Breaking News

သန်လျင်မြို့နယ် ဖွံ့ဖြိုးရေးလမ်း အေးရှားဝေါလမ်းထိပ်တွင် တက်လမ်းကုမ္ပဏီမှ ဘိလပ်မြေဖျော်သည့်ယာဉ်က ၂၂ ဘီးယာဉ်နှင့် ဆိုင်ကယ်ကို ဒီဇင်ဘာ ၁၄ ရက်တွင် ဝင်တိုက်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ရာ ထွက်ပြေးခဲ့သော ယာဉ်မောင်းကို ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားသည်။


ဓနုဖြူမြို့တွင် (၁၀) နှစ်အရွယ် သမီးအရင်းအား နှိပ်စက်သည့်ဖခင်ကို အပြင်းအထန်နာကျင်စေမှု၊ ပိတ်လှောင်ထားမှု၊ ခြိမ်းခြောက်မှုတို့ဖြင့် အမှုဖွင့်ထားပြီး ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာဥပဒေပုဒ်မ ၆၆ (ဃ) အရ တရားရုံး ဦးတိုက်လျှောက်ထားခဲ့ကြောင်း မြို့မရဲစခန်းမှူး ဒုရဲမှူးအေးမင်းက ပြောသည်။ နှိပ်စက်ခံရသည့် ကလေးကို ပုသိမ်ကလေးပြုစုရေးဌာနသို့ ခေါ်ဆောင်မည်ဖြစ်သည်။

More in News Section

Top News