သားသမီးတွေအတွက် သစ်ပင်အိမ်တည်ဆောက်ပေးဖို့ စီစဉ်နေတဲ့ ဘက်ခမ်းတို့ဇနီးမောင်နှံ

 ဒေးဗစ်ဘက်ခမ်း နှင့် ဗစ်တိုးရီးယားဘက်ခမ်း ဇနီး မောင်နှံသည် ဗြိတိန်အလယ်ပိုင်း ရှိ ၎င်းတို့၏ နေအိမ်ဥယျာဉ်အ တွင်း သစ်ပင်အိမ်တစ်လုံး တည် ဆောက်ရန် စီစဉ်နေသည်။

ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းနှင့် ဖက်ရှင်ဒီဇိုင် နာ မော်ဒယ် ဗစ်တိုးရီးယားဘက် ခမ်းတို့သည် ပြီးခဲ့သည့်နှစ်က ဗြိတိန်နိုင်ငံ Cotswolds ဒေသရှိ အဆိုပါနေအိမ်ကို ပေါင် ၆ ဒသမ၁၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

၎င်းတို့ ဇနီးမောင်နှံသည် သားသမီးလေးဦးအတွက် ထိုနေ အိမ်၏ ဥယျာဉ်အတွင်း သစ်ပင် အိမ်တစ်လုံး ဖန်တီးတည်ဆောက် ရန် သက်ဆိုင်ရာ အာဏာပိုင်များ ထံ ခွင့်ပြုချက် တောင်းခံထား သည်။

အဆိုပါသစ်ပင်အိမ်ကို သစ် သားများဖြင့်သာ ဆောက်လုပ် မည်ဖြစ်ပြီး အမြင့် ၅ မီတာခန့်နှင့် သစ်ပင်၏ ရှင်သန်ကြီးထွားမှုကို ထိခိုက်ခြင်း မရှိအောင်ဆောက် လုပ်မည်ဖြစ်သည်။

၁၉၉၉ တွင် လက်ထပ်ခဲ့ သော ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုး ရီးယားတို့သည် သားသမီးလေးဦး ထွန်းကားပြီး ၎င်းတို့သည် ဘရွတ်ကလင်း (၁၈) နှစ်၊ ရိုမိယို (၁၅) နှစ်၊ ခရက်ဇ် (၁၂) နှစ်နှင့် ဟာပါ (၆) နှစ်တို့ဖြစ်သည်။

—Ref:Contactmusic