တောင်ကုတ်ဒီဂရီကောလိပ်ဖွင့်ပြီးနောက် ကျောင်းသားအချို့အမြန်ရေယာဉ်မစီးတော့သဖြင့် ခရီးသည်လျော့နည်းလာဟုဆို

စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ်မြို့နယ်များသို့ ပြေးဆွဲနေသည့် ပုဂ္ဂလိကအမြန်ရေယာဉ် (ဓာတ်ပုံ − မောင်ကံ)

 ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဒီဂရီကောလိပ်ဖွင့် လှစ်ပြီးနောက် စစ်တွေ-ကျောက် ဖြူ-ရမ်းဗြဲ-တောင်ကုတ်သို့ ပြေး ဆွဲနေသည့် အမြန်ရေယာဉ်စီး သည့် ခရီးသည်ထက်ဝက်ကျော် နည်းပါးကာ တွက်ခြေမကိုက်ဖြစ် နေကြောင်း အမြန်ယာဉ်လက် မှတ်အရောင်းဌာနမှ တာဝန်ရှိသူ များက ပြောသည်။

တောင်ကုတ်ဒီဂရီကောလိပ် ဖွင့်လှစ်ခဲ့သဖြင့် ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များဖြစ်သည့် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့များရှိ တက္ကသိုလ်ကျောင်းသားများသည် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်သို့ သွားရောက် တက်ရန်မလိုတော့ပေ။

ယင်းကြောင့် တောင်ပိုင်းမြို့ နယ်များမှ ကျောင်းသားများ အသွားအလာ မရှိသလောက် နည်းပါးခဲ့ပြီး ရေယာဉ်စီးနင်းမှု လျော့နည်းလာကြောင်း တောင်ကုတ်မြို့မလိခအမြန်ရေယာဉ် လက်မှတ်အရောင်း ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ယခင်က အမြန်ရေယာဉ်ဖြင့် ခရီးသွားလာမှုသည် တစ်ရက် လျှင် ခရီးသည် ၁၀၀ ခန့်ရှိပြီး ယင်းတို့အနက် ကျောင်းသားများလိုက်ပါမှုသည် ၅၀ ခန့်ရှိသည်။ ယခုအခါ တစ်ရက်လျှင် ခရီးသည် ၃၀ ခန့်သာရှိကြောင်း အမြန်ရေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်က ဆိုသည်။

‘‘အရင်တုန်းက ရခိုင်တစ် ပြည်နယ်လုံးက ကျောင်းသား တွေ၊ စစ်တွေကိုလာကြရတဲ့အ တွက် ခရီးသည်တွေက အဆက် မပြတ်ရှိနေခဲ့တယ်။ နောက်တစ်ခု က အရင်တုန်းက လေကြောင်း ခရီးစဉ်မဟုတ်ဘဲ ပြည်မကိုသွား မယ်ဆိုရင် တောင်ကုတ်ကနေတ ဆင့် သွားရတော့ တောင်ကုတ်ကို မဖြစ်မနေသွားခဲ့ကြရတယ်။ အခု တော့ ရန်ကုန်သွားမယ်ဆိုရင် အမ်းလမ်းကသွားလို့ အဆင်ပြေ သွားပြီ။ တောင်ကုတ်ကိုသွားစရာ မလိုတော့ဘူး’’ဟု တောင်ကုတ် မြို့ခံ ကိုအောင်ထိန်ဟိန်းက ရှင်း ပြသည်။

လက်ရှိစစ်တွေ-ကျောက် ဖြူ-ရမ်းဗြဲ-တောင်ကုတ်ခရီးစဉ် တွင် ပုဂ္ဂလိကအမြန်ရေယာဉ် နှစ် စီးက တစ်ရက်လျှင် တစ်ကြိမ်စီ အလှည့်ကျပြေးဆွဲနေသည်။

More in Regional Section