တော်ဝင်နှစ်သစ်နှင်းဆီအငြိမ့်မှာ နိုင်ငံရေးပြက်လုံးကို တတ်နိုင်သမျှ ရှောင်မယ်ပြောတဲ့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)

(ဓာတ်ပုံ − ဇွဲဉာဏ်)

 နှစ်သစ်အကြိုကျင်းပ မည့် တော်ဝင်နှစ်သစ်နှင်းဆီ အ ငြိမ့်တွင် နိုင်ငံရေးပြက်လုံးများ တတ်နိုင်သမျှ ရှောင်မည်ဖြစ် ကြောင်း နှင်းဆီအဖွဲ့ဦးဆောင်သူ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောသည်။

‘‘အပြစ်ကင်းစင်စွာ ရယ် မောရတာတွေကို ပြက်ချင်တယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး တချို့ ဟာလေးတွေတော့ အပြုသဘော နဲ့ ပါမှာလေးတွေတော့ရှိပါတယ်’’ ဟု ၎င်းကပြောသည်။


 တော်ဝင်ဂါးဒင်းဟိုတယ်၏ နှစ်သစ်အကြိုဖျော်ဖြေပွဲဖြစ်သော ကြောင့် တော်ဝင်နှစ်သစ်နှင်းဆီ ဟု အမည်ပေးကာ ဒီဇင်ဘာ ၃၀ ရက် ညတွင် တော်ဝင် Grand Ballroom ၌ ကပြမည်ဖြစ်သည်။

‘‘အထူးအဆန်း ရယ်ရတာ တွေပါမယ်။ ပရိသတ်အနေနဲ့ မထင်မှတ်ထားတာလေးတွေ ပါ မယ်’’ဟု ၎င်းကပြောသည်။

ယင်းဖျော်ဖြေပွဲတွင် လူရွှင် တော်များအဖြစ် မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်း ထွန်းနှင့် ရဲလေးတို့ ပါဝင်ပြီး မင်း သမီးများအဖြစ် မိုးပြည့်ပြည့် မောင်၊ ဖူးစုံ၊ မေကဗျာနှင့် မိုးယုစံ တို့ ပါဝင်ကပြမည်ဖြစ်သည်။

ဖျော်ဖြေပွဲလက်မှတ်များကို ကျပ်သုံးသောင်း၊ ငါးသောင်း၊ ကျပ်တစ်သိန်း၊ VIP နှင့်၊ VVIP ဟု သတ်မှတ်ထားပြီး တော်ဝင်စင် တာ၊ မန်းသီရိတေးသံသွင်း၊ A&T မုန့်တိုက်၊ Nobody (ရန်ကင်းစင် တာ၊ ဒဂုံစင်တာ)တို့၌ ရောင်းချ နေသည်။

နှင်းဆီအဖွဲ့၏ ဖျော်ဖြေပွဲကို ပြည်တွင်း၌ တစ်နှစ်လျှင် တစ်ပွဲ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် အ ဖွဲ့သားများ အလုပ်ပိုလုပ်နေရ သောကြောင့် နှစ်ကုန်ပိုင်းမှသာ ကျင်းပနိုင်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်းက ဆိုသည်။

ထို့အပြင် နှင်းဆီအဖွဲ့သား များ ပါဝင်ရိုက်ကူးသည့် Rose Rider ဇာတ်ကား ရိုက်ကူးရေး ကြောင့် ယခုနှစ်အတွင်း သွား ရောက်ရန် စီစဉ်ခဲ့သည့် အမေရိ ကန် ဖျော်ဖြေရေးခရီးစဉ်ကို ရွှေ့ ဆိုင်းခဲ့ရသည်။ ယင်းခရီးစဉ်ကို အဖွဲ့သားများနှင့် ရက်ညှိ၍ လာ မည့်နှစ် မတ်လတွင် သွားရောက်ရန် စီစဉ်နေကြောင်း မောင်မျိုး မင်း (ရင်တွင်းဖြစ်)ကပြောသည်။