၂၀၁၇ ခုနှစ် ရက်စွဲမှတ်တမ်း

ဇန်နဝါရီ

၁ ရက်- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်း စတင်ကျင်းပသည်။
၁၀ ရက်- ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးသောင်းထွန်းကို ခန့်အပ်တာဝန်ပေးသည်။
၁၆ ရက်- YBS ဘတ်စ်ကားစနစ်သစ် စတင်ပြေးဆွဲသည်။
၂၂ ရက်- ဆက်သွယ်ရေးဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရေး လူထုလှုပ် ရှားမှုကို ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည်။
၂၇ ရက်- အစိုးရ၏ ငြိမ်းချမ်းမှု ခုနစ်ရပ် အကောင်အထည်ဖော်ရာတွင် အပြုသဘောပူးပေါင်းပါဝင်မည်ဟု UNFC က သဘောထားကြေညာချက် ထုတ်ပြန်သည်။
၂၉ ရက်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်လုပ်ကြံမှုကြောင့် နေရာ၌ပင် ကွယ်လွန်သည်။

ဖေဖော်ဝါရီ

၇ ရက်- မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (MICA) ဖျက်သိမ်းရေးအဆိုကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ သည်။
၈ ရက်- ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေ ခံကတ်ပြား စိစစ်ထုတ်ပေးရေးဦးဆောင်အဖွဲ့ ဖွဲ့စည်းသည်။
၂၃ ရက်- မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ရားထူမှနုတ်ထွက်ခွင့် ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။
၂၇ ရက်- ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားသမဂ္ဂအဆောက် အအုံဟောင်း မြေနေရာတွင် အဆောက်အအုံဆောက်လုပ်နေမှု ရပ်ဆိုင်း ခဲ့သည်။

မတ်လ

၁ ရက်- နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာ ကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု သည်။
၉ ရက်- နှစ်သစ်ကူးကာလတွင် ရုံးပိတ်ရက် ငါးရက်သတ်မှတ်ခဲ့ပြီး နိုင်ငံ ဝန်ထမ်းများ အနားယူကာလ ၁၀ ရက်ရရှိရန် ယခုနှစ်၌ အထူးအစီအစဉ် ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ် ပြန်သည်။
၁၄ ရက်- အငြင်းပွားနေသည့်တံတား ဗိုလ်ချုပ်အောင်ဆန်းအမည် သတ်မှတ်ရန် ပြည်သူ့လွှတ်တော်၌ မဲခွဲအတည်ပြုခဲ့သည်။
၂၈ ရက်- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ဧပြီ

၁ ရက်- ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းရှိ လစ်လပ်မဲ ဆန္ဒနယ် ၁၉ နေရာ၌ တစ်ပြိုင်နက်ကျင်းပသည်။

မေလ

၂၄ ရက်- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ (ဒုတိယ အစည်းအဝေး) ဖွင့်ပွဲ နေပြည်တော်တွင် ကျင်းပသည်။
၂၉ ရက်- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးက အတည်ပြုထားသော သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက် မှတ်ရေးထိုးခဲ့သည်။
၂၉ ရက်- မိုရာဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်၊ ချင်းနှင့် ဧရာဝတီ တိုင်းတို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဇွန်လ

၆ ရက်- နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့သည် ရန်ကုန်ဆေး ရုံကြီး နှလုံးကုသဆောင်၌ ဆေးကုသမှုခံယူနေသည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် နာယက ဦးတင်ဦးကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
၁၂ ရက်- လှည်းကူးမြို့နယ်အတွင်း အမြန်လမ်းမကြီးဘေး မိုင်တိုင် (၃) အနီးရှိ ကျူးကျော်တဲ ၄,၀၀၀ ကျော်ကို အင်အားသုံးဖယ်ရှားရာ ရဲတပ်ဖွဲ့နှင့် ကျူးကျော်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ကျူးကျော်သူငါးဦး အဖမ်းခံရ သည်။
၂၂ ရက်- UNFC က KIO၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)နှင့် ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO)တို့ကို နုတ်ထွက်ခွင့်ပြုခဲ့သည်။
၂၃ ရက်- တရုတ်နိုင်ငံ၌ အပိတ်ခံထားရသည့် ဘဏ်ငွေစာရင်းများ ပြန် လည်ဖွင့်လှစ်ပေးရန် မူဆယ်ဒေသခံ မြန်မာနိုင်ငံသား ကုန်သည်များက တရုတ်အစိုးရကို ဆန္ဒပြတောင်းဆိုခဲ့သည်။

ဇူလိုင်

၅ ရက်- ခေတ်ပေါ်ကဗျာ (မော်ဒန်ကဗျာ) စာတမ်းဖတ်ပွဲကို ရန်ကုန် တက္ကသိုလ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။
၇ ရက်- ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းဟောင်းအရှေ့တွင် YBS (၃၇) နှင့် YBS (၅၅) ယာဉ်နှစ် စီးတိုက်မှုဖြစ်ပွားရာ အနည်းဆုံးကိုးဦးသေ၊ ၃၀ ကျော် ဒဏ်ရာရခဲ့သည်။
၁၄ ရက်- ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စည်ပင်သန့်ရှင်းရေးဌာနမှ အကြီး တန်းစာရေး အမျိုးသမီးတစ်ဦးသည် တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ် ကွက်မှ အဘွားအိုတစ်ဦးတည်းရှိနေသည့် နေအိမ်အတွင်း ဝင်ရောက် ကာ နေ့ခင်းကြောင်တောင် လုယက်ခဲ့သည်။
၁၄ ရက်- ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ တပ် မတော်နှင့်ပတ်သက်၍ ပြောကြားချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက သတိပေးဆုံးမကြောင်း ထုတ်ပြန်ကြေညာသည်။
၂၃ ရက်- H1N1 ဗိုင်းရပ်စ်သံသယရှိ လူနာနှစ်ဦးသည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေကြောင်း အတည်ပြုပြောကြားသည်။

ဩဂုတ်

၁ ရက်- လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေ ဇင်ထွန်းကို ယင်း၏ သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်ခွင့်ပြုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ကိုပါ ပူးတွဲထမ်း ဆောင်စေသည်။
၂ ရက်- ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို မပယ်ဖျက်ဘဲ ဥပဒေ ကြမ်းကို အမျိုးသားလွှတ်တော်က မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့သည်။
၆ ရက်- အစိုးရဖြုတ်ချရေး သပိတ်စခန်းများကို မထောက်ခံသော ပြည် သူများကို ကျေးဇူးတင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန် သည်။
၆ ရက်- ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပညာရေးတက္ကသိုလ်နှင့် ပညာ ရေးကောလိပ် ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော် ဖဲကြိုးစိမ်းရင်ထိုး များ တပ်ဆင်ဆန္ဒထုတ်ဖော်ခဲ့သည်။
၇ ရက်- တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော ဂုဏ်ထူးရကျောင်းသား အကျဉ်းသားခုနစ်ဦးကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ သည်။
၁၆ ရက်- မူးယစ်ဆေးဝါးသုံးသူများကို လူမှုရေးပြစ်ဒဏ်သာချမှတ်ရန် ပြင်ဆင်ချက်ပါသော မူးယစ်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။
၂၂ ရက်- အိန္ဒိယအစိုးရက မြန်မာအပါအဝင် ပြည်ပမှ မတ်ပဲနှင့် ပဲစင်း ငုံတင်သွင်းမှု ကန့်သတ်သဖြင့် ဘုရင့်နောင်ပဲဈေးကွက် ယာယီပိတ်သိမ်း ခဲ့သည်။
၂၃ ရက်- ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ကိုဖီအာနန်သည် နေပြည်တော်၌ သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံပြီး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ပေးအပ်ခဲ့သည်။
၂၅ ရက်- မောင်တောဒေသရှိ လုံခြုံရေးရဲကင်းနှင့် ရဲစခန်းစုစုပေါင်း ၃၀ ကို အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက တစ်ပြိုင်တည်းတိုက် ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်းတစ်ဦးကျဆုံးပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သည်။
၂၉ ရက်- ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းထားသည်။

စက်တင်ဘာ

၃ ရက်- အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာရှိ မြန်မာသံရုံးကို မီးလောင် ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ပြီး မီးအနည်းငယ်လောင်ကျွမ်းခဲ့သည်။
၅ ရက်- မြို့မငြိမ်း ရေးသားခဲ့သည့် တေးသီချင်း၊ စာသား၊ သံစဉ်များကို မြို့မအသင်း၏ သီဆိုဖျော်ဖြေတီးခတ်မှုများတွင် လုံးဝအသုံးမပြုရန် မြို့မ ငြိမ်းမိသားစုက မန္တလေး နေ့စဉ်သတင်းစာ၌ ကြေညာချက်ထည့်သွင်း တားမြစ်ခဲ့သည်။
၇ ရက်- အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။
၁၁ ရက်- နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံ ဘန်ကောက် မြို့၌ အူလမ်းကြောင်း ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း သမ္မတရုံးကသတင်းထုတ်ပြန်သည်။
၁၃ ရက်- မြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦးကို သူလျှိုဟု စွပ်စွဲကာဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန် သည်။
၂၉ ရက်- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမာရွတ်မြို့နယ်ရှိ ဂရင်းဟံသာ နိုင်ငံတကာဆေးရုံ၌ ကျန်းမာရေးစစ် ဆေးမှုခံယူခဲ့သည်။

အောက်တိုဘာ

၅ ရက်- ကားတိုက်ခံရမည့် ကျောင်းသားကို ကာကွယ်ရင်း အသက်ပေး သည့် ဆရာမ ဒေါ်သန်းသန်းဝေအား ၂၀၁၇ အောက်တိုဘာ ၅ ရက်တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) က အာဇာနည်အာစရိယဆုပေးအပ်ချီးမြှင့်ခဲ့သည်။
၇ ရက်- Yangon Water Bus ခရီးစဉ်ကို ရေယာဉ်သစ်လေးစီးဖြင့် စတင်ပြေးဆွဲသည်။
၁၀ ရက်- ရန်ကုန်မြို့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကကြီးမှူး ကျင်းပသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပခဲ့သည်။
၁၂ ရက်- မန္တလေးမြို့တွင် ၇၁ နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းပြီး ရေ  နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
၁၂ ရက်- ၁၅ နှစ်ခန့်ကြာ ပိတ်ပင်ထားသည့် ပြည်ပသို့ ကျွဲ၊ နွားအရှင် များ တင်ပို့မှုကို တရားဝင်ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
၁၅ ရက်- နေပြည်တော်လေဆိပ်တွင် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ခရီးသွားဖော် အမျိုးသားနှစ်ဦးထံမှ သေနတ်နှစ်လက် ဖမ်းဆီးမိခဲ့သည်။
၁၉ ရက်- နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
၃၁ ရက်- မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြင်ဆင်သတ်မှတ်ရန်နှင့် ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်တွင် စတင်အသုံးပြုရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်။

နိုဝင်ဘာ

၂ ရက်- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် ပထမဆုံးအကြိမ် အဖြစ် သွားရောက်ခဲ့သည်။
၇ ရက်- ရန်ကုန်မြို့ ၁၁ မြို့နယ်တွင် ဆန္ဒပြခွင့်မပြုရန် တိုင်းနယ်လုံဝန် ကြီးက သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့များထံ အကြောင်းကြားစာ ပေးပို့ ညွှန်ကြားသည်။
၁၀ ရက်- လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းမှုဖြင့် ပြည်ပ သတင်းထောက်နှစ်ဦးအပါအဝင် လေးဦးကို အလုပ်နှင့် ထောင်ဒဏ်နှစ်လချမှတ်ခဲ့သည်။
၁၇ ရက်- မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် တောင်ငူထောင်တွင် အကျဉ်းကျခံနေရသည့် သရုပ်ဆောင်ရဲတိုက် ပြစ်ဒဏ်မှလွတ်မြောက်ခဲ့သည်။
၁၇ ရက်- အနာဂတ်ကာလ၌ ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေ စက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က အတည် ပြုခဲ့သည်။
၂၃ ရက်- ဦးသောင်းထွန်း (ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန) နှင့်ဦးကျော်တင် (အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန) တို့ကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသည်။
၂၈ ရက်- ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နေပြည်တော်ရှိ MICC-II ခန်းမ၌ အစိုးရအဖွဲ့ဝင်များ၊ သံတမန်များနှင့် လူမှုရေးအဖွဲ့အစည်းခေါင်း ဆောင်များအား မိန့်ခွန်းပြောကြားသည်။

ဒီဇင်ဘာ

၎ ရက်- နှစ် ၂၀ ကျော်ကြာ ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်မှုရပ်ဆိုင်း ထားသည့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
၈ ရက်- ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ ဖွဲ့စည်းသည်။
၁၂ ရက်- ရိုက်တာသတင်းထောက်နှစ်ဦးကို အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်သည်။
၂၀ ရက်- ကုလကိုယ်စားလှယ် မစ္စစ်ရန်ဟီးလီကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်ခဲ့သည်။
၂၁ ရက်- ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းမှုများအတွက် တာဝန်ရှိ သည်ဟုဆိုကာ ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်က ပိတ်ဆို့မှု စာရင်း၌ ထည့်သွင်းခဲ့သည်။

Top News