ယခုနှစ်ဘေလ်ဘုတ် အနုပညာရှင်စာရင်းမှာ ပါဝင်တဲ့ BTS အဖွဲ့

 တောင်ကိုရီးယား အမျိုး သား ကေပေါ့ပ်အဖွဲ့ BTS သည် အမေရိကန် အနုပညာမီဒီယာ Billboard က ဖော်ပြသော ယခု နှစ်အတွက် ကမ္ဘာ့ထိပ်တန်း အနု ပညာရှင် ၁၀ ဦး စာရင်း၌ ပါဝင် ခဲ့သည်။

အဆိုပါထိပ်တန်းအနုပညာ ရှင် စာရင်း၏ နံပါတ် (၁) နေရာ တွင် ဗြိတိန်အဆိုတော် အက်ဒ်ရှီ ရန်က ရပ်တည်နေပြီး ဘရူနိုမားစ်၊ဒရိတ်ခ်၊    ဂျပ်စတင်ဘီဘာ၊ Coldplay နှင့် အရီနာ ဂရန်ဒီ စသည့် နာမည်ကျော် အဆိုတော် များလည်း ပါဝင်ပြီး BTS အဖွဲ့က နံပါတ် (၁၀) နေရာ၌ ရပ်တည်ခဲ့ သည်။

ထို့အပြင် လူမှုမီဒီယာမှတစ် ဆင့် တစ်ကမ္ဘာလုံးမှ ပရိသတ်အား ပေးမှု အများဆုံး အနုပညာရှင် ၅၀ စာရင်း Social 50 Artists တွင်လည်း BTS အဖွဲ့က နံပါတ် (၁) နေရာ ရပ်တည်ခဲ့သည်။

BTS အဖွဲ့ကို ၂၀၁၃ တွင် အဖွဲ့ဝင် ခုနစ်ဦးဖြင့် စတင်တည် ထောင်ခဲ့ပြီး လက်ရှိ၌ တောင် ကိုရီးယားသာမက နိုင်ငံတကာအ ထိပါ ထိုးဖောက်အောင်မြင်မှုရ နေသော ကေပေါ့ပ်အဖွဲ့လည်း ဖြစ်သည်။

—Ref:koreaboo