ထိုင်းအလှူရှင်တစ်ဦးက မန္တလေးမဟာမုနိဘုရားသို့ စိန် ၁၃ ပွင့်ပါ ရွှေ ၈၀ ကျပ်သားရှိ ကြာပန်းတစ်ခု လှူဒါန်း

ထိုင်းအလှူရှင်တစ်ဦးမှ မဟာမုနိဘုရားကြီးသို့ လာရောက်လှူဒါန်းခဲ့သည့် ရွှေကြာပန်း (ဓာတ်ပုံ − စည်သူလင်း)

ထိုင်းနိုင်ငံသား အလှူရှင်တစ်ဦးက မန္တလေးမြို့ရှိမဟာမုနိဘုရားသို့ စိန် ၁၃ ပွင့်နှင့် ရွှေ အလေးချိန် ၈၀ ကျပ်သားပါဝင်သော ကြာပန်းတစ်ခု ဒီဇင်ဘာ ၁၃ ရက်က လာရောက်လှူဒါန်းခဲ့ကြောင်းဘုရားဂေါပကအဖွဲ့တာဝန်ရှိသူများက ပြောသည်။

‘‘ရွှေကတော့ ထိုင်းရွှေပဲ။ တန်ဖိုးဘယ်လောက်ရှိမယ်ဆို တာတော့ မသိဘူး’’ဟု မဟာမုနိ ဘုရားဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသိန်းထွန်းက ပြောသည်။

ရွှေကြာပန်းက အလေးချိန် ၈၀ ကျပ်သားရှိပြီး စိန်နှင့်အောက် ခံကလပ်အပါအ၀င် စုစုပေါင်းအ လေးချိန် တစ်ပိဿာခန့်ရှိကာ နောင်တွင် ဘုရားကြီးပြတိုက်အ တွင်း ထည့်သွင်းပြသမည် ဖြစ်ကြောင်း၊ လက်ရှိ၌ ဂေါပကအဖွဲ့က ယာယီထိန်းသိမ်းထားကြောင်း ၎င်းကဆိုသည်။

မဟာမုနိဘုရားကြီးသို့ ထိုင်းနိုင်ငံမှ အလှူရှင်အချို့ မကြာခဏလာရောက်လှူဒါန်းမှု ရှိသည်။

‘‘တခြားနိုင်ငံက လှူတာတွေ တော့ သိပ်မရှိဘူး။ ထိုင်းနိုင်ငံက လှူတာတွေများတယ်။ အရင်က လည်း ထိုင်းဘုန်းကြီးတွေ ဘုရား ရင်တော်ချိတ်ဆွဲဖို့ ရွှေညောင်ရွက် တွေ လာလှူဒါန်းတာတွေ ရှိ တယ်’’ဟု ဦးသိန်းထွန်းက ပြောသည်။ ယခင်ဂေါပကအဖွဲ့လက် ထက်က မဟာမုနိဘုရားကြီး၏ အလှူငွေရရှိမှု စုစုပေါင်းကျပ် ကိုး ဘီလီယံကျော်ရှိခဲ့ပြီး လက်ရှိ ဂေါပကလက်ထက်တွင် ကျပ် ၁၀ ဒသမ ၃ ဘီလီယံကျော်နှင့် ကန် ဒေါ်လာ နှစ်သိန်းကျော်ရှိကြောင်း ဂေါပကဥက္ကဋ္ဌဦးစိုးလင်းက ပြော ကြားထားသည်။