ဂရစ်ဇ်မန်း၏ မိသားစုနှင့် ဘာကာဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေး

အက်သလက်တီကိုမက်ဒ ရစ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းကို မန်ယူနှင့် ဘာစီလို နာတို့က ခေါ်ယူရန် ပြင်ဆင်နေ သည်ဟု သတင်းထွက်နေစဉ် ၎င်း ၏ မိသားစုဝင်များကို ဘာစီလိုနာ အသင်းဥက္ကဋ္ဌ ဂျိုးဆက်မာရီယာ ဘာတိုမြူက တွေ့ဆုံဆွေးနွေးခဲ့ သည်။


ဂရစ်ဇ်မန်း၏ အစ်မသည် ၎င်း၏ အေးဂျင့်ဖြစ်ပြီး ဘာတိုမြူသည် ဂရစ်ဇ်မန်း၏ အစ်မအပါအဝင် မိဘများနှင့်တွေ့ဆုံဆွေး နွေးခဲ့သည်ဟု စပိန်အားကစား သတင်းစာ Mun do Deportivo ကဖော်ပြသည်။

အသက် (၂၆)နှစ်အရွယ် ဂရစ်ဇ်မန်းကို မန်ယူကလည်း ခေါ်ယူရန် ကြိုးစားခဲ့ကြောင်း ယခင်အပြောင်းအရွှေ့ကာလက သတင်းများထွက်ပေါ်ခဲ့သည်။

 ဂရစ်ဇ်မန်းကိုယ်တိုင်က လည်း ပြင်သစ်အသင်းဖော် ပေါလ်ပေါ့ဂ်ဘာနှင့် တွဲကစားလို သည်ဟု ပြောကြားခြင်းကြောင့် မန်ယူသို့ ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

 သို့သော် ဘာစီလိုနာက ဂရစ်ဇ်မန်း၏ အက်သလက်တီကို နှင့် စာချုပ်ဖျက်သိမ်းမည့် သတ် မှတ်ကြေးယူရိုသန်း ၁၀၀ ပေးရန် ကမ်းလှမ်းထားကြောင်း သတင်း များထွက်ပေါ်နေသည်။

—Ref:ESPN