ဟွန်ဒူးရပ်စ်နိုင်ငံ၌ ရဟတ်ယာဉ်တစ်စီး ပျက်ကျရာတွင် သမ္မတ၏အစ်မအပါအဝင် လူခြောက်ဦး သေဆုံး

(reuters)

ဟွန်ဒူးရပ်စ်သမ္မတ ဟွန်အော်လန်ဒိုဟာနန်ဒက်ဇ်၏ အစ်မနှင့် အခြားငါးဦးပါရှိသော ရဟတ်ယာဉ်တစ်စီးသည် စနေနေ့က ပျက်ကျရာ ၎င်းတို့သေဆုံးသွားကြောင်း ဟွန်ဒူးရပ်စ်စစ်တပ် ကပြောသည်။

ဟီလ်ဒါဟာနန်ဒက်ဇ် (၅၁)နှစ်သည် နိုဝင်ဘာ ၂၆ ရက် သမ္မတရွေးကောက်ပွဲကာလတွင် နိုင်ငံ ရေးပြဿနာများ ရင်ဆိုင်ခဲ့ရသည့် မောင်ဖြစ်သူ သမ္မတ၏ အကြံပေး အရာရှိဖြစ်သည်။

၎င်းသည် ယခင်အစိုးရလက်ထက်က ဆက်သွယ်ရေးဝန်ကြီး လည်းဖြစ်သည်။


 မြို့တော် တီဂူစီဂေါ်ပါ၏ တွန်ကွန်တင် နိုင်ငံတကာလေ ဆိပ်မှ အနောက်မြောက်ဘက်မိုင် ၅၀ ခန့်ဝေးသော ကိုမာယာဂွာမြို့သို့ ထွက်ခွာခဲ့သည့် Euro-copter AS350 အမျိုးအစား ရဟတ်ယာဉ်ကို ရှာဖွေရန် ကင်းထောက် ရဟတ်ယာဉ်နှစ်စီး စေလွှတ်ခဲ့သော်လည်း ရာသီဥတုအခြေအနေကြောင့် မြေပြင်ရှာဖွေရေးအဖွဲ့များ စေလွှတ်ခဲ့သည်ဟု ဟွန်ဒူးရပ်စ်စစ်တပ်ကပြော ကြားသည်။

ရဟတ်ယာဉ်၏ အစိတ်အ ပိုင်းအချို့ရှာတွေ့ပြီး အသက်ရှင် သူမတွေ့ရဟု စစ်တပ်ကပြော ကာ ပျက်ကျသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမည်ဟုပြောသည်။

 အမည်မဖော်လိုသော အစိုးရသတင်းရင်းမြစ်တစ်ခုက ဟီလ်ဒါဟာနန်ဒက်ဇ် အပါအဝင် ရဟတ်ယာဉ်ပေါ် လိုက်ပါသူ ခြောက်ဦးကို သေဆုံးလျက် တွေ့ ခဲ့သည်ဟု ပြောသည်။

သမ္မတရွေးကောက်ပွဲအပြီး တွင် ဟွန်ဒူးရပ်စ်၌ နိုင်ငံရေးမငြိမ် သက်မှုဖြစ်ပေါ်နေသည်။

ဗဟိုလက်ဝဲ ဆယ်လ်ပါဒေါ နာဆရာယ်လာသည် လက်ရှိ သမ္မတ ဟာနန်ဒက်ဇ်ကို ၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ကပ်၍နိုင်ခဲ့ ကြောင်း တရားဝင် မဲရေတွက်မှု များအရ သိရသည်။

 ယင်းမဲအရေအတွက်ကို အဓိကအတိုက်အခံပါတီနှစ်ခုက မေးခွန်းထုတ်ထားသည်။

—Ref: Reuters