ထင်မှတ်မထားသူတချို့ ပါဝင်သီဆိုခဲ့တဲ့ မို့မို့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ

 ဂီတလောကနှင့် နှစ်အ တန်ကြာ ဝေးကွာနေသည့် အဆို တော် မို့မို့၏ Simply Acoustic ဖျော်ဖြေပွဲတွင် ပရိသတ်ထင်မှတ် မထားသည့် အဆိုတော်များ ပါဝင်ခဲ့သည်။

ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၆ ရက် ညက Mercedes MyanmarShowroom ၌ ပြုလုပ်ခဲ့ပြီး ခန်းမ နေရာကြောင့် ပရိသတ် ၂၀၀ ခန့် သာ ကြည့်ရှုခွင့်ရခဲ့သည်။

ယင်းဖျော်ဖြေပွဲတွင် မို့မို့၏ တစ်ကိုယ်တော် ဖျော်ဖြေမှုအစီ အစဉ်များနှင့်အတူ ပါဝင်ဖျော်ဖြေ ရန် ကြေညာထားသည့် မျိုးကျော့ မြိုင်၊ ဝေလနှင့် ဖြိုးပြည့်စုံတို့က စုံတွဲသီချင်းများ သီဆိုပေးခဲ့သလို ၎င်းတို့၏ ကိုယ်ပိုင်သီချင်းများဖြင့် ဖျော်ဖြေပေးခဲ့သည်။

ထို့အပြင် အထူးဧည့်သည် အဆိုရှင်များအဖြစ် မို့မို့၏ မိခင် အဆိုတော် ဖြူသီက ‘ပိုလာဘာ လီ’သီချင်းကို သမီးနှင့်အတူ သီဆိုဖျော်ဖြေပေးခဲ့သည်။

ထို့အတူ ပရိသတ်အားပေး မှုရခဲ့သည့် ‘ဝမ်းနည်းမှတ်တမ်း’ သီချင်းကို ကြေညာထားသော အ စီအစဉ်တွင် မပါဝင်သည့် အဆို တော် စိုင်းစိုင်းခမ်းလှိုင်နှင့် သီဆို ပေးခဲ့သည်။

စင်မြင့်ဖျော်ဖြေပွဲအနေဖြင့် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ပွဲပြုလုပ်သည့် မို့မို့က ၎င်းထွက်ရှိ ထားသည့် သီချင်းအခွေများမှ ပရိ သတ်အားပေးမှုရရှိသည့် သီချင်း များကို သီဆိုပေးခဲ့ပြီး ခင်ပွန်း ကြိုက်နှစ်သက်သည့် ‘ကြယ်တွေကြွေနေဆဲ’သီချင်းကိုလည်း ပရိသတ်များ တောင်းဆိုမှုကြောင့် ဆိုကာ သီဆိုပေးခဲ့သည်။

ပရိသတ်အများစုသည် သက်လတ်ပိုင်း အမျိုးသမီးဖြစ်ပြီး မို့မို့သီဆိုသည့် သီချင်းတိုင်းကို လိုက်ပါသီဆိုအားပေးခဲ့သည်။

ဒုတိယပိုင်းဖျော်ဖြေမှုအစီ အစဉ်တွင် မို့မို့က ပရိသတ်ကြားမှ စင်ပေါ်သို့ တက်ခဲ့ပြီး ဒေါက်ဖိနပ်စီးချိန်   စိတ်ကျဉ်းကျပ်သော ကြောင့်ဟု      ပရိသတ်များကို အားနာစကားဆို၍ ဖိနပ်မပါဘဲ စင်ပေါ်တက်     ဖျော်ဖြေပေးခဲ့ သည်။ ယင်းအချိန်တွင် ပရိသတ်များက ဖိနပ်မပါလည်း လှတယ် ဟု အော်၍ အားပေးခဲ့သည်။

ခင်ပွန်းက တိုက်တွန်းသော ကြောင့် တစ်ကိုယ်တော်ဖျော်ဖြေ ပွဲပြုလုပ်သည့် မို့မို့က စင်ပေါ်ရ သဖြင့် ကြောက်သည်ဆိုသော်လည်း အကောင်းဆုံးဖျော်ဖြေနိုင် ရာ ပရိသတ်စိတ်တိုင်းကျခဲ့သည်။ ပွဲကျင်းပသည့်နေရာသည် ပရိ သတ်အကန့်အသတ်ဖြင့်သာ ကြည့်ရှုနိုင်သည့် ပွဲဖြစ်သော ကြောင့် မို့မို့ ပရိသတ်များက ယင်းဖျော်ဖြေပွဲကို အခွေအဖြစ် ဖြန့်ချိစေလိုပြီး ပရိသတ်တော်တော် များများ ကြည့်ရှုနိုင်သည့် ပွဲတစ်ခု ထပ်မံပြုလုပ်ရန် ဆန္ဒရှိနေသည်။