ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအလွန်တွင် ဒီချုပ်က စုပေါင်းဦးဆောင်စနစ် ကျင့်သုံးဖွယ်ရှိဟု မုံရွာအောင်ရှင် ပြော

ဓာတ်ပုံ−နိုင်လင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေဖြင့် ဒေါ် အောင်ဆန်းစုကြည်ခေါင်းဆောင် မှု အလွန် စုပေါင်းဦးဆောင်မှု စနစ်ကို ကျင့်သုံးဖွယ်ရှိကြောင်း ဒီချုပ်ဗဟိုပြန်ကြားရေး ကော်မ တီ အတွင်းရေးမှူး မုံရွာအောင် ရှင်က ပြောသည်။

ဗဟန်းမြို့နယ်ရှိ တော်ဝင် နှင်းဆီစားသောက်ဆိုင်တွင် ဒီဇင် ဘာ ၁၇ ရက်က ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်း စုကြည်အလွန် နိုင်ငံရေးခေါင်း ဆောင်မှု အခန်းကဏ္ဍနှင့် ပတ် သက်၍ ပရိသတ်တစ်ဦး၏မေး မြန်းမှုကို ၎င်းကထိုသို့ဖြေကြား သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူလူထု ချစ်ခင်မှုရရှိ သည့် ဒီမိုကရေစီခေါင်းဆောင် ဖြစ်သည့်အပြင် လက်ရှိတွင် သူ့လို ထူးချွန်ထက်မြက်သော အခြား ခေါင်းဆောင်လည်း မရှိကြောင်း မုံရွာအောင်ရှင်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲအနိုင်ရပြီး နောက် အစိုးရအဖွဲ့တွင် တာဝန် ယူခဲ့၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပါတီတာဝန်များ ထမ်းဆောင်ခွင့် မရတော့ပေ။

သို့သော် ဒီချုပ်သည် ပါတီ ဥက္ကဋ္ဌနေရာကို အစားထိုးခြင်းမရှိ ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သာ ဥက္ကဋ္ဌအဖြစ် ဆက်လက် သတ်မှတ်ထားသည်။ လက်ရှိအ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဗဟိုအလုပ်အမှုဆောင် အတွင်း ရေးမှူးအဖွဲ့က ဦးဆောင်နေပြီး ပါတီတွင်း ညွှန်ကြားချက်များကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဆုံး ဖြတ်ချက်ဖြင့် ဆောင်ရွက်လေ့ရှိ သည်။ဒေါ်အောင်ဆန်းစုကြည်အ လွန် ခေါင်းဆောင်မှုအခန်းကဏ္ဍ အတွက် ကြိုတင်ပြင်ဆင်ရန် တိုက်တွန်းမှုများရှိသော်လည်း လက်ရှိ အခြေအနေအရ အပြောင်းအလဲ ပြုလုပ်ရန် မဖြစ်နိုင်သေးကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောကြားသည်။

‘‘ဒီလောက်အပြောင်းအလဲ လေးရဖို့ကို သူ့(ဒေါ်အောင်ဆန်း စုကြည်) ရဲ့ အရည်အချင်းနဲ့လုပ် ခဲ့ရတာ။ ဒီအခြေအနေတစ်ခုကို ပြန်ပြီးတော့ ပြောင်းဖို့ဆိုတာက လည်း ပြည်သူက လက်ခံမှဖြစ် မှာ’’ ဟု ၎င်းကပြောသည်။

ပါတီအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်ကဲ့သို့ အတွေးအခေါ်အယူအဆနှင့် အရည်အချင်းတူညီသူများကို   ရှာဖွေဖော်ထုတ်နိုင် မည်ဟု    ယုံကြည်ထားကြောင်း လက်ရှိ ပါတီခေါင်းဆောင်များက ဆိုသည်။ ‘‘လေ့ကျင့်ပေးရမယ်။ စမ်းသပ်ပေးရမယ်။ အဲဒီစမ်းသပ်လေ့ကျင့်မှုတွေ   အကြိမ်ပေါင်းများစွာ ဖြစ်လာတဲ့အခါကျရင် တော့ ကျွန်တော်တို့ လိုချင်တဲ့ ခေါင်းဆောင်အရည်အချင်းရှိတဲ့လူ ရနိုင်ပါတယ်’’ ဟု မုံရွာအောင်ရှင်ကဆို သည်။