ယခုနှစ်ရာသီတွင် အင်တာမီလန်အသင်း ပထမဆုံးရှုံးပွဲကြုံ

အီတလီစီးရီးအေတွင် အင်တာမီလန်သည် ယခုရာသီ ပထမဆုံးရှုံးပွဲအဖြစ် အူဒီးနီးစ်ကို ရှုံးနိမ့်စဉ် နာပိုလီက တိုရီနိုကို သုံးဂိုးပြတ်အနိုင်ယူပြီး ထိပ်ဆုံး နေရာ ခေတ္တရယူထားသည်။


ငွေကြေးအမြောက်အမြား သုံးစွဲကာ အင်အားဖြည့်တင်းခဲ့ပြီး တစ်ချိန်က အောင်မြင်မှုများဆီသို့ ပြန်လည်ရောက်ရှိနိုင်ရေး မျှော်လင့်နေသော အေစီမီလန်သည် လည်း ဗီရိုနာကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။ အေစီမီလန်နည်းပြ ဂတ်တူဆိုက ယခုကစားပုံကို မိမိမနှစ်သက်ကြောင်းနှင့် ကောင်းစွာ မတုံ့ပြန်နိုင်ခဲ့ကြောင်း ပြောသည်။

ပြီးခဲ့သည့် နွေရာသီက ပေါင်သန်း ၂၁၀ သုံးစွဲခဲ့သော တရုတ်သူဌေးကြီးပိုင်ဆိုင်သည့် အေစီမီလန်အသင်းသည် အောက်ဆုံး အဆင့်ဒုတိယနေရာ၌ ရှိနေသောဗီရိုနာကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အေစီမီလန်နည်းပြ သစ်ဂတ်တူ ဆို ဒေါသထွက်နေသည်။

အေစီမီလန်အသင်းသည် ၎င်းတို့အပေါ် ဘဏ္ဍာရေးမျှတစွာ ယှဉ်ပြိုင်ရေး စည်းကမ်းကို ပယ် ဖျက်ပေးရန် တောင်းဆိုခဲ့သော် လည်း ယူအီးအက်ဖ်အေက ပယ် ချပြီးနောက် ယခုကဲ့သို့ ရှုံးနိမ့်ခြင်း ဖြစ်သည်။

—Ref:Guardian