အရပ်ဘက်- စစ်ဘက်ဆက်ဆံရေးနှင့် အပြန်အလှန် ယုံကြည်မှု ကျဆင်းနေဟုဆို

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ယမန်နေ့တွင် ပြုလုပ်သည့် အသိပညာမျှဝေပွဲ(ဓာတ်ပုံ-နိုင်လင်း)

 ဒီချုပ်အစိုးရလက်ထက် အရပ်ဘက် - စစ်ဘက်ဆက်ဆံ ရေးနှင့် အပြန်အလှန်ယုံကြည်မှု အခြေအနေသည် ယခင်အစိုးရ သက်တမ်းထက် ကျဆင်းလာ ကြောင်း တမ္ပဒီပအင်စတီကျုဒ် ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်း ကပြောသည်။

 ‘‘ငြိမ်းချမ်းရေးမှာဆိုရင် လည်း တစ်ဖက်က လက်နက်ကိုင် အဖွဲ့တွေနဲ့ ဒီဘက်နဲ့ ယုံကြည်မှု တည်ဆောက်ပါဆိုတာ အပ်  ကြောင်းထပ်နေပြီ။ ဒီစကားတွေ ဝေါဟာရတွေကို မပြောဘဲနဲ့ အ နှစ်သာရကိုသွားဖို့လိုတယ်’’ ဟု ဒီဇင်ဘာ ၁၇ ရက်က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ၎င်းကပြောသည်။


ယင်းဆွေးနွေးပွဲကို ‘ မြန်မာ့ဒီ မိုကရေစီရေးရဲ့ အဓိကဒေါက် တိုင်တွေ ပြိုလဲကုန်ပြီလား ’ ခေါင်း စဉ်ဖြင့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ (FPPS) က ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။ အရပ်ဘက်- စစ်ဘက် ဆက်ဆံ ရေးကျဆင်းလာမှုအပြင် မီဒီယာ များ ဖိနှိပ်ခံနေရမှုတို့ကြောင့် လက်ရှိအခြေအနေတွင် ဒီမိုကရေစီ၏ ဒေါက်တိုင်များ ယိုင်လဲနေသည် ဟု ဆိုနိုင်ကြောင်း ဒေါက်တာ ခင် ဇော်ဝင်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ အုပ်ချုပ်ရေးကဏ္ဍတွင် အရပ်ဘက်နှင့် စစ်ဘက်နှစ်ပိုင်း ကွဲနေသော်လည်း ငြိမ်းချမ်းရေး နှင့် ရခိုင်အရေးစသည့် အခက်အ ခဲများကို ဖြေရှင်းနိုင်ရန် အရပ် ဘက်-စစ်ဘက် ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

သို့သော် စာရေးဆရာကျော် ဝင်းကမူ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသည် ၁၉၆၂ အာဏာသိမ်းမှုဖြစ်ပွားချိန်ကတည်းက ပျက်ပြားခဲ့ပြီး လက်ရှိကာလသည် ယုံကြည်မှု ပြန်လည်တည် ဆောက်ရန် အစပြုနေဆဲကာလ ဖြစ်ကြောင်း ပြောသည်။

နိုင်ငံရေးဖြစ်စဉ် အပြောင်း အလဲတစ်ရပ် ပေါ်ပေါက်လာပါ က ပြုပြင်ပြောင်းလဲလိုသူများနှင့် အမာခံအုပ်စုများ ကွဲပြားလေ့ရှိပြီး ၎င်းတို့အကြားတွင် နိုင်ငံရေးလမ်း ကြောင်းတစ်ခု ပေါ်ထွက်လာစေ ရေး ညှိနှိုင်းရန်လိုကြောင်း ၎င်းက သုံးသပ်သည်။

ဒီချုပ်အစိုးရလက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ပြည်တွင်းငြိမ်းချမ်း ရေး ပြဿနာကို အဓိကအာရုံ စိုက်ဖြေရှင်းရန် ကြိုးပမ်းနေခြင်း ကို ထောက်ခံပြီး NCA စာချုပ်သည်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် နိုင်ရေး ကယ်ပေါက်တစ်ခုဖြစ် ကြောင်း စာရေးဆရာကျော်ဝင်း ကဆိုသည်။

‘‘အခြေခံဥပဒေကို ပါးပါး နပ်နပ်နဲ့ ဖြတ်နိုင်ရင် ဒါကိုကျော် နိုင်တဲ့ ကယ်ပေါက်တစ်ခုရှိတယ်လို့ မြင်ပါတယ်။ ကယ်ပေါက်လို့ပြောတာရည်ရွယ်ချက်ရှိရှိ ပြောတာပါ။ ပါးပါးနပ်နပ်နဲ့ ဖြတ်နိုင်ရင် ကျော်သွားနိုင်တယ်။ မပါးမနပ်နဲ့ဆိုရင်တော့ ပိတ်မိသွားမယ်’’ ဟု ၎င်းကပြောသည်။

လက်ရှိ ဒီချုပ်အစိုးရ၏ ဆောင်ရွက်ချက်များတွင် အား နည်းချက်များ ရှိနိုင်သော်လည်း လူထု ထောက်ခံမှုရရှိထားပြီး လူ ထုနှင့်အတူ ရပ်တည်သည့် မူဝါ ဒလည်းရှိကြောင်း ဒီချုပ်ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကဆိုသည်။

 ဒီချုပ်အနေဖြင့် အဓိက ကတိသုံးခုဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ကို ဆက်လက် အကောင်အထည်ဖော်နေကြောင်း ၎င်းကပြောသည်။

‘‘ယုံကြည်ချက်နဲ့လုပ်နေကြ တာပါပဲ။ ဒီကတိသုံးပါးကိုဘယ် တုန်းကမှ မသွေဖည်ခဲ့ဘူးဆိုတာ လေးတော့ ပြောချင်ပါတယ်’’ ဟု မုံရွာအောင်ရှင်ကဆိုသည်။