၂၀၁၇ နိုင်ငံတကာ ထူးခြားရက်စွဲများ

Dan Kitwood/Getty Images

ဇန်နဝါရီ-၁ ပေါ်တူဂီနိုင်ငံသား နိုင်ငံရေးသမား၊ သံတမန်အန်တို နီယိုဂူ တာရက်စ်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်လာသည်။

ဇန်နဝါရီ-၁၂ အမေရိကန်သမ္မတဘားရက်အိုဘားမားက ဒုတိယသမ္မတ ဂျိုးဘစ်ဒန်ကို သမ္မတဆိုင်ရာ လွတ်လပ်မှုဆု အမှတ်မထင်ပေးအပ်သည်။

ဖေဖော်ဝါရီ-၁ ရက်စ်တီလာဆန်သည် ၆၉ ဦးမြောက် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးအဖြစ် အတည်ပြုခံရသည်။

ဖေဖော်ဝါရီ-၁၂ (၅၉) ကြိမ်မြောက်ဂရမ်မီဆုပေးပွဲတွင် အဆိုတော်အဒဲလ် သည် Hello သီချင်းဖြင့် အကောင်းဆုံးသီချင်းဆုရပြီး 25 တေးအယ်လ် ဘမ်ဖြင့် အကောင်းဆုံးတေးအယ်လ်ဘမ်ဆု ရရှိသည်။

ဖေဖော်ဝါရီ-၁၃ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမျိုးသားလုံခြုံ ရေး အကြံပေးပုဂ္ဂိုလ်သည် ရုရှားနှင့် ၎င်းကြားညှိနှိုင်းမှုများနှင့် ပတ်သက် ၍ ရာထူးမှနုတ်ထွက်မှုကို လက်ခံသည်။

မတ်-၂၂ လန်ဒန်မြို့ဝက်စ်မင်စတာတံတားနှင့် လွှတ်တော်တွင် အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် လေးဦးသေဆုံး ကာ အခြား ၄၀ ကျော် ဒဏ်ရာရရှိသည်။

မတ်-၂၉ အီဗန်ကာထရန့်သည် သမ္မတထရန့်၏ အကြံပေးအဖြစ်လစာမရ သော ရာထူးနေရာ ရယူသည်။

ဧပြီ-၄ အလီဘာဘာကုမ္ပဏီသည် အမေရိကန်လုံခြုံရေးနှင့် လဲလှယ်ရေး ကော်မရှင်၏ သတ်မှတ်စာရင်းတွင် ကမ္ဘာ့အကြီးမားဆုံး လက်လီအရောင်း ဆိုင်လုပ်ငန်းကြီးဖြစ်လာသည်။

ဧပြီ-၁၄ ဗန်ဒီဇယ်နှင့် ဒဝိန်းဂျွန်ဆင် (The Rock) တို့ ပါဝင်သရုပ်ဆောင် ထားသည့် The Fast and the Furious ဇာတ်ကား ကမ္ဘာတစ်ဝန်းမိတ် ဆက်ပြသခဲ့ပြီး ဝင်ငွေကန်ဒေါ်လာ ၅၃၂ သန်းဖြင့် အမြင့်မားဆုံး ဝင်ငွေရ ရှိသည်။

မေ-၇ အီမန်နျူရယ် မက်ကရွန်သည် ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် မာရိန်းလီပင်းကို အနိုင်ရသည်။

မေ-၉ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အက်ဖ်ဘီအိုင်ညွှန်ကြားရေး မှူးဂျိမ်းစ်ကိုမေကို ထုတ်ပယ်သည်။

ဇွန်-၂ ဒါရိုက်တာပတ်တီဂျန်ကင်၏ Wonder Women ဇာတ်ကားကို စတင်ပြသပြီး မြောက်အမေရိကတွင် ကန်ဒေါ်လာသန်း ၁၀၀ ဝင်ငွေ ရရှိကာ အမျိုးသမီး ဒါရိုက်တာတစ်ဦးအတွက် ပြည်တွင်းစံချိန်တင်ခဲ့သည်။

ဇွန်-၂ ပါရီရာသီဥတု သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ကြေညာသည်။

ဇူလိုင်-၂ ဂျက်ဖ်ဟွန်းက ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုကို သြစတြေး လျနိုင်ငံ ဘရစ်ကိန်းမြို့တွင် ကျင်းပသော WBO ဝယ်သာဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲ၌ အနိုင်ယူခဲ့သည်။

ဇူလိုင်-၆ ၂၀၄၀ တွင် ဓာတ်ဆီနှင့် ဒီဇယ်သုံးကားများကို တားမြစ်မည်ဟု ပြင်သစ်အစိုးရက ကြေညာသည်။

ဇူလိုင်-၂၉ အင်္ဂလန်ဘောလုံးသမား ဝိန်းရွန်းနေသည် မန်ယူမှထွက်ခွာ မည်ဟု ကြေညာပြီး ၁၃ နှစ်အကြာ လမ်းခွဲခဲ့သည့် အဲဗာတန်သို့ ပြန်ပြောင်းရွှေ့သည်။

ဇူလိုင်-၉ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘာ ဒီကမိုဆူးလ်မြို့တွင် အိုင်အက်စ်တပ်ဖွဲ့များကို အနိုင်ရပြီဟု ကြေညာသည်။

သြဂုတ်-၃ အီရန်သမ္မတ ဟာဆန်ရိုဟာနီသည် သမ္မတအဖြစ် ဒုတိယ သက်တမ်းရွေးကောက်တင်မြှောက်ခံရသည်။

သြဂုတ်-၃ ဘရာဇီးလက်ရွေးစင် နေမာသည် ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင်ကြေး ကန်ဒေါ်လာ ၂၆၃ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆို သည်။

သြဂုတ်-၅ အူစိန်ဘော့သည် လန်ဒန်မြို့အိုင်အေအေအက်ဖ် ကမ္ဘာ့အ ပြေးချန်ပီယံပြိုင်ပွဲတွင် နောက်ဆုံးယှဉ်ပြိုင်ခဲ့ပြီး တတိယရသည်။

သြဂုတ်-၂၇ ဝိတ်တန်းငါးခု ကမ္ဘာ့လက်ဝှေ့ချန်ပီယံသမေဝယ်သာဂျူနီ ယာက ဘက်စုံသုံးကိုယ်ခံပညာ ချန်ပီယံ မက်ဂရီဂေါ်ကို လာ့စ်ဗီးဂတ်စ်မြို့ ၌ ၁၀ ချီအတွင်း အနိုင်ယူသည်။

စက်တင်ဘာ-၇ ရစ်ခ်ျတာစကေး ၈ ဒသမ ၂ အဆင့်ရှိ မြေငလျင်တစ်ခု မက္ကဆီကိုနိုင်ငံ ပီဂျီဂျီယာပန်ဒေသ အနောက်တောင်ဘက်တွင် လှုပ်ခတ် ခဲ့ပြီး လူ ၉၀ ထက်မနည်း သေဆုံးကာ ရာစုနှစ်တစ်ခုအတွင်း မက္ကဆီကို တွင် လှုပ်ခတ်သော အင်အားအကောင်းဆုံးငလျင်ဖြစ်သည်။

စက်တင်ဘာ -၂၇ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာသည် ဆန်စပါးအမတော်ကြေး စီမံကိန်းတွင် လျစ်လျူရှုမှုအတွက် အပြစ်ရှိ ကြောင်း တွေ့ရှိသဖြင့် ၎င်း၏မျက်ကွယ်တွင် ထောင်ငါးနှစ်ချမှတ်ခံရသည်။

အောက်တိုဘာ-၅ စပိန်ဖွဲ့စည်းပုံအခြေခံ တရားရုံးက ကတ်တာလိုနီး ယားဒေသ လွှတ်တော်ကို ရပ်ဆိုင်းပြီး လွတ်လပ်ရေးကြေညာမည့်အစီ အစဉ်ကို တားဆီးသည်။

အောက်တိုဘာ-၅ အီရတ်တပ်ဖွဲ့များသည် အီရတ်နိုင်ငံမြောက်ပိုင်းရှိ အိုက်အက်စ်အဖွဲ့၏ နောက်ဆုံးအမာခံဒေသဖြစ်သော ဟာဝီဂျာကို ထိန်းချုပ်နိုင်ပြီဟု ကြေညာသည်။

အောက်တိုဘာ-၁၈ ဘေဂျင်းတွင် (၁၉) ကြိမ်မြောက်တရုတ်ကွန်မြူနစ် ပါတီညီလာခံကို ဖွင့်လှစ်ပြီးသမ္မတစီကျင်းပင်က ၃ နာရီ ၂၃ မိနစ်ကြာ မိန့်ခွန်းပြောကြားသည်။

အောက်တိုဘာ-၁၉ နယူးဇီလန်လေဘာပါတီက နှစ်ပေါင်း ၁၆၁ နှစ် အတွင်း အသက်အငယ်ဆုံး နယူးဇီလန်ခေါင်းဆောင် ဂျာဆင်ဒါအာဒန် (၃၇) နှစ် ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရဖွဲ့သည်။

နိုဝင်ဘာ-၄ လက်ဘနွန်ဝန်ကြီးချုပ် ဟာရီရီသည် အတင်းအကျပ်ဖမ်းဆီး ခံရသည်ဟု သတင်းထွက်နေစဉ် ဆော်ဒီအာရေးဗီးယား ရုပ်သံလိုင်းမှ တစ်ဆင့် ရာထူးမှနုတ်ထွက်ကြောင်း ကြေညာသည်။

ဒီဇင်ဘာ-၇ သြစတြေးလျလွှတ်တော်က လိင်တူစုံမက် လက်ထပ်မှုတရား ဝင် ခွင့်ပြုရန် ဆုံးဖြတ်သည်။

ဒီဇင်ဘာ-၇ ရော်နယ်ဒိုသည် မက်ဆီစံချိန်နှင့်တူညီသော ၎င်း၏ခြောက် ကြိမ်မြောက်ဘလွန်းဒီအောဆု ရရှိသည်။

ဒီဇင်ဘာ-၉ အီရတ်ဝန်ကြီးချုပ် အယ်လ်အဘာဒီက အိုင်အက်စ်အဖွဲ့ကို အပြီးတိုင်ချေမှုန်းနိုင်ပြီဟု ကြေညာသဖြင့် သုံးနှစ်ကြာ ပဋိပက္ခအဆုံးသတ် သည်။

ဒီဇင်ဘာ-၁၁ ဆော်ဒီအာရေးဗီးယားက ရုပ်ရှင်ရုံများကို ၃၅ နှစ်ကြာတား မြစ်ထားမှု အဆုံးသတ်ပြီဟု ကြေညာသည်။

Top News