ဝက်စ်ဘရွန်းအသင်း အချိန်ဆွဲကစားတတ်သည်ဆိုကာ မော်ရင်ဟို စိုးရိမ်

ယနေ့တွေ့ဆုံရမည့် ဝက်စ်ဘရွန်းအသင်းနှင့် ပတ်သက်၍ မန်ယူနည်းပြမော်ရင်ဟို စိုးရိမ်နေသည်ဟု သတင်းထွက် ပေါ်နေသည်။


မန်ယူသည် ပရီးမီးယားလိဂ် ဖလားမျှော်လင့်ချက်ဆက်လက် ရှင်သန်စေရေး ဝက်စ်ဘရွန်းကို အနိုင်ကစားရမည်ဖြစ်သည်။

နည်းပြ အလန်ပါဂျူး၏ ဝက်စ်ဘရွန်းအသင်းအနေဖြင့် အချိန်ဖြုန်းတီးမည်ကို မော်ရင်ဟို က စိုးရိမ်နေကြောင်း ESPN သတင်းဝက်ဘ်ဆိုက်က ဖော်ပြပြီးလီဗာပူးနှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် အချိန်ဆွဲကစားမှုကြောင့် ဝက်စ်ဘရွန်းသည် ပွဲအပြီး၌ ဝေ ဖန်ခံရသည်။

ထိုအတောအတွင်း မန်ယူ နောက်ခံလူ အဲရစ်ဘိုင်လီသည် နှစ်လမှ သုံးလအထိ ဘောလုံးပွဲ စဉ်များနှင့် လွဲချော်မည်ဖြစ် ကြောင်း မော်ရင်ဟိုကပြော သည်။

အောက်တိုဘာက အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းအတွက် ကစားစဉ် ခြေချင်းဝတ်ဒဏ်ရာ ရခဲ့သော အဲရစ်ဘိုင်လီသည် ခွဲစိတ်မှုခံယူရန် လိုအပ်သည်။ ဘိုင်လီကို လက်လွှတ်ရမည်ဖြစ် သော်လည်း နောက်တန်းတွင် ဖီးလ်ဂျုံးစ်၊ ခရစ္စစမောလင်းနှင့် ဒန်နီဘလိုင်းတို့ရှိနေသဖြင့် ခံသာ ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားသည်။

ထို့အပြင် ဝက်စ်ဘရွန်းနှင့် ပွဲစဉ်တွင် အသင်းလူစာရင်းကို အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိ ကြောင်း မော်ရင်ဟိုက ဖွင့်ဟခဲ့ သည်။

‘‘ကစားသမားအနည်းငယ် ကို တစ်ပွဲပြီးတစ်ပွဲ ကျွန်တော် ပြောင်းလဲပွဲထုတ်မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဇင်ဘာပွဲကျပ်ကာလနဲ့ ဇန်နဝါရီအစပိုင်းမှာ ကစားသမားတွေအတွက် ပွဲစဉ် အားလုံးကို ကစားဖို့ဆိုတာ သိပ်မ ဖြစ်နိုင်လို့ပါ’’ကြောင်းမော်ရင်ဟိုကပြောသည်။

ဝက်စ်ဘရွန်းသည် နောက် ဆုံးကစားသည့် ၁၆ ပွဲတွင် နိုင်ပွဲ ရှာမတွေ့ဘဲ နိုဝင်ဘာက အလန်ပါဂျုးစတင်ကိုင်တွယ်ပြီးနောက် ပိုင်း တိုက်စစ်ကလည်း နောက်ဆုံးသုံးပွဲ၌ တစ်ဂိုးမျှ သွင်းယူထား နိုင်ခြင်းမရှိပေ။

လာမည့်ဇန်နဝါရီတွင်မိမိတို့ တောင်းဆိုသောဈေးရပါက ကစားသမားအချို့ ရောင်းထုတ်မည် ဟု မော်ရင်ဟိုကပြောသည်။

ထိုအတောအတွင်း မိမိတို့ အနေဖြင့် ပွဲတိုင်းနီးပါးအနိုင်ရရန် ဖြစ်မည်ဖြစ်သော်လည်း ပရီးမီး ယားလိဂ်ဖလားအတွက် ယှဉ်ပြိုင် မှုမပြီးဆုံးသေးကြောင်း မန်ယူကွင်းလယ်လူ မာတစ်ကပြော သည်။           —Ref:apf.com