ကောက်ရိုးမီးမဖြစ်သင့်သော နောက်ဖေးလမ်း ဥယျာဉ်များ

ဓာတ်ပုံ−လင်းဟိန်း

ဤနေရာတွင် လွန်ခဲ့ သည့်   ကိုးလခန့်က ဆော့ကစားနေသောကလေးများ၏  ရယ်သံများ ပျံ့ လွင့်နေခဲ့သည်။ တိုက်တန်းလျား ၏ နောက်ဘက်ပိုင်းပင်ဖြစ်သော် ငြား တိုက်နောက်ဘက် နံရံတွင် ကလေးများကိုယ်တိုင် ရေးဆွဲ ထားသည့် ဆေးပန်းချီများဖြင့် လှပတင့်တယ်နေခဲ့သည်။ ဘေး တစ်ဖက်တစ်ချက်တွင် အလှဆင် ထားသည့် ပန်းပင်၊ သစ်ပင်များ ကလည်း ထိုနေရာလေးကို ပို၍ စိမ်းစိုစေခဲ့သည်။

နွယ်ပန်းပင်များ   စိုက်ပျိုး ထားပြီး သစ်ခုံများပေါ်တွင် အစီ အရီ ချထားသည့် ပန်းအိုးလေး များက ဥယျာဉ်သဖွယ်ဖြစ်နေ သည်။ ပန်းခြံတစ်ခုအလား နေ ချင်စဖွယ်ကောင်းလှသည့် ထိုနေ ရာတွင် ရပ်ကွက်အတွင်းမှ ကလေးငယ်များ ကစားကာ လူ ကြီးများလည်း အေးချမ်းစွာအနား ယူနိုင်ခဲ့သည်။ ထိုအချိန်က ဤ နေရာသည် သန့်ရှင်းသပ်ရပ်လှ သော ပျော်ရွှင်စရာ နောက်ဖေး လမ်းကြားငယ် ဖြစ်ခဲ့ဖူးသည်။

သို့သော် လက်ရှိတွင်မူ လွန်ခဲ့သည့်ကိုးလခန့်ကလို ကြည် နူးစရာရယ်သံများ မကြားရတော့။ယခင်က ဆေးရောင်အထင်းသား ဖြင့် ကြည့်ရှုသူတိုင်းကို ကြည်နူး စေခဲ့သည့် နံရံပန်းချီများသည် ယခုအခါ မှုန်ဝါးဝါးဖြစ်နေပြီ။ ပန်းအိုးများ၊ သစ်ပင်များသည် လည်း ဟိုတစ်ခုသည်တစ်ခု ပြန့် ကျဲနေပြီး ယခင်လိုအစီအရီ လှပ မနေတော့ပေ။ နွယ်ပန်းများဖြင့် တင့်တယ်ခဲ့သည့် ဝါးစင်များသည် လည်း ပြိုလဲကျနေပြီဖြစ်သည်။

ထိုလမ်းကြားသည် ၂၀၁၇ မတ်လ ၁၂ ရက်က နောက်ဖေး လမ်းကြားဥယျာဉ်အဖြစ် လွှတ် တော်ကိုယ်စားလှယ်များ၊ ရပ် ကွက်သူရပ်ကွက်သားများက ဒို့ အိမ်အဖွဲ့နှင့် ပူးပေါင်းဖွင့်လှစ်ခဲ့ သည့် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့ နယ်ရှိ ၂၇ လမ်းနောက်ဖေးလမ်း ကြားပင်ဖြစ်သည်။

တစ်ချိန်က အမှိုက်များဖြင့် ပြည့်နှက်ကာ မည်သူမျှ မသွား ချင်လောက်အောင် ညစ်ပတ်နံ စော်ခဲ့သည့် ထိုနောက်ဖေးလမ်း ကြားကို ကျပ်သိန်း ၂၀ ခန့် အကုန်ကျခံ၍ အနားယူချင်စဖွယ် ဖြစ်စေရေး ပြင်ဆင်မွမ်းမံကာ ကလေးများ ကစားနိုင်ရန် ပန်းခြံ တစ်ခုသဖွယ် အလှဆင်ခဲ့သည်။ ထိုလမ်းကြားသည် ရန်ကုန်မြို့ အတွင်း ပထမဆုံး အလှဆင်ခဲ့ သည့် နောက်ဖေးလမ်းကြား တစ်ခုဖြစ်သည်။

ထိုနောက်ဖေးလမ်းကြား ဥယျာဉ်သည် သန့်ရှင်းသပ်ရပ် သည့် ပန်းခြံဘဝမှ လက်ရှိတွင်မူ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ကြသူ များကြောင့် ညစ်ပတ်နံစော်သည့် အမှိုက်ပုံဘဝသို့ ပြန်ရောက်သွား ပြီဖြစ်သည်။

လမ်းကြားကို အလှဆင် အပြီး ကလေးများအား ဝင်ရောက် ဆော့ကစားစေခဲ့သော်လည်း အပေါ်တိုက်ခန်းများမှ ထမင်း ရည်ပူများ လောင်းချခြင်း၊ အမှိုက် စွန့်ပစ်ခြင်းတို့ကြောင့် ဖွင့်လှစ်ပြီး တစ်လခန့်အကြာတွင် ကလေး များကို ဝင်ရောက်ကစားခွင့်မပြု တော့ဘဲ လမ်းကြားခြံတံခါးကို ပိတ်ထားခဲ့ရသည်။

‘‘ကလေးတွေ ကစားနေတုန်း မှာပဲ အပေါ်က ထမင်းရည်တွေ ကျလာတယ်။ ခဏနေရင် ကြောင်ပြုတ်ကျလာတယ်။ အဲဒီ ကတည်းက ကလေးတွေ တစ်ခုခု ဖြစ်မှာစိုးလို့ ပိတ်ထားခဲ့တာ ဒီနေ့ အထိပဲ’’ဟု ၂၇ လမ်းတွင်နေထိုင် သည့် ပန်းဘဲတန်းမြို့နယ် အမှတ် (၃) ရပ်ကွက် ရာအိမ်မှူးဦးအောင် တင်ထွန်းက ပြောသည်။

ကလေးများ အပန်းဖြေ ကစားနိုင်စေရန်၊ နောက်ဖေးလမ်း ကြား သန့်ရှင်းစေရန် စသည့်ရည် ရွယ်ချက်များဖြင့် အကောင် အထည်ဖော်ခဲ့သည့် အဆိုပါ လမ်းကြားအတွင်း ဝဲ၊ ယာတိုက် ခန်းများမှ ပစ်ချထားသည့် ကော် ဖီအိတ်ခွံများ၊ ပလတ်စတစ်အိတ် စများ၊ စက္ကူစများ၊ အမှိုက်သရိုက် များ ပြန့်ကျဲနေသည်။

‘‘ဒီလောက် အကုန်အကျခံ ပြီး လုပ်ထားတာ နှမြောတယ်ဗျာ။ အခုပဲကြည့် အလဟဿဖြစ်ကုန် ပြီ။ လူတွေကလည်း ဘယ်လိုမှ စည်းကမ်းမရှိနိုင်ကြဘူး’’ ဟု ဦးအောင်တင်ထွန်းက အမှိုက်များ ရှိရာသို့ လှမ်းကြည့်ရင်း ညည်း တွားသည်။

၂၇ လမ်းနောက်ဖေးလမ်း ကြားရှိ အမှိုက်များကို လမ်းကြား ဥယျာဉ်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အချိန်အထိ စည်ပင်သာ ယာက နှစ်ကြိမ်တိုင် ရှင်းလင်းပေး ခဲ့သေးသော်လည်း အမှိုက်စွန့်ပစ် နေဆဲဖြစ်ကြောင်း ပန်းဘဲတန်း မြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါ်စိုးပပ လှိုင်က ပြောသည်။

နောက်ဖေးလမ်းကြားဥယျာဉ် စီမံကိန်းကို ၂၇ လမ်းအပြင် ၃၁ လမ်း နှင့် ၃၂ လမ်းကြား၊ ဆိပ် ကမ်းသာလမ်းနှင့် ၃၉ လမ်းကြား တို့တွင်လည်း ဖွင့်လှစ်ထားပြီးဖြစ် သည်။

ဆိပ်ကမ်းသာလမ်းနှင့် ၃၉ လမ်းကြားရှိ နောက်ဖေးလမ်း ကြား ဥယျာဉ်ကို ဇွန်လ ၁၇ ရက်က ဖွင့်လှစ်ခဲ့သည်။ ကျပ် သိန်း ၇၀ ခန့် အကုန်ကျခံဖွင့်လှစ် ခဲ့သော ယင်းလမ်းကြားတွင် လမ်းကြားအဝင်တစ်ပိုင်းကိုသာ အလှဆင်ခဲ့ပြီး ကလေးကစားစရာ ဒန်းများ၊ သစ်ပင်များ စိုက်ပျိုးကာ နံရံတွင် ပန်းချီရေးဆွဲထားသည်။ ကျန် အပိုင်းကိုမူ ကြမ်းခင်းကို ကွန် ကရစ်သာခင်းထားပြီး ဆေး ရောင် သုတ်ထားခြင်းလည်း မရှိ သေးပေ။

အလှဆင်ထားသည့် တစ် ပိုင်းတွင် အမှိုက်ပစ်ခြင်းမရှိသော် လည်း ကျန်ဆေးမသုတ်ထား သည့် အပိုင်းနေရာတွင် အမှိုက် များ အပုံလိုက်ရှိနေသည်။ သို့ဖြစ် ရာ ယင်းအမှိုက်ပုံမှ ဆိုးရွားသော အနံ့အသက်များကို ကလေးများ ကစားသည့်နေရာကပင် ရနိုင် သည်။ ထို့အပြင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်းကြောင့် နောက်ဖေးလမ်းကြား ပန်းခြံစီမံ ကိန်းတည်တံ့ရေး စိန်ခေါ်မှု တစ်ရပ် ဖြစ်နေကြောင်း ၂၇ လမ်း နောက်ဖေးလမ်းကြား ဥယျာဉ်က သက်သေပြနေသည်။

နောက်ဖေးလမ်းကြား စီမံ ကိန်းဖော်ဆောင်ရာတွင် လမ်း ကြား အောက်ခြေကွန်ကရစ်ခင်း သည့် ကုန်ကျငွေကို စည်ပင်သာ ယာဌာနမှ ကျခံပြီး ဆေးသုတ် ခြင်း၊ ပန်းချီရေးဆွဲခြင်း၊ အပင် စိုက်ခြင်း၊ ကစားစရာများ ထားရှိ ခြင်းတို့အတွက် ဒို့အိမ်အဖွဲ့က ၈၀ ရာခိုင်နှုန်း ကုန်ကျခံသည်။ ၂၀ ရာခိုင်နှုန်းကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ရပ်ကွက် နေပြည်သူများက ကျခံသည်။

ထိုသို့ အများစုပေါင်းဆောင် ရွက်ထားသည့် နောက်ဖေးလမ်း ကြား ဥယျာဉ်သည် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကြောင့် အ ချိန်တိုအတွင်း မူလအမှိုက်ပုံဘဝ ပြန်ရောက်သွားနိုင်သည်။

လူအများစုသည် နောက် ဖေးလမ်းကြားကို အမှိုက်ပစ်စရာ နေရာဟု စိတ်ထဲစွဲထင်နေ ကြောင်း၊ နောက်ဖေးလမ်းကြား သို့ အမှိုက်မပစ်ကြရန်နှင့် အ လွယ်တူ အမှိုက်ပစ်နိုင်စေရန် စည်ပင်သာယာက စီစဉ်ပေးသင့် ကြောင်း ၃၉ လမ်းတွင်နေထိုင်သူ ကိုအောင်အောင်က ပြောသည်။

‘‘ပြည်သူတွေကို အလေ့ အကျင့်ရအောင် လုပ်ပေးရမယ်။ မဟုတ်ရင် လစ်ရင်လစ်သလို ပစ် နေကြမှာပဲ’’ဟု ကိုအောင်အောင် က ပြောသည်။

ဖွင့်လှစ်ပြီးဖြစ်သည့် နောက် ဖေးလမ်းကြား ဥယျာဉ်သုံးခု အနက် ၃၁ လမ်းနှင့် ၃၂ လမ်း ကြားရှိ ဥယျာဉ်ကမူ အားလုံးထဲ တွင် စံပြလိုဖြစ်နေသည်။ ယင်း နောက်ဖေးလမ်းကြားကို ခြောက် လနီးပါး အချိန်ယူဆောင်ရွက်ခဲ့ ရပြီး ကျပ်သိန်း ၁၂၀ ခန့်ကုန်ကျ ခဲ့သည်။ လမ်းကြားဥယျာဉ်ကို နံနက် ၆ နာရီမှ ညနေ ၆နာရီအထိ ဖွင့်လှစ်ပေးထားပြီး လမ်းတစ် လျှောက်တွင်  စက်ဘီးစီးသူများက စီး၊ ပြေးလွှားကစားသူများက ကစား၊ ကလေးငယ်များ ပျော် ရွှင်မြူးထူး နေသည်ကို တွေ့ရ သည်။ လမ်းကြားတစ်လျှောက် အပေါ်တွင် အမိုးမိုးထားသည့် အတွက် အရိပ်လည်းကောင်းပြီး တချို့ လမ်းအစည်းအဝေးများ၊ ကလေးကစားပွဲများကိုပင် လမ်း ကြားထဲတွင် ပြုလုပ်သည်။ လမ်း ကြားထဲတွင် ကလေးများ ကစား နေသည့်အပြင် လူကြီးများလည်း အပန်းဖြေအနားယူနေသည်ကို တွေ့ရသည်။ ခုံတစ်လုံးနှင့် စာ ထိုင်ဖတ်နေသူများလည်း ရှိ သည်။

လမ်းကြားသို့ အမှိုက်ပစ်သူ အနည်းငယ်ရှိနေသေးသော်လည်း လမ်းတွင်နေထိုင်သူများက ဝိုင်း ဝန်းထိန်းသိမ်းသဖြင့် လမ်းကြား သို့ အမှိုက်စွန့်ပစ်သူ တဖြည်း ဖြည်းနည်းလာကြောင်း ယင်း လမ်းတွင် နေထိုင်သူ ဦးအောင် ထွန်းက ပြောသည်။ ထို့အပြင် လမ်းကြားသန့်ရှင်းရေးကို လမ်း လူငယ်များက တစ်ပတ်လျှင်တစ် ကြိမ် ပုံမှန်လုပ်ပေးကြောင်း ၎င်း က ဆိုသည်။

‘‘အောက်ကိုပစ်ချတာတွေ့ ရင် တွေ့တဲ့သူက လှမ်းအော် လိုက်တယ်။ နောက်တစ်ခါဆိုရင် မပစ်ရဲတော့ဘူး။ ရှိန်သွားပြီ။ အဲဒီ လို လမ်းထဲကလူတွေက ဝိုင်းထိန်း ပေးကြတယ်။ လူလည်း ညီတယ် လေ။ အခုတော့ ဒီလမ်းကြားလေး က ပျော်စရာကောင်းပါတယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ၃၁ လမ်း၊ ဗိုလ် ဆွန်ပက်လမ်း၊ ၂၉ လမ်း၊ ရွှေဘုံ သာလမ်းတို့တွင် နောက်ဖေးလမ်း ကြားဥယျာဉ်များ ဆက်လုပ်ပြု လုပ်နေပြီး မကြာမီ ဖွင့်လှစ်နိုင် တော့မည်ဖြစ်သည်။

နောက်ထပ် ဖွင့်လှစ်မည့် လမ်းကြားများတွင်လည်း ၂၇ လမ်းကဲ့သို့ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်ခြင်း မရှိစေရန် ရပ်ကွက်နေ ပြည်သူများကို အစည်းအဝေးခေါ် ယူ စည်းရုံးခြင်း၊ အမှိုက်မပစ်ရန် လော်စပီကာဖြင့် လမ်းများသို့ လှည့်လည် လှုံ့ဆော်ခြင်းများ ပြု လုပ်မည်ဖြစ်ကြောင်း ပန်းဘဲတန်း မြို့နယ် တိုင်းလွှတ်တော် ကိုယ် စားလှယ် ဦးသန်းနိုင်ဦးက ပြော ကြားသည်။

ထို့အပြင် လက်ရှိပိတ်ထား သည့် ၂၇ လမ်း လမ်းကြားကို လည်း ပြုပြင်မွမ်းမံကာ ပြန်လည် ဖွင့်လှစ်မည်ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဆိုးဆိုးရွားရွား အမှိုက်ပစ်ခြင်းများရှိလာပါက စည်ပင်သာယာ ဥပဒေအရ အရေးယူစေပြီး အမှိုက်စွန့်ပစ် သည့်အိမ်ကို ရေ၊ မီးများ ဖြတ် တောက်ကာ စံပြအဖြစ်ပြုလုပ် မည်ဟုလည်း ဦးသန်းနိုင်ဦးက ပြောသည်။ စည်ပင်သာယာဥပဒေအရ နောက်ဖေးလမ်းကြားသို့ အမှိုက်စွန့်ပစ်သူကို ဒဏ်ငွေ ကျပ်တစ်သောင်းမှ ငါးသောင်းအထိ အပြစ်ပေးအရေးယူနိုင်သည်။

လမ်းနေ ပြည်သူများက လမ်းကြားသို့ အမှိုက်မပစ်မှသာ နောက်ဖေးလမ်းကြားတွင် ကလေး များ ပျော်ရွှင်စွာ ကစားနိုင်ရေး၊ အပန်းဖြေအနားယူနိုင်ရေး၊ သန့် ရှင်းသည့် လမ်းများကြား ဖြစ်လာ စေရေး စသည့် နောက်ဖေးလမ်း ကြား ဥယျာဉ်ဖော်ဆောင်ခြင်း၏ ရည်ရွယ်ချက်များ လက်တွေ့ကျ လာမည်ဖြစ်သည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု ကြောင့် သော့ခတ်ပိတ်ထားရ သော ၂၇ လမ်း နောက်ဖေးလမ်း ကြားဥယျာဉ်ကဲ့သို့ ကျန်လမ်း ကြားဥယျာဉ်များ မဖြစ်စေရန် လမ်းနေပြည်သူများ၏ စည်းကမ်း ရှိမှုနှင့် ပူးပေါင်းပါဝင်မှုအပေါ် အဓိက မူတည်နေပေသည်။