လှိုင်မြို့နယ် သုံးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ စားသောက်ဆိုင်ဝန်ထမ်း အမျိုးသမီးကို ထပ်မံဖမ်းဆီး

သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ကြောင်း ၀န်ခံထားသည့် ဇွဲလင်းထက်နှင့် သက်သေခံပစ္စည်းများ (ဓာတ်ပုံ − Yangon Police)

လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်မှု နှင့်ပတ်သက်၍ ဆိုင်ဝန်ထမ်းအ မျိုးသမီးကို ထပ်မံဖမ်းဆီးစစ်ဆေး နေကြောင်း အသတ်ခံရသူ၏ ခင် ပွန်းဦးလှမျိုးထွန်းက ပြောသည်။


ထပ်မံဖမ်းဆီးထားသည့် အ မျိုးသမီးသည် Stay A While စား သောက်ဆိုင်မှ ငွေကိုင်ဝန်ထမ်း မအိအိမွန်ဖြစ်ပြီး ၎င်းကို ဒီဇင်ဘာ ၁၄ ရက်က ဖမ်းဆီးကာ သတင်းထိမ်ချန်မှုဖြင့် လှိုင်မြို့နယ်တရား ရုံးတွင် တရားစွဲဆိုခဲ့ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိက ပြော သည်။

ဖမ်းဆီးခံထားရသည့် မအိ အိမွန်သည် လူသတ်မှုဖြစ်ပွားခဲ့ပြီး နောက် ၎င်း၏ ဖေ့စ်ဘွတ်ခ်အ ကောင့်တွင် သေဆုံးသူ မကေသီ လှိုင်ဖုန်းဖြင့် စကားပြောကြားထား သည့် ဖုန်းမက်ဆေ့ခ်ျများကို တင် ထားခဲ့သည်။ 

‘‘အိမ်မှာ လူမရှိတဲ့အခါ သူ့ (မအိအိမွန်)ကို အမျိုးသမီးက ခေါ်အိပ်တယ်။ နိုဝင်ဘာ ၈ ရက် (လူသတ်မှုမဖြစ်ခင် တစ်ရက်အလို) နေ့က သူ သင်တန်းတက်ဖို့အ တွက် အိမ်ကနေ သွားရင် အဆင်

မပြေဘူးပြောတယ်။ လူသတ်မှုဖြစ်ပြီးနောက်ပိုင်း သမီးအကြီးမ ကိုလည်း သူနေတဲ့ မြောက်ဒဂုံအိမ် မှာ ခေါ်ထားတယ်။ သူ့ကို ရဲက စစ်ဆေးတယ်။ စစ်တော့ သတင်း မပေးတဲ့အမှုနဲ့ စစ်နေတာလို့ သိရ တယ်’’ဟု သေဆုံးသူ မကေသီ လှိုင်၏ခင်ပွန်း ဦးလှမျိုးထွန်းက ပြောသည်။ 

ဖမ်းဆီးစစ်ဆေးမှုနှင့် ပတ် သက်၍ သက်ဆိုင်ရာရဲစခန်းနှင့် အနောက်ပိုင်းခရိုင်မှူးထံသို့ ဖုန်း ဆက်မေးမြန်းသော်လည်း ပြန် လည်ဖြေကြားခြင်းမရှိပေ။ 

‘‘သူ့(မအိအိမွန်)အမှုက အာ မခံပေးလို့ရတယ်။ ဒါပေမဲ့ အာမခံ ပေးမယ့်သူမရှိလို့ အင်းစိန်အချုပ်ရောက်သွားတယ်လို့သိရတယ်’’ ဟု ဦးလှမျိုးထွန်းကပြောသည်။ 

လူသတ်မှုနှင့်ပတ်သက်၍ ထပ်မံဖမ်းဆီးစစ်ဆေးခံရသူ မအိ အိမွန်ကို လှိုင်မြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၂၂ ရက်တွင် ထပ်မံစစ် ဆေးမည်ဟု ၎င်းကပြောသည်။ 

လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံထားသူ ဇွဲလင်းထက်နှင့် ဇနီး ခင်ခင်ဖြိုး၊ မိခင် ဒေါ်ရီတင်တို့ကို ရှေ့နေငှားရမ်းရန် အစီအစဉ်ရှိ၊ မရှိ ဒီဇင်ဘာ ၁၄ ရက် ရုံးချိန်းတွင် အနောက်ပိုင်းခရိုင် တရားရုံး၌ တွဲဖက်ခရိုင်တရားသူကြီး(၄) က မေးမြန်းရာ ရှေ့နေငှားမည်ဟု ၎င်းတို့က ဖြေကြားခဲ့သည်။ 

‘‘ဒီနေ့ကတော့ ဘာမှ စစ် ဆေးတာတွေ မရှိသေးဘူး။ နှစ် ဖက်ရှေ့နေငှားရမ်းဖို့ ရှိ၊ မရှိ တင် ပြထားတယ်။ သူတို့ကိုတော့ လူ သတ်မှု၊ လုယက်မှုအပြင် အား ပေးကူညီမှုနဲ့ပါ တရားစွဲဆိုထား ပါတယ်’’ဟု တရားလိုရှေ့နေ ဦးလှ မျိုးမြင့်က ပြောသည်။ 

အမှုစစ်ဆေးရန် ဒီဇင်ဘာ ၂၈ ရက်ကို တရားသူကြီးက ထပ်မံချိန်းဆိုခဲ့သည်။ 

‘‘အဖြစ်မှန်ပေါ်ပေါက်ဖို့အ တွက် လိုအပ်ပါတယ်။ လစာတိုး တောင်းတာနဲ့ မကျေနပ်လို့ ဓားနဲ့ ထိုးသတ်ခံရတယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော့်အမျိုး သမီးလည်း သိက္ခာကျပါတယ်။ ဒီအတွက် အမှုမှန်ပေါ်ပေါက် အောင် တစ်ဖက်ကနေ ကျွန်တော် လည်း ကြိုးစားနေတယ်’’ဟု ဦးလှ မျိုးထွန်းက ပြောသည်။ 

Stay A While စားသောက် ဆိုင်တွင် အမျိုးသမီးဝန်ထမ်းလေး ဦးရှိပြီး မကေသီလှိုင်နှင့် မအေး မာဦးတို့ သေဆုံးခဲ့ကာ လူသတ်မှု ကျူးလွန်သူ၏ဇနီး ခင်ခင်ဖြိုးနှင့် မအိအိမွန်တို့ကိုဖမ်းဆီးထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခန့်က လှိုင်မြို့နယ် လှိုင်သီရိအိမ်ရာနေ မကေသီလှိုင်အပါအဝင် ၎င်း၏သမီးနှင့် ဝန်ထမ်း အမျိုးသမီးတို့ နေအိမ်အတွင်း အသတ် ခံထားရသည်ကို အပုပ်နံ့ နံရာမှတစ်ဆင့် ပတ်ဝန်းကျင်က သိရှိခဲ့သည်။ 

More in Crime Section