စပါးကို ဂိုးပြတ်နိုင်ပြီးနောက် ပရီးမီးယားလိဂ်အင်အား အတောင့်တင်းဆုံးအသင်းတစ်သင်းကို အနိုင်ရခဲ့ဟု ဂွာဒီယိုလာပြော

စပါးအသင်းကို အိမ် ကွင်းတွင် ၄-၁ ဂိုးဖြင့် ဂိုးပြတ်အ နိုင်ရခဲ့ပြီးနောက် မန်စီးတီးနည်းပြဂွာဒီယိုလာက ပရီးမီးယားလိဂ်တွင် အင်အားအတောင့်တင်းဆုံး အသင်းများအနက် တစ်သင်းကို အနိုင်ရရှိခဲ့သည်ဟု ပြောသည်။


စပါးနည်းပြပိုချက်တီနိုက နိုင်ပွဲများရနေချိန်တွင် သင်ယူမှု မရှိဖြစ်နေသဖြင့် ယခုမန်စီးတီးကို ရှုံးနိမ့်မှုကို သင်ခန်စာယူရ မည်ဟု ပြောသည်။

ဂန်ဒိုဂန်၊ ဒီဘရိုင်နှင့် စတာ လင်တို့၏ သွင်းဂိုးများဖြင့် စပါး ကို နိုင်ခဲ့ပြီးနောက် ဂွာဒီယိုလာက ဒီဘရိုင်ကို ချီးကျူးပြီး ၎င်းသည် မန်စီးတီးကို ပိုကောင်းသော ကလပ်တစ်ခုဖြစ်အောင် ကူညီ နေသည်ဟု ပြောသည်။

ယင်းပွဲ၏ အကောင်းဆုံး ကစားသမားဆုကို ဒီဘရိုင်က ရရှိခဲ့သည်။ ယခုနိုင်ပွဲကြောင့် မန် စီးတီးသည် ပရီးမီးယားလိဂ်တွင် ၁၆ ပွဲအထိ အနိုင်ရသော စံချိန် သစ်တစ်ရပ်တင်နိုင်ခဲ့သည်။

စပါးနည်းပြပိုချက်တီနိုက မိမိတို့သည် အလွန်ကောင်းသော ပုံစံရှိပြီး အရှိန်အဟုန်ကောင်းနေ သော အသင်းတစ်သင်းနှင့် ယှဉ် ပြိုင်ခဲ့ရသဖြင့် အပြုသဘော ဆောင်သော ကိစ္စများစွာရှိသည် ဟု ပြောသည်။

ဂွာဒီယိုလာသည် ဘိုင်ယန် ကို  ကိုင်တွယ်စဉ်က ၁၉ ပွဲဆက်

တိုက်အနိုင်ရခဲ့သော ၎င်း၏ ကိုယ်ပိုင်စံချိန်ကို လိုက်မီနိုင်မည်လား စောင့်ကြည့်ရမည်ဖြစ်သည်။

မန်စီးတီးသည် အနီးဆုံးပြိုင် ဘက်မန်ယူတစ်ပွဲလျော့ချိန်တွင် ၁၄ မှတ်ဆက်ဖြတ် ထားစဉ်အင်္ဂါနေ့တွင် လက်စတာနှင့် EFL ဖလားပွဲကစားကာ စနေနေ့တွင် ဘုန်း မောက်ကို လက်ခံကစားရန်ရှိနေ သည်။           —Ref:BBC