ကမောက်ကမ ဖြစ်ရပ်များ

ဓာတ်ပုံ−စိုင်းဇော်

(၁) ဗိုလ်ချုပ်ချင်း ပြိုင်ခဲ့ရသည့် တောင်ဥက္ကလာပက ပန်းခြံ

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု များ တစ်နိုင်ငံလုံးရှိ မြို့နယ်အသီး သီးတွင် စိုက်ထူဖွင့်လှစ်နေသည့် အချိန်တွင် ရန်ကုန် တောင်ဥက္ကလာပ သုမင်္ဂလာပန်းခြံက တော့ အများထက်ပိုကာ ဗိုလ်ချုပ်ကို ချစ်ပြခဲ့သည်။ ပန်းခြံထဲတွင် ဗိုလ်ချုပ်ရုပ်တုနှစ်ခု အပြိုင်ထား ခဲ့ခြင်းကြောင့်ပင်။ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင် ဦးဆောင်တည်ဆောက်သော ဗိုလ် ချုပ်ကြေးရုပ်နှင့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦး ဆောင်တည်ဆောက်သော ဗိုလ် ချုပ်ကြေးရုပ် စုစုပေါင်း ဗိုလ်ချုပ် ကြေးရုပ်နှစ်ရုပ်ဖြင့် ထိုပန်းခြံက အခြားပန်းခြံများထက် တစ်မူ ထူးခြားခဲ့သည်။ စင်ပြိုင်ကြေးရုပ် နှစ်ခုတည်ဆောက်မှုသည် ပြီးခဲ့ သည့် ၂၀၁၆ အတွင်းကတည်းက စတင်ခဲ့ပြီး အဖွဲ့နှစ်ဖွဲ့သည် ယှဉ် ပြိုင်မှုများနှင့် ပဋိပက္ခများရှိခဲ့သည် ဟုဆိုသည်။ ထိုစဉ်က မြို့တော် ဝန် ဦးမောင်မောင်စိုးက နှစ်ဖွဲ့စလုံး နှင့် စုံညီအစည်းအဝေးပြုလုပ်ပြီး မျှတအောင် ကြေးရုပ်နှစ်ခုစလုံး ပြုလုပ်ရန် ခွင့်ပြုပေးခဲ့ကာ သုမင်္ဂလာပန်းခြံအတွင်း အတူတူစိုက် ထူရန် ၂၀၁၇ မေလကုန်က ဆုံးဖြတ်ပေးခဲ့သည်။ ထို့အတွက် ဗိုလ်ချုပ်ရုပ်တုနှစ်ခုသည် သုမင်္ဂလာပန်းခြံအတွင်း ခြေလှမ်းငါးဆယ်ခန့်အကွာတွင် တည်ရှိနေ သည်။ သို့သော် ဗိုလ်ချုပ်ချင်းတူ ပေသိ ပုံသဏ္ဌာန်ချင်းတော့မတူ။ တစ်ဖွဲ့၏ဗိုလ်ချုပ်ကြေးရုပ်က ဗိုလ် ချုပ်ပန်းခြံထဲက ကြေးရုပ်တုအ တိုင်းဖြစ်ပြီး ကျန်တစ်ဖွဲ့၏ ဗိုလ်ချုပ်ကြေးရုပ်ကတော့ အောင် ဆန်း- အက်တလီ စာချုပ်ချုပ်စဉ် က ဝတ်ဆင်ခဲ့သည့် ကုတ်အင်္ကျီ ထဲ လက်နှိုက်ပြီး မတ်မတ်ရပ်နေ သည့်ပုံ ထုလုပ်ထားခြင်းဖြစ်သည်။

(၂) မြန်မာပေါကားများရပ်

မြန်မာ့ရုပ်ရှင်လောကအ တွက် ၂၀၁၇ တွင် အပြင်းထန်ဆုံး အထိုးနှက်ခံရသည့် ကိစ္စသည် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်သုံးစွဲသူ များက  မြန်မာပေါကားများရပ်ဆို သည့် လှုပ်ရှားမှုဖြစ်သည်။ မြန်မာ ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားများတွင် ဖန်တစ်ရာတေနေသော ပုံစံခွက် ထဲမှ မထွက်နိုင်ဖြစ်နေသော ဇာတ် လမ်းဇာတ်ကွက်များ၊ မင်းသား၊ မင်းသမီးများ၏ သရုပ်ဆောင်မှု များ၊ ဇာတ်ပို့သရုပ်ဆောင်များ၊ ခေါက်ရိုးကျိုးဇာတ်ကောင်များ အစရှိသည့် မြန်မာရုပ်ရှင်ဇာတ် ကားများ၏အားနည်းချက်များကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက ရေး သားခဲ့ရာ ကမ်ပိန်းအသွင်ဖြစ်လာ ပြီး  အနုပညာသမားအချို့က တရားစွဲရန်အထိပင် ပြင်ဆင်လာ ခဲ့သည်။

(၃) ရန်ကုန် ၁၁ မြို့နယ် ဆန္ဒပြခွင့် ပိတ်ခံရ

ဒီမိုကရေစီအစိုးရလက် ထက် ထုတ်ပြန်သည့် အမိန့်တစ်ခု ကြောင့် အားလုံးပါးစပ်အဟောင်း သားဖြစ်ခဲ့ရသည်။ ရန်ကုန်တိုင်း အတွင်းရှိ ၁၁ မြို့နယ်အတွင်း ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်(ဆန္ဒပြ) ရန် အသိပေးတင်ပြလာပါက ခွင့်မပြုရန် ရန်ကုန်တိုင်း လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက သက် ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့များထံသို့ နိုဝင်ဘာ ၇ ရက်စွဲဖြင့် အကြောင်း ကြားစာပေးပို့ခဲ့ခြင်းကြောင့် ဖြစ် သည်။ အဆိုပါ ၁၁ မြို့နယ်သည် ရန်ကုန်မြို့၏ အဓိကအရေးပါ သောနေရာများနှင့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းမကြီး များရှိသည့်အပြင် အရေးကြီး ပုဂ္ဂိုလ်ခရီးစဉ်လမ်းကြောင်းများ လည်း ပါဝင်နေသောကြောင့် တား မြစ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ကိုယ်စား နယ်လုံဝန်ကြီးလက်မှတ် ရေးထိုး၍ ပေးပို့သည့်စာတွင် ဖော်ပြထားသည်ဟု ဆိုသည်။

(၄) ပန်းဦးပန်သူ ခွန်တန်

ပုဂံခေတ်က အရည်းကြီးများ ကို စာဖတ်သူများ ကြားဖူးလိမ့် မည်။ ယခု ၂၁ ရာစုတွင်လည်း အဆိုပါ အရည်းကြီးများကဲ့သို့ ပန်းဦးပန်နေသူ အမျိုးသားတစ် ဦး ပေါ်ပေါက်လာခဲ့သည်။ သို့ သော် ပုဂံခေတ်က အရည်းကြီးတွေလို ဆံပင်စုတ်ဖွား၊ နီညိုရောင် အဝတ်အထည်နှင့်မဟုတ်တော့။ ခန္ဓာကိုယ်ပေါ်တွင် ဆေးမင် ကြောင်များထိုးထားပြီး ဂျစ်ကန် ကန်မျက်နှာပေးနှင့် အသက်(၂၀) ကျော်အရွယ် ထိုလူငယ်သည် ခွန် တန်(ခေါ်)ဇာတ်လိုက်ဖြစ်ပြီး ၂၁ ရာစုအရည်းကြီးပင်ဖြစ်သည်။ ခွန်တန်သည် မွန်ပြည်နယ် သထုံမြို့ နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတစ်ရာနယ်မြေတွင် နေထိုင်ပြီး ပျံလွန်တော်မူပြီးဖြစ်သည့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့ ရ  အလံတစ်ရာဆရာတော်ကြီး ဝင်စားသည်ဟု ဒေသခံအများစုက ယုံကြည်နေကာ အလံတစ်ရာ ဆရာတော်ကြီးအဖြစ် မှတ်ယူကိုး ကွယ်ခြင်းခံနေရသည်။ အလံ တစ်ရာဆရာတော်သည် နောင်ပွင့် မည့် အရိမေတ္တေယျဘုရားလောင်း ဟု ကိုးကွယ်သူများကြားတွင် နာမည်ကြီးခဲ့ပြီး ဆေးမင်ကြောင်များ နှင့် ခွန်တန်ကိုလည်း ဘုရား လောင်းအဖြစ် ယုံကြည်နေသည်။

အလံတစ်ရာသာသနာ့နယ် မြေမှ ဘုရားတန်ဆောင်းအချို့နှင့် နေအိမ်အချို့တွင် ခွန်တန်၏ဓာတ် ပုံများ ချိတ်ဆွဲကိုးကွယ်ထားသည် အထိ ခွန်တန်သည် စိုးမိုးနိုင်ခဲ့ သည်။ မိန်းကလေးများကို ပန်းဦး လွှတ်နေသည့် ခွန်တန်ကို အမြန် ဆုံးစစ်ဆေးအရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို က အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ခွန်တန်(ခ) ဇာတ်လိုက်အပါအဝင် အမျိုးသား ခုနစ်ဦးကို အတင်းအဓမ္မပေါင်း သင်းရန် ခိုးယူမှုရာဇသတ်ကြီးပုဒ် မ ၃၆၆၊ လူခိုးယူမှုပုဒ်မ ၃၆၃၊ ပူး ပေါင်းပါဝင်သူများကို အားပေးကူ ညီမှုပုဒ်မ ၁၁၄ တို့ဖြင့် သထုံမြို့မ ရဲစခန်းတွင် အောက်တိုဘာ ၂၄ ရက်က အမှုဖွင့်ထားပြီး ယနေ့အ ချိန်ထိ ဖမ်းမမိသေးပေ။

(၅) တရားသူကြီးကို ဖိနပ်ဖြင့် ပစ်ပေါက်သည့်ရှေ့နေ

မြန်မာပြည်တွင် အိန္ဒိယဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားများ ခေတ် စားလာခဲ့ခြင်းကြောင့် ပေလား မသိ။ ဘောလိဝုဒ်ကားတစ်ကား တွင် ဖြစ်ပွားခဲ့ဖူးသည့် ဇာတ်ဝင် ခန်းတစ်ခုအတိုင်း မန္တလေးမြို့၌ ဖြစ်ရပ်လေးတစ်ခုဖြစ်ပွားခဲ့သည်။  တရားခွင်တွင် တရားသူကြီးကို ရှေ့နေက ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ ခြင်းပင်။ မေလ ၃၀ ရက်က မန္တလေး တိုင်းဒေသကြီး မတ္တရာမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးနေစဉ် စွပ်စွဲအမှုဖွင့်ခံထားရသည့် တရား လွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ၎င်းကို အာမခံရုပ်သိမ်းသည့်အ ပေါ် မကျေမနပ်ဖြစ်ကာ မြို့နယ် တရားသူကြီးကို ဖိနပ်ဖြင့် ပစ် ပေါက်ပြီး အော်ဟစ်ဆဲဆိုခဲ့သည်။ ထိုသို့ ဖိနပ်ဖြင့်ပေါက်ခဲ့ပြီး ဆဲဆိုခဲ့ သည့် ဦးဇော်ဝင်းကို အရေးယူပေး ရန် ဖိနပ်ဖြင့် ပစ်ပေါက်ခံရသည့် ကာယကံရှင် မတ္တရာမြို့နယ် တရားသူကြီးက မြို့နယ်ရဲစခန်းသို့ တိုင်ကြားပြီး မတ္တရာမြို့နယ်ရဲစ ခန်းတွင် ပုဒ်မ ၃၅၃၊ ၂၉၄၊ ၂၂၈ တို့ဖြင့် အမှုပြန်ဖွင့်ခဲ့သည်။

(၆) လမ်းမထက်ကဝတ်လစ်စားလစ်များ

နွေအကူး လေအရူးတွေ တိုက်သည့် မတ်လနှင့် ဧပြီလဆန်း တွင် ရန်ကုန်တိုင်းဒေသကြီးရှိ လူအများသွားလာနေသည့် ကားလမ်းမပေါ်၌ အမျိုးသမီးများ ဝတ်လစ်စားလစ်ဖြင့် လမ်းလျှောက်ခဲ့မှု တစ်ပတ်အတွင်း သုံးကြိမ်ခန့် ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်သည်။ ပထမအကြိမ်ဖြစ်ပွားမှုသည် မတ် လ ၂၈ ရက်က ရန်ကုန်မြို့လယ် ကောင် အနော်ရထာလမ်းမပေါ် တွင် လင်မယားနှစ်ဦး စကားများ ရန်ဖြစ်နေသည်ကို ရဲတပ်ဖွဲ့က သွားရောက်တားဆီးစဉ် အမျိုးသ မီးက အဝတ်အစားများချွတ်ချကာ လမ်းမပေါ် ပြေးလွှားခဲ့ခြင်း ဖြစ် သည်။ နောက်ထပ် အမျိုးသမီး နှစ်ဦးသည် တစ်ဦးက မည်သည့်အ တွက်ကြောင့်ရယ်မသိ၊ ကလေး နှစ်ဦးကို ထားခဲ့ကာ အဝတ်အစား များချွတ်ပြီး လမ်းပေါ် လျှောက် သွားခဲ့ခြင်းဖြစ်ပြီး  နောက်တစ်ဦး ကတော့ စိတ်ကျန်းမာရေးဆေးရုံမှ ဆင်းလာတာ မကြာသေးသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် လမ်းမပေါ်ဝတ်လစ်စားလစ်ဖြင့် သွားလာနေခြင်းသည် ပတ်ဝန်းကျင်အတွက်  အမြင် မသင့်တော်သဖြင့် ရဲတပ်ဖွဲ့က ရှေ့မျက်နှာနောက်ထားကာ သွားရောက်ဖမ်းဆီးခဲ့ရပြီး   စိတ် ကျန်းမာရေးမကောင်းသူကို ဆေးရုံသို့လည်းကောင်း၊ အခြားအမျိုးသမီးနှစ်ဦးကို အများပြည်သူ အနှောင့်အယှက်ဖြစ်စေရန် သွားလာမှုပုဒ်မ ၄၁(၁၅) ဖြင့် အရေးယူ ခြင်း၊ ခံဝန်ကတိလက်မှတ်ထိုးခိုင်း ခြင်းများဖြင့် အရေးယူခဲ့ရသည်။

(၇) ရှေးအယူအဆတွေကြောင့်ရဲအစောင့်အရှောက်ဖြင့်ချခဲ့ရသော နာရေး

ပြည်သူ့ရဲများအဖို့တော့ ၂၀၁၇ အတွင်း ကမောက်ကမဖြစ် စဉ်တွေထဲမှာ အမြဲလိုလိုပင် ပါဝင်ခဲ့ရသည်။ သာမန်ပြည်သူတစ် ယောက်၏နာရေးကို ရဲတပ်ဖွဲ့ဝင် တွေ အစောင့်အရှောက်တာဝန်ယူ ပေးပြီး အသုဘချခဲ့ရသည့် နာရေးတစ်ခု ငွေဆောင်မြို့တွင် ဖြစ်ပွားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ အမှတ်(၂)ရပ်ကွက် တွင် အသက်(၆၇)နှစ်အရွယ် အမျိုးသားတစ်ဦး မေလ ၂၀ ရက်  က သေဆုံးခဲ့သည်။

ယင်းနာရေးအိမ်မှ သုသာန် သို့ အသွားလမ်းတွင် မြေယာပိုင် ဆိုင်မှုအငြင်းပွားမှုကြောင့် ခြံခတ် ထားသဖြင့် အခြားလမ်းမှ သွားရန် ရွာလမ်း (ဒေသအခေါ် အဆန် လမ်း)မှ ရုပ်အလောင်းသယ် ဆောင်ခွင့်မပြု၍ ခုနစ်ရက်ကြာ သည်အထိ အိမ်တွင် ထားရှိခဲ့ရ သည်။

ခုနစ်ရက်မြောက်တွင်မှ ရဲတပ်ဖွဲ့က လုံခြုံရေးယူကာ ပိတ်ဆို့ထားသော လမ်းကိုဖြတ်၍ သုသာန်သို့ ပို့ဆောင်ပေးခဲ့ရသည်။ ရဲတပ်ဖွဲ့တင်မကဘဲ ဒေသတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်ဌာနအပါအဝင် အုပ်ချုပ် ရေးတာဝန်ရှိသူများ ကြီးကြပ်ကာ ရဲတပ်ဖွဲ့က လုံခြုံရေးစောင့်ပေးပြီး ရုပ်အလောင်းကို သုသာန်သို့ ပို့ ဆောင်ခဲ့ရသည်။

(၈)မန္တလေးတွင် ဆိုင်ကယ်စီးသူတစ်ဦး ဘယ်ကလာမှန်း မသိသည့် သေနတ်ကျည်ဆန်ထိမှန်သေဆုံး

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်မှာ တစ်ကိုယ်တည်း အေးအေးလူလူ ဆိုင်ကယ်စီးလာ တဲ့ အမျိုးသားတစ်ဦး ဘယ်က လာမှန်းမသိသည့် သေနတ်ကျည် ဆန်ထိမှန် သေဆုံးမှု မတ်လ အတွင်းက ဖြစ်ပွားခဲ့ပါတယ်။ ကျည်ဆန်က ဆိုင်ကယ်စီးသူ အမျိုးသားရဲ့ နဖူးတည့်တည့်ကို ထိမှန်ခဲ့ပေမယ့် ဘယ်သူပစ်လိုက် တဲ့ ကျည်ဆန်မှန်း ကျည်ဆန် ဘယ်ကလာမှန်း ယနေ့အထိ မသိ ရသေးပါ။ ဆိုင်ကယ်စီးအမျိုးသား ဟာ ပစ်ခတ်လုပ်ကြံခံရခြင်း မဟုတ်ဘဲ ကျည်ဆန်ကတစ်နေရာ ရာကနေ Twist ဖြစ်ပြီး မတော် တဆလာမှန်တာသာ ဖြစ်တယ်လို့ ရဲချုပ်ဇော်ဝင်းက ပြောခဲ့ပါတယ်။ အခင်းဖြစ်တဲ့ အနီးအနားမှာ သေနတ်ပစ်သံ မကြားရသလို ကျည်ဆန်က ဘယ်ကလာမှန်း မသိရဘူးလို့ ရဲချုပ်ဇော်ဝင်းက ဆိုပါတယ်။ ဆိုင်ကယ်စီး အမျိုးသားရဲ့ နဖူးတည့်တည့်ကို ထိမှန်ခဲ့တဲ့ အဲဒီကျည်ဆန်ဘယ်က လာတယ်ဆိုတာ မြို့ခံတွေက တော့ အခုချိန်ထိ စိတ်ဝင်တစား မေးမြန်းပြောဆိုနေကြဆဲဖြစ်ပါ တယ်။

(၉) တွစ်တာတွင် သတင်းမှားဖြန့် ချိသော တူရကီဒုဝန်ကြီးချုပ်

သာမန်လူတွေတင်မကဘဲ တကယ့်နိုင်ငံကြီးမှ အကြီးအကဲ များသည်လည်း ပုံမှားရိုက်ကာ သတင်းအတုအယောင်တင်တတ် ကြောင်း ဖြစ်စဉ်တစ်ခု ၂၀၁၇ တွင်ပေါ်ထွက်ခဲ့သည်။ သူကတော့ တူရကီသမ္မတနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် Mehmet Simsek ဖြစ်သည်။ သူသည် သြဂုတ် ၂၉ ရက်တွင် တွစ်တာ၌ မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်အတွင်း လူမျိုးတုံး သတ်ဖြတ်မှုများဟု ရေးသား၍ ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်မသက် ဆိုင်သော အခြားဓာတ်ပုံများကို မဟုတ်မမှန်လွဲမှားစွာ ဖော်ပြခြင်း ဖြစ်သည်။ ပထမတစ်ပုံသည် မြန် မာနိုင်ငံတွင် နာဂစ်ဖြစ်စဉ်က လူ သေအလောင်းပုံများနှင့် ဒုတိယ ပုံသည် အင်ဒိုနီးရှားမှ အမျိုးသား တစ်ဦး၏အလောင်းကို ဖက်ငို နေသော အမျိုးသမီးတစ်ဦးပုံဖြစ် သည်။ တတိယပုံကမူ အတော် လေး ဆိုးသည်။ ကလေးငယ် နှစ်ဦးက မိခင်၏အလောင်းကို ဖက်ငိုနေသော ပုံသည် ရဝမ်ဒါနိုင်ငံတွင် ၁၉၉၄ ဇူလိုင်အတွင်းက ရိုက် ကူးခဲ့ခြင်းဖြစ်ပြီး World Press Award ဆုချီးမြှင့်ခံခဲ့ရသည့် ဓာတ် ပုံဖြစ်နေသည်။ ထိုကဲ့သို့ မသက် ဆိုင်သည့် ပုံများဖြင့် တွစ်တာတွင် တင်ခဲ့ခြင်းကို မြန်မာအစိုးရက သတိပေးခဲ့ပြီး တူရကီဒုဝန်ကြီးချုပ် တစ်ဦး အရှက်ကွဲကာ မှား ယွင်း တင်မိကြောင်း ရေးသားပြီး တင် ထားသမျှကို ပြန်ဖြုတ်ချခဲ့သည်။

(၁၀) ကျုံးဘေးအရက်သောက် လျှင် ဒဏ်ငွေ ကျပ်ငါးဆယ်

အောက်တိုဘာအတွင်းက မန္တလေးတွင် ညပိုင်းအချိန်များ၌  လူအများ သွားလာအပန်းဖြေရာ နန်းမြို့ကျုံးနံဘေးနှင့် မန္တလေးမြို့ အဝင် တံခွန်တိုင်အဝိုင်းပတ်တို့ တွင် ဝိုင်းဖွဲ့အရက်သောက်နေ သူများကို ဖမ်းဆီးခဲ့ရာ လူရာချီ အချုပ်ခန်းစံခဲ့ရသည်။ ထိုသူ တို့ကို ရဲအက်ဥပဒေပုဒ်မ ၄၇ အရ တရားစွဲဆိုခဲ့ပြီး သက်ဆိုင်ရာမြို့ နယ်တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေကျပ်ငါးဆယ်စီ ပေးဆောင် ရန် ချမှတ်ခဲ့ရာ အများရယ်စရာ ဖြစ်ခဲ့ရသည်။


ကျုံးဘေးတွင် ၀ိုင်းဖွဲ့၍ အရက်သောက်စားနေသူများကို လိုက်လံစစ်ဆေးစဉ်