ဖြိုးကိုကိုတင့်ဆန်းပါ သုံးဦးကို လက်နက်ဥပဒေဖြင့် ထပ်မံအမှုဖွင့်

အောက်တိုဘာ ၁၅ ရက်ညက နေပြည်တော်လေဆိပ်တွင် သေနတ်များတွေ့ရှိပြီးနောက် ဖြိုးကိုကိုတင့်ဆန်းကို ထိန်းသိမ်းထားစဉ်

 ဖြိုးကိုကိုတင့် ဆန်းနှင့် အပေါင်းပါနှစ်ဦးတို့ကို စတင် ဖမ်းဆီးရမိခဲ့သည့် လက် နက်နှင့် ကျည်များအတွက် လက် နက်ဥပဒေပုဒ်မဖြင့် အေလာနယ် မြေရဲစခန်းတွင် ထပ်မံအမှုဖွင့် ကြောင်း ဒီဇင်ဘာ ၁၅  ရက်၌ပြည်ထဲရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။ 

လေဆိပ်တွင် စတင်ဖမ်းမိ စဉ်က ရရှိခဲ့သည့် လက်နက်နှင့် ကျည်များကို လက်နက်ပုဒ်မဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း အေလာ ရဲစခန်းမှ ဒုရဲအုပ်ဟန်ဝင်းအောင် က ပြောသည်။ 

‘‘မူးစိတ်ပုဒ်မ ၂၂(ခ) က မူး ယစ်ဆေးဝါးအမှုတွေကို ကျူးလွန် တဲ့အခါမှာ လက်နက်တွေပါလာ ရင် ဖွင့်တဲ့ ပုဒ်မလေ။ အဲဒါက မူး ယစ်အမှုနဲ့သာ ဖွင့်တာကိုး။ သူ့ကို လက်နက်အမှုနဲ့ ဖွင့်တာမဟုတ် ဘူးလေ။ လက်နက်အမှုနဲ့ သီးခြား ပြန်ဖွင့်ပါလို့ အကြံပြုလို့ ဖွင့်တာ’’ ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာ ရှိတစ်ဦးက ပြောသည်။ 

အောက်တိုဘာ ၅ ရက်က နေပြည်တော်လေဆိပ်တွင် ဖမ်း ဆီးရမိသည့် ဖြိုးကိုကိုတင့်ဆန်း နှင့် အပေါင်းအပါနှစ်ဦးထံမှ ၉ မမ ပစ္စတိုနှစ်လက်၊ ယင်းကျည် ၇၂ တောင့်နှင့် WY စာတန်းပါစိတ်ကြွ ဆေးပြား ၁၂ ပြား၊ ICE ၁ ဒသမ ၅ ဂရမ်ကို တွေ့ရှိသဖြင့် အေလာ ရဲစခန်း၌ မူး၊ စိတ်ပုဒ်မတို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ထိုအမှုကို အောက်တိုဘာ ၂၁ ရက်တွင် မှုခင်းရဲတပ်ဖွဲ့ (CID)က လွှဲပြောင်းစစ်ဆေးပြီး ပြည် ထောင်စုရှေ့နေချုပ်ရုံးသို့ ဥပဒေ အကြံပြုချက်တောင်းခံရာ တရား စွဲနှင့် အမှုလိုက်ဦးစီးဌာနက ပစ္စတို နှစ်လက်နှင့် ကျည်များ သိမ်းဆည်း ရမိမှုအပေါ် လက်နက်ပုဒ်မ ၁၉(စ)ဖြင့် သီးခြားအမှုဖွင့်ရန် အကြံပြု ခဲ့သည်။ 

ထို့နောက် ဒီဇင်ဘာ ၁၅ ရက် ၌ ဖြိုးကိုကိုတင့်ဆန်းပါ သုံးဦး ကို အေလာနယ်မြေရဲစခန်းတွင် လက်နက်ပုဒ်မ ၁၉(စ) ဖြင့် ထပ်မံ အမှုဖွင့်ပြီး မှုခင်းရဲတပ်ဖွဲ့က စစ် ဆေးနေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ပတ်သက်၍ ကွင်းဆက်တရားခံ ၁၅ ဦးနှင့် လက်နက် ၂၄ လက် ဖမ်းဆီးရမိထားပြီး အမှု ၁၇ မှု ဖွင့်ထားကြောင်း ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက အောက်တိုဘာ ၂၆ ရက်၌ ပြောကြားထားသည်။ 

More in Crime Section