မုံရွာ၌ အဆောင်နေတက္ကသိုလ်ကျောင်းသားချင်း ဓားထိုးမှုဖြစ်ပြီး ဒုတိယနှစ်ကျောင်းသားတစ်ဦး သေဆုံး

 မုံရွာမြို့ မြဝတီရပ်ကွက် ဘော်ဒါဆောင်တစ်ခုတွင် တက္က သိုလ်ကျောင်းသားအချင်းချင်း စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ် ၍ ဒုတိယနှစ်ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။

မြဝတီရပ်ကွက် သစ္စာလမ်း သွယ် ၁၆ ရှိ ဘော်ဒါဆောင်တစ်ခု တွင် ငှားနေကြသော ကျောင်း သားများသည် ဒီဇင်ဘာ ၁၅ ရက် ည ၈ နာရီခန့်က ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ကာ (၁၈)နှစ်အရွယ် ဒုတိယနှစ် သမိုင်းဘာသာ အထူးပြု ကျောင်းသားတစ်ဦး သေဆုံးခဲ့ ကြောင်း မုံရွာမြို့ နယ်မြေရဲစခန်း မှူး ရဲအုပ်ဆန်းလင်းက ပြော သည်။  ‘‘ကျောင်းသားအချင်းချင်း ရန်ဖြစ်စကားများရင်းနဲ့ဖြစ်တာ၊ ကျောင်းသားတစ်ဦး သေဆုံးသွား တာပါ။ ကျောင်းသားသုံးဦးကို အမှုဖွင့်စစ်ဆေးနေပါတယ်’’ဟု ရဲအုပ်ဆန်းလင်းက ပြောသည်။

ဘော်ဒါဆောင်နေ ကျောင်း သားများဖြစ်သည့် မင်းကင်းမြို့ နယ် ကျွန်းတော်ကျေးရွာနေ  (၂၂)နှစ်အရွယ် ဒုတိယနှစ် ပထဝီ ကျောင်းသားနှင့်(၁၉)နှစ်အရွယ် တတိယနှစ်သမိုင်းကျောင်းသား၊ ကနီမြို့နယ် ဆူးလေကုန်းကျေး ရွာနေ (၂၁)နှစ်အရွယ် စတုတ္ထနှစ်

အင်္ဂ လိပ်စာကျောင်းသားတို့သည် ပြင်ပမှ အရက်ဝယ်လာပြီး အ ဆောင်၌ သောက်နေကြစဉ် (၁၈)နှစ်အရွယ် ဒုတိယနှစ် သမိုင်း ကျောင်းသားက အရက်သောက် ၍ မဆူကြရန် ပြောဆိုသဖြင့် စကားများရန်ဖြစ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အချင်းချင်း စကားများရန် ဖြစ်ချိန်တွင် အဆောင်၌ အတူနေ  သော သူငယ်ချင်းများက ဝင် ရောက်ဖျန်ဖြေသော်လည်း ဒုတိ ယနှစ် ပထဝီကျောင်းသားက ၎င်း တွင် ပါလာသော အရိုးအသွား ကိုးလက်မခွဲခန့်ရှိ စတီးဓားဖြင့် ထိုးရာ ဒုတိယနှစ် သမိုင်းကျောင်း သား၏ဝဲဘက်လည်ပင်းနှင့် ညှပ်

ရိုးကြားတွင် ဒဏ်ရာရပြီး မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ယင်းဒဏ်ရာဖြင့် သေဆုံးသွားသည်။

ဖြစ်စဉ်ကို မုံရွာမြို့ နယ်မြေ ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊ ၁၁၄ လူသတ်မှု နှင့် အားပေးကူညီမှုများဖြင့် အမှု ဖွင့်စစ်ဆေးနေသည်။