ရုပ်ရှင် အကြိုခံစားခြင်း

THE SHAPE OF WATER

ဒီနေ့ကဏ္ဍလေးမှာတော့ အမေရိကန်စိတ်ကူးယဉ် ဒရာမာဇာတ်ကားလေးပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။ 


အယ်လီဆာအက်စ်ကိုစစ်တိုဟာငယ်စဉ်တုန်းကမတော်တဆထိခိုက်ဒဏ်ရာရပြီး ဆွံ့အသွားတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဘာလ်တီမိုးမှာရှိတဲ့ Occam သုတေသနစင်တာမှာ ညစောင့်အဖြစ် အလုပ်လုပ်သူပါ။ တစ်ရက်မှာတော့ တောင်အမေရိကမြစ်တစ်နေရာကနေ ထူးဆန်းတဲ့ ကုန်းနေ၊ ရေနေသတ္တဝါတစ်ကောင်ကို ကာနယ်ရစ်ချက်စထရစ်လန်းက ရှာ ဖွေတွေ့ရှိခဲ့ပြီး သုတေသနစင်တာကို ယူလာခဲ့ပါတယ်။ 

ထူးဆန်းတဲ့ သတ္တဝါရှိနေတာကို အယ်လီဆာသိခဲ့ပြီး နောက် အဲဒီသတ္တဝါကို အစာတွေသွားကျွေး၊ သီချင်းတွေ ဖွင့်ပြနဲ့လုပ်ခဲ့ပြီး သတ္တဝါနဲ့အယ်လီဆာတို့ ရင်းနှီးသွားခဲ့ပါတယ်။ သုတေသီ ရောဘတ်ဟော့ဖ်စတက်လာ အဖြစ်ရှိနေတဲ့ ဆိုဗီ ယက်သူလျှို ဒီမီထရီဟာသတ္တဝါကို သုတေသနလုပ်ဖို့အတွက် မသတ်ဘဲထားဖို့ ကာနယ်စထရစ်လန်းနဲ့ ပြောနေတာကို အယ်လီဆာကြားပြီး သတ္တဝါကို သုတေသနစင်တာကနေ ခေါ်ထုတ်သွား ဖို့ ကြံစည်ပါတော့တယ်။ 

အန္တရာယ်များမှန်း သိပေ မယ့်လည်း အယ်လီဆာက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဇယ်လ်ဒါရယ် သူ့အိမ်နီးချင်း ဂီလက်စ်တို့အကူ အညီနဲ့ သတ္တဝါကို ခိုးထုတ်လာပြီး သူ့အိမ်မှာ ထားခဲ့ပါတယ်။ သတ္တ ဝါအသက်ဆက်ရှင်ဖို့ဆိုတာ လည်း အထူးဆေးဝါးတွေ လိုအပ် တာကြောင့် သုတေသီရောဘတ် ရဲ့အကူအညီနဲ့ အယ်လီဆာဟာ သတ္တဝါအတွက် ဆေးဝါးတွေယူ လာပြီး အသက်ဆက်စေခဲ့ပါ တယ်။ 

သုတေသနစင်တာမှာ သတ္တ ဝါကြီး ပျောက်သွားတဲ့အတွက် ကာနယ်စထရစ်လန်း ဒေါသူပုန် ထပြီး မသင်္ကာတဲ့သူမှန်သမျှကို စစ်မေးရင်း ရှာဖွေခဲ့ပါတယ်။ နောက်တော့ သုတေသီရောဘတ် ရဲ့သရုပ်မှန်ကို သိတဲ့အတွက် ရှင်းပစ်ခဲ့တာကြောင့် သတ္တဝါအ တွက် အထူးဆေးဝါးမရတဲ့အခါ မှာ အယ်လီဆာတစ်မျိုးတစ်ဖုံကြံ ရပြန်ပါတယ်။ 

အယ်လီဆာတစ်ယောက် သူချစ်တဲ့သတ္တဝါကို ကာနယ်စထ ရစ်လန်းတို့လက်က ကာကွယ်ပေး နိုင်မှာလား၊ သံယောဇဉ်တွယ်မိကြတဲ့ အယ်လီဆာနဲ့ သတ္တဝါကြီး တို့ကော ဘယ်လိုအခြေအနေနဲ့ ဇာတ်သိမ်းရမလဲဆိုတာ ဆက် ကြည့်လိုက်ဦးနော်။ 

ဒီဇာတ်ကားမှာ ဆယ်လီ ဟော့ကင်းစ်၊ မိုက်ကယ်ရှန်နွန်၊ ရစ်ချက်ဂျန်ကင်းစ်၊ အော့တာဗီ ယာစပန်ဆာ၊ ဒေါက်ဂျုံးစ် စတဲ့ သရုပ်ဆောင်တွေ အားဖြည့်ပေး ထားပြီး ၁၉၆၀ များဆီက မြင် ကွင်းတွေနဲ့အတူ တင်ဆင်ထား တာပဲဖြစ်ပါတယ်။