၀၁၇ တွင် မြန်မာနိုင်ငံအပေါ် ကြီးမားခဲ့ခြင်းလည်းဖြစ်သည်။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အမေရိကန်၊ ဗြိတိန် အပါအ၀င် အနောက်နိုင်ငံများက အစိုးရနှင့်တပ်မတော်အပေါ် ဝေဖန်ပြစ်တင်မှုများရှိခဲ့ပြီး အရေးယူပိတ်ဆို့ရန်အထိ ဖိအားပေးခဲ့သည်။ထို့ကြောင့် နိုင်ငံ့စီးပွားရေးနှင့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလည်း ထိခိုက်စေခဲ့သည်။

ပြည်သူနှင့်အတူ

အရပ်သားအစိုးရဖွဲ့စည်းနိုင် ခဲ့သည့် ‘ပြောင်းလဲချိန်တန်ပြီ’ ဆောင်ပုဒ်ကို ဒေါ်အောင်ဆန်းစု ကြည်က အစိုးရသက်တမ်းတစ်နှစ် ပြည့်တွင် ‘ပြည်သူများနှင့်အတူ’ ဟူသော ဆောင်ပုဒ်ဖြင့် ပြောင်းလဲ ကြွေးကြော်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရသက်တမ်းတစ်နှစ်အတွင်း ပြည်သူများက အစိုးရကို မကြောက်တော့ခြင်း သည် တိုးတက်မှုဟုယုံကြည်ပြီး နိုင်ငံ့ကိစ္စရပ်များကို ‘ပြည်သူနှင့် အတူ’ တာဝန်ထမ်းဆောင်မည်ဟု အစိုးရသက်တမ်း(၁)နှစ်ပြည့်မိန့် ခွန်း၌ ပြောကြားခဲ့သည်။ ပြည်သူ နှင့်အတူ အစိုးရသက်တမ်းဒုတိယ မြောက်နှစ်ကို ဖြတ်သန်းချင် ကြောင်းနှင့် ပြည်သူ၊ ပြည်သား အားလုံး၊ ပြည်ထောင်စုနိုင်ငံသူ၊ နိုင်ငံသားများအားလုံးက ၀ိုင်းဝန်း ကူညီမည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ ၂၅ မိနစ်ကြာမြင့်သည့် ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း တွင် ‘ပြည်သူ’ဆိုသောစကားလုံး ကို ၇၄ ကြိမ်ပြောကြားခဲ့ပြီး ‘အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး’ဆိုသော စကားလုံးကို ၁၅ ကြိမ်သုံးစွဲခဲ့သည်။

နိုင်ငံတော်သမ္မတ ကျန်းမာရေး

ဒေါ်အောင်ဆန်းစုကြည်၏ လူယုံ၊ သူငယ်ချင်းလည်းဖြစ်သူ သမ္မတဦးထင်ကျော်သည် သမ္မတ တာဝန်ထမ်းဆောင်ပြီး ၂ နှစ် မပြည့်မီမှာပင် သိသာစွာပိန်ကျ သွားသည်ကို ပြည်သူများသတိ ထားမိခဲ့သည်။ နိုင်ငံတော်သမ္မတ သည် ၂၀၁၇ အတွင်းကမ္ဘောဒီး ယား၊ ထိုင်း၊ တရုတ်နှင့် ဂျပန်နိုင်ငံ တို့သို့ တရားဝင်နိုင်ငံခြားခရီးစဉ် ခြောက်ကြိမ်သွားရောက်ခဲ့သော် လည်း ပုပ်ရဟန်းမင်းကြီးခရီးစဉ် အတွင်း အိမ်တော်ပေါ်အတက် လှေကားတွင် အနီးရှိကိုယ်ရံတော် တစ်ဦးက ဖေးမတွဲကူခဲ့ရသည့် ဓာတ်ပုံထွက်ပေါ်လာပြီးနောက် ပြည်သူများ စိတ်ပူပန်ခဲ့ကာ သမ္မတကြီးကျန်းမာစေရန် ဆု တောင်းပေးခဲ့သည်။ ၂၀၁၇ စက် တင်ဘာအတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့သွားရောက် ကာ အူလမ်းကြောင်း၌ Colonic Polyp(အူမကြီးအသားပိုထွက် ခြင်း)တွေ့ရှိ၍ ခွဲစိတ်ကုသမှုခံယူခဲ့ သည်။ သို့ရာတွင် ဒေါ်အောင်ဆန်း စုကြည်က သမ္မတကြီး၏ ကျန်းမာ ရေးအတွက် စိုးရိမ်စရာမရှိ ကြောင်း နှစ်ကုန်ပိုင်းတွင်မီဒီယာ များအား ပြောကြားခဲ့ပြီး ဒီဇင်ဘာ လလယ်တွင် ဂျပန်နိုင်ငံသို့ရှစ်ရက် ကြာသွားရောက်ခဲ့သည့်သမ္မတ၏ ခရီးစဉ်ပုံရိပ်များက စိုးရိမ်ပူပန်နေ သည့်ပြည်သူများကို စိတ်သက် သာရာရစေခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရ အဖွဲ့အပြောင်းအလဲများ

၂၀၁၇ ဖေဖော်ဝါရီတွင် မွန် ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦး က နိုင်ငံတော်သမ္မတထံနုတ်ထွက် စာတင်ခဲ့သည်။ ၎င်း၏နုတ်ထွက် စာကို သမ္မတရုံးနှင့်ပါတီကလက်ခံ ခဲ့ပြီး ၀ါရင့်နိုင်ငံရေးသမားဒေါက် တာအေးဇံကို မွန်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ယင်း ဖြစ်စဉ်က ဒီချုပ်အစိုးရတက်လာ ပြီး ၁၀ လကျော်အကြာတွင် တိုင်း ဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦးအနက် ပထမဆုံးအပြောင်း အလဲဖြစ်သည်။ ယင်းနောက် အစိုးရအဖွဲ့အပြောင်းအလဲဖြစ် မည်ဟု သတင်းများကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။ စီးပွားရေးနှင့် သက်ဆိုင်သည့်ဝန်ကြီးဌာနနှစ်ခု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့အတွက် ဒုတိယ၀န်ကြီး လေးဦး တိုးချဲ့ခန့်အပ်ခဲ့သည်။

နှစ်လယ်ပိုင်းတွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း ကို ၎င်း၏သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့ပြီး ဆောက် လုပ်ရေးဝန်ကြီးဦးဝင်းခိုင်ကို ၀န် ကြီးဌာနနှစ်ခု ပူးတွဲတာဝန်ပေး ကြောင်း သမ္မတရုံးက ကြေညာ သည်။ ၂၀၁၇ နှစ်ကုန်ခါနီးတွင် ၀န် ကြီးဌာနနှစ်ခုတိုးချဲ့ဖွဲ့စည်းခဲ့ ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန် ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာနတို့ဖြစ်သည်။ ဒီချုပ်အစိုးရ တက်လာချိန်တွင် မူလရှိနေသော ၀န်ကြီးဌာန ၃၆ ခုကိုလျှော့ချခဲ့ပြီး ၂၂ ခုသာထားရှိခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းအ ကြမ်းဖက်ခံရမှုဖြစ်စဉ်နောက်ပိုင်း တွင် လုပ်ငန်းတာဝန်ပိုမိုဖိစီးနေ သော နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာဆက်ဆံရေးနှင့် အစိုး ရအဖွဲ့လုပ်ငန်းများ  ခွဲဝေလုပ် ဆောင်ရန် အထက်ပါဝန်ကြီးဌာန နှစ်ခုကိုတိုးချဲ့ခြင်းဖြစ်သည်။ ပြည် ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအ ဖြစ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်း ကိုလည်းကောင်း၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးအဖြစ် နိုင်ငံခြားရေးဒုဝန် ကြီးဦးကျော်တင်ကိုလည်းကောင်း တာဝန်ပေးခဲ့သည်။

အစိုးရတစ်ဖွဲ့လုံး၏ စွမ်း ဆောင်ရည်သည် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်တစ်ဦးတည်းအပေါ် မူ တည်နေ၍ ခန့်အပ်ထားသောဝန် ကြီး၊ ဒုတိယ၀န်ကြီးများကိုအပြည့် အ၀အသုံးချကာ ဖြန့်ကြက်တာဝန် ယူမှု၊ တာဝန်ခံမှုများရှိသင့် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ် သူများက အကြံပြုသည်။

အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး

အရပ်သားအစိုးရ၏ ဒုတိယ မြောက်နှစ်တွင် ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြားသည့် ထိုစကား တစ်ခွန်းက အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးပကတိအခြေအနေကို ထင်ဟပ်စေခဲ့သည်။ ဦး ဖြိုးမင်းသိန်းက ‘‘တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဆိုတာ Proto-col အရဆိုရင် ညွှန်ကြားရေးမှူး ချုပ် Level ပဲဖြစ်ပါတယ်’’ ဟု ဆွေးနွေးပွဲတစ်ခုတွင် ထည့်သွင်း ပြောကြားသည်။ ယင်းပြောကြားမှု နှင့်ပတ်သက်၍ တပ်မတော်က နိုင်ငံတော်သမ္မတရုံးသို့ နှစ်ရက် ဆက်တိုက်တိုင်ကြားစာပို့ခဲ့သည်။ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ဦး ဖြိုးမင်းသိန်းပြောကြားမှုသည် အ စိုးရသဘောထားမဟုတ်ဟု တုံ့ ပြန်ပြောကြားပြီး ဦးဖြိုးမင်းသိန်း က အမြန်ချောပို့ဖြင့် တပ်မတော် ကို တောင်းပန်ခဲ့ရကာ ပါတီက လည်းဦးဖြိုးမင်းသိန်းကိုသတိပေး ဆုံးမကြောင်းထုတ်ပြန်ကြေညာ သည်။

မြန်မာနိုင်ငံ၏ အရပ်ဘက်- စစ်ဘက်ဆက်ဆံရေးနှင့်ပတ် သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရတာဝန်စတင်ယူချိန် ကစ၍ တပ်မတော်သားပြည် ထောင်စုဝန်ကြီးသုံးဦးနှင့် အဆင် ပြေကြောင်းနှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုရှိကြောင်း ဒီချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်ဦးဝင်းထိန် က ပြောသည်။

လွှတ်တော်ကဏ္ဍ

မြန်မာနိုင်ငံကုမ္ပဏီများဥပ ဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင် ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ အစရှိသည့် အရေးကြီးသောဥပဒေ များအပါအ၀င် ပြည်ထောင်စု လွှတ်တော်က ၂၀၁၇ အတွင်း ဥပဒေစုစုပေါင်း ၂၉ ခုပြဋ္ဌာန်းနိုင် ခဲ့သည်။ နာမည်ကြီးဥပဒေတစ်ခု ဖြစ်သည့် ဆက်သွယ်ရေးဥပဒေ ကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်းနိုင် ခဲ့သော်လည်း ပုဒ်မ ၆၆(ဃ)ပယ် ဖျက်နိုင်ခဲ့ခြင်းမရှိသလို ယင်းပြင် ဆင်ချက်သည်လည်း ထူးခြားမှုမရှိ ကြောင်း လေ့လာသူများက ဝေ ဖန်ခဲ့သည်။

တရားစီရင်ရေးကဏ္ဍတိမ်း စောင်းနေမှုကို ပြန်လည်တည့်မတ် ပေးရန်တိုက်တွန်းကြောင်းအဆို နှင့်ပတ်သက်၍ ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် တို့အကြား အားပြိုင်မှုဖြစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတားကိစ္စ၊ ငွေစက္ကူပေါ်တွင် ဗိုလ်ချုပ်အောင် ဆန်းရုပ်ပုံထည့်သွင်းရေးကိစ္စ၊ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် ပတ်သက်သည့်အဆိုတင်သွင်းမှု များက လွှတ်တော်အတွင်းလှုပ် လှုပ်ရှားရှားဖြစ်ခဲ့သည်။

မော်လမြိုင်နှင့် ချောင်းဆုံမြို့ နယ်အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသည့်တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းနာမည်ပေး ရန်အဆိုကို ဒီချုပ်ကိုယ်စားလှယ်တစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တို့က ကန့်ကွက်ခဲ့သော် လည်း ပြည်သူ့လွှတ်တော်က ဗိုလ် ချုပ်အောင်ဆန်းတံတားဟုအမည် ပေးရန် ဆုံးဖြတ်ခဲ့သည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ် သက်၍လည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်စသည့် လွှတ်တော်နှစ်ရပ်စလုံးတွင် အဆို တင်သွင်းမှုများရှိခဲ့ပြီး အမျိုးသား လွှတ်တော်၌ ဒီချုပ်ကိုယ်စားလှယ် များနှင့်တပ်မတော်သားကိုယ်စား လှယ်များအကြား အပြန်အလှန် ကန့်ကွက်မှုများရှိခဲ့သည်။

အနာဂတ်တွင် ထုတ်ဝေမည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ် အောင်ဆန်းပုံဖြင့် ထုတ်ဝေရန်အ ဆိုကို ပြည်သူ့လွှတ်တော်ကအ တည်ပြုသော်လည်း တပ်မတော် သားကိုယ်စားလှယ်အားလုံးနှင့် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စား လှယ်တစ်ဦးတို့က မတ်တတ်ရပ် ကန့်ကွက်ခဲ့သည်။

ထူးခြားမှုတစ်ခုအနေဖြင့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ဒီ ချုပ်မှ ပြည်နယ်စည်ပင်သာယာ ရေးရာဝန်ကြီးဦးမင်းအောင်ကို ဥပဒေအရပေးအပ်သောတာဝန် များကျေပွန်ခြင်းမရှိဟုဆိုကာ တာ ၀န်မှရပ်စဲရန် လွှတ်တော်ကိုယ်စား လှယ် ၁၇ ဦးက လွှတ်တော်ဥက္ကဋ္ဌ ထံ ပေးပို့ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ

လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာအတွက်ပြုလုပ်သော ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၀ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ခြောက်နေ ရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသား ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က တစ်နေရာ စီအနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်း သို့ ရောက်ရှိခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၂ ဒသမ ၂ သန်းအနက် ခုနစ်သိန်း ရှစ်သောင်းကျော်သာ ဆန္ဒမဲပေး သဖြင့် လူထုစိတ်ဝင်စားမှုနည်းပါး ခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်း ပြိုအနိုင်ရခဲ့သော အာဏာရပါတီ ဒီချုပ်အနေဖြင့် ၂၀၁၇ ကြားဖြတ် တွင်မူ တိုင်းရင်းသားဒေသများ တွင် အနိုင်ရခဲ့ခြင်းမရှိသည့်အပေါ် ပါတီနှင့် အစိုးရ၏မူဝါဒများကို ပြန်လည်သုံးသပ်သင့်ကြောင်း ဝေဖန်ထောက်ပြမှုများ   ရှိလာခဲ့ သည်။

ပါတီနိုင်ငံရေး

၂၀၁၇ အတွင်း ဦးကိုကိုကြီး ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများပါဝင်သည့် နိုင်ငံ ရေးပါတီဖြစ်ပေါ်လာရန်ပြင်ဆင် ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ပါတီလေးခု ကို ထပ်မံခွင့်ပြုခဲ့သည်။ ထို့အ တွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီနှင့် ပြည်ထောင်စုတိုင်းရင်း သားများဖက်ဒရယ်ဒီမိုကရေစီ ပါတီစသည့် ပါတီလေးခုတိုးလာ ပြီး စုစုပေါင်းနိုင်ငံရေးပါတီ ၉၅ ခု ဖြစ်လာသည်။

သို့ရာတွင် မဘသအဖွဲ့ဝင်အ ချို့ဦးဆောင်ပြီး အမျိုးသားရေး လှုပ်ရှားသူများပါဝင်မည့် မျိုးချစ် ညီညွတ်ရေးပါတီတည်ထောင်ရန် လျှောက်ထားမှုကိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပယ် ချခဲ့သည်။

နိုင်ငံရေးမျိုးဆက်များပါဝင် မည့်ပါတီကို ရှစ်လေးလုံးပါတီဟု အမည်ပေးခဲ့ပြီး ယခုဒီဇင်ဘာအ တွင်း ပါတီမှတ်ပုံတင်တော့မည်ဟု ကြေညာခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ(ALD)တည်ထောင်ခွင့်ရသည့် ၂၀၁၇ အတွင်း ရခိုင်အမျိုးသား ပါတီ(ANP)၏ အကွဲအပြဲဇာတ် လမ်းများသည် ထင်ထင်ပေါ်ပေါ် ဖြစ်ခဲ့သည်။ ရခိုင်အမျိုးသားပါတီ ၀င်လွှတ်တော်ကိုယ်စားလှယ်များ နုတ်ထွက်ခြင်းသာမက ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်ကိုယ် တိုင်နုတ်ထွက်စာတင်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(ဒီချုပ်)၏ ရွေးကောက်ပွဲကြေ ညာစာတမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးက အဓိ ကအရေးပါသည့် ကတိက၀တ် ဖြစ်သည်။ သို့ရာတွင် ပါတီအာ ဏာရလာပြီးနောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးကို ရှေ့တန်းတင်ဆောင် ရွက်ခဲ့ခြင်းက ဖွဲ့စည်းပုံပြင်ဆင် ရေးနှင့်အခန်းကဏ္ဍကို မှေးမှိန် စေကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက မှတ်ချက်ပြု သည်။ ၂၀၁၇ အတွင်း၌လည်း ဖွဲ့ စည်းပုံပြင်ဆင်ရေး ဒီချုပ်၏ ကြိုး ပမ်းမှုအပေါ် မေးခွန်းထုတ်သူများ ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကမူ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လက်မလွှတ်ကြောင်းနှင့် ဥပဒေ ဘောင်အတွင်းမှ ပြောင်းလဲလို ကြောင်း ဗြိတိန်ရောက် မြန်မာ မိသားစုဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ သို့သော် တစ် ကျော့ပြန်ရခိုင်ပြည်နယ်အကြမ်း ဖက်ခံရမှုဖြစ်စဉ်က ဒီချုပ်အစိုးရ၏ ၂၀၁၇ အချိန်အများစုကို တိုက် စားခဲ့သည်။

 

Top News