သတင်းထောက်နှစ်ဦးကို လျှို့ဝှက်အက်ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်

ရိုက်တာသတင်းဌာန မြန်မာသတင်းထောက်နှစ်ဦးအပြင် ရဲနှစ်ဦးကိုပါ လျှို့ဝှက်အက်ဥပဒေ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေများဖြင့် အမှုဖွင့်ထားဟုဆို

ရခိုင်ပြည်နယ်တွင် လုံ ခြုံရေးတာဝန် ထမ်းဆောင်ပြီး နောက် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင် များအား ချဉ်းကပ်စည်းရုံးဆက် သွယ်ပြီး အရေးကြီးလုံခြုံရေး စာ ရွက်စာတမ်း အထောက်အထား များကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်သည်ဟုဆိုကာ ရိုက်တာသတင်းဌာနမှ မြန်မာ သတင်းထောက်နှစ်ဦးနှင့်ရဲအရာရှိနှစ်ဦး စုစုပေါင်းလေးဦးကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် များဥပဒေ ပုဒ်မ−၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

သတင်းထောက်ကိုသက်ဦး မောင်(ခ)၀လုံးနှင့် ကိုကျော်စိုးဦး (ခ)မိုးအောင်တို့နှစ်ဦးကို သက် သေအထောက်အထား စာရွက် စာတမ်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သဖြင့် ထောက်ကြန့်နယ်မြေ ရဲစခန်းက လျှို့ဝှက်ချက် အက် ဥပဒေပုဒ်မ-၃ ဖြင့် အမှုဖွင့် စစ် ဆေး ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းတို့နှစ်ဦးအပြင် လုံခြုံရေးတပ်ဖွဲ့ခွဲမှ ပါဝင်ပတ်သက်သူ ဒုရဲမှူးမိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့နှစ်ဦးကိုလည်း လျှို့ဝှက်အက်ဥပဒေပုဒ်မအပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ များအရလည်းကောင်း ထိရောက် စွာအရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၂ ရက်ည ၉ နာရီ တွင် အမှတ်(၃)လမ်းမကြီးအ တိုင်း လမ်းလျှောက်လာသည့် ရိုက်တာသတင်းထောက်နှစ်ဦးကို မသင်္ကာ၍ သက်သေများနှင့်အ တူရှာဖွေစစ်ဆေးရာရခိုင်ပြည် နယ်မောင်တောဒေသ၌ နယ် မြေလုံခြုံရေးနှင့်ပတ်သက်ပြီး သ တင်းများ၊ စာတမ်းအမှတ်အသား များ၊ ရဲတပ်ဖွဲ့ဝင်များ၏ လက် နက်ခဲယမ်း စာရင်းဇယားများနှင့် တပ်/ကင်းအခြေစိုက် မြေပုံကြမ်း များတွေ့ရှိမှုကြောင့် အမှတ်(၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်ရေးဗိုလ် ကြီး ဒုရဲမှူးဇော်နိုင်က တရားလိုပြု လုပ်၍ အမှုဖွင့်တိုင်ကြားခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ လုံခြုံရေးအ ကျိုးထိခိုက်စေလိုသည့် ရည်ရွယ် ချက်ဖြင့် သတင်းများကိုရယူခြင်း၊ စုဆောင်းခြင်းတို့ကြောင့် အဆိုပါပုဒ်မဖြင့် ဥပဒေအရ အရေးယူပေးရန် တိုင်ကြားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ ၎င်းတို့ကို ထောက်ကြန့်နယ်မြေရဲစခန်းစခန်းမှူးရဲအုပ်မြင့်လွင်က စစ်ဆေးနေ ကြောင်း ရဲမှတ်တမ်း၌ပါရှိသည်။

သတင်းထောက်ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ဒီဇင်ဘာ ၁၂ ရက် ညနေ ၆ နာရီတွင် အင် တာဗျူးတစ်ခုသွားရန် ထွက်ခွာ ခဲ့ပြီး ယင်းအချိန်ကစ၍အဆက်အ သွယ်မရရှိတော့ကြောင်း ကိုဝလုံး ၏ဇနီးမအိမွန်က ပြောသည်။

‘‘သူအဖမ်းခံရတယ်ဆိုတာ အဲဒီည ၁၂ နာရီလောက်မှ သိရတာ။ ဘယ်မှာ အဖမ်းခံရတယ်၊ ဘယ်မှာထားတယ်ဆိုတာ မသိရသေးဘူး’’ ဟု မအိမွန်က ပြောသည်။

‘‘သူတို့ဖမ်းဆီးခံရတဲ့အခြေ အနေတွေနဲ့ သူတို့ရဲ့လက်ရှိအနေ အထားနဲ့ပတ်သက်လို့ သတင်း အချက်အလက်ပိုရဖို့ ကျွန်တော် တို့အရေးတကြီးကြိုးစားနေပါ တယ်’’ ဟု ရိုက်တာသတင်းဌာန ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေး အကြီးအကဲအာဘေးဆာဖို့စ်က ပြောသည်။

ကိုဝလုံးသည် ၂၀၁၆ ဇွန်လ က ရိုက်တာသတင်းဌာနသို့စတင် ရောက်ရှိပြီး ကိုကျော်စိုးဦးသည် ပြီးခဲ့သည့် စက်တင်ဘာက ရောက်ရှိခဲ့သည်။

သတင်းထောက်နှစ်ဦးဖမ်း ဆီးခံရမှုနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားခြင်းမရှိသလို ဆက် သွယ်သတင်းပို့အကြောင်းကြား ခြင်းလည်း မရှိသေးကြောင်း ယင်းကောင်စီ၏ ဒုဥက္ကဋ္ဌ(၁)ဦး အောင်လှထွန်းက ယမန်နေ့ညနေ တွင် ပြောသည်။

ရဲမှတ်တမ်းသတင်းအချက် အလက်များသည် ပြည်သူလူထု က သိသင့်သည့်အချက်အလက် များဖြစ်သင့်ကြောင်း ရန်ကုန်သတင်းစာပညာကျောင်း (YJS) တည်ထောင်သူဦးရဲနိုင်မိုးကပြော သည်။

‘‘ရဲမှတ်တမ်းတွေ၊ စာရင်းဇ ယားတွေက နိုင်ငံတော်လျှို့ဝှက် ချက်တွေလို့ ကျွန်တော်တစ် ယောက်အနေနဲ့နားမလည်ထား ဘူး။ ပြည်သူတွေအနေနဲ့ကို သိရှိ သင့်တဲ့အချက်တွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော် တို့နိုင်ငံမှာဖြစ်နေတဲ့ ပြဿနာက သတင်းစာဆရာတွေ၊ ဆရာမ တွေကို တရားစွဲပြီဆိုရင် နိုင်ငံမှာ ရှိတဲ့ ကြောက်စရာအကောင်းဆုံး၊ အလေးနက်ဆုံးပုဒ်မတွေနဲ့စွဲကြ တာများတယ်ဗျာ။ တကယ်တမ်း ကျတော့  အမုန်းတရားတွေပြော နေတဲ့၊ အမုန်းစကားတွေ ပြောနေ တဲ့၊ အကြမ်းဖက်လုပ်ရပ်တွေကို ပြောနေတဲ့ ထင်ရှားတဲ့သူတွေရှိ နေရင်တောင် ဒီလိုတွေအရေး မယူဘူး’’ ဟု ဦးရဲနိုင်မိုးက ပြောကြားသည်။

နိုင်ငံတကာ သတင်းအေဂျင်စီဖြစ်သော ရိုက်တာသတင်းဌာနအတွက် သတင်းလိုက်ပေးသည့်သတင်းထောက်နှစ်ဦးသည် ယမန် နေ့ည (ဒီဇင်ဘာ ၁၂ ရက်)က ရန် ကုန်မြို့၌ ရဲအရာရှိများနှင့်တွေ့ဆုံ ရန် ဖိတ်ကြားခံရပြီးနောက်သမား ရိုးကျမဟုတ်သော ဖမ်းဆီးခြင်းခံ ရသည့်အကြောင်း ကြားသိရသ ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနေဖြင့် များစွာစိုးရိမ်မကင်းဖြစ်မိကြောင်း ဒီဇင်ဘာ ၁၃ ရက်ညတွင် ထုတ်ပြန်သည်။

ဒီမိုကရေစီတစ်ရပ် အောင် မြင်စေရေး သတင်းထောက်များ အနေဖြင့် လွတ်လပ်စွာသတင်း ရယူရေးသားနိုင်ရန် လိုအပ်ပါ သည်။ မြန်မာအစိုးရအနေဖြင့် ယခုဖမ်းဆီးမှုများအကြောင်း ရှင်း ပြပေးရန်နှင့် (သက်ဆိုင်သူများ ကို) သတင်းထောက်များနှင့်တွေ့ဆုံခွင့်ပေးရန် မိမိတို့တိုက်တွန်းပါသည်ဟု ဖော်ပြထားသည်။

ဖမ်းဆီးခံရသော သတင်း ထောက်နှစ်ဦး၏ဖြစ်စဉ်ကို ပွင့် လင်းမြင်သာစွာရှင်းပြပေးရန်နှင့် ၎င်းတို့နှစ်ဦးကို အမြန်ဆုံးလွှတ် ပေးရန် မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း(MJA)၊ မြန်မာဂျာ နယ်လစ်ကွန်ရက်(MJN)အပါအ ၀င် သတင်းမီဒီယာအဖွဲ့အစည်း (၁၂)ဖွဲ့က ဒီဇင်ဘာ ၁၃ ရက်တွင် ကြေညာချက်အသီးသီးထုတ်ပြန် တောင်းဆိုသည်။

ဖမ်းဆီးခံ သတင်းထောက် နှစ်ဦးနှင့်ပတ်သက်၍ ပြန်ကြား ရေးဝန်ကြီးဌာန၏ သတင်းထုတ် ပြန်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချဉ်းကပ်စည်းရုံးဆက်သွယ်ပြီး တရားမ၀င် သတင်းရယူဆောင်ရွက်ခဲ့သည်ဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ သတင်းထောက်များက ဝေဖန်ကြသည်။ သတင်းရင်းမြစ်များကိုချဉ်းကပ်သတင်းရယူ၍ မိခင်သတင်းဌာနပို့ခြင်းမှာ သတင်းထောက်တာဝန်ဖြစ်သောကြောင့် အထက်ပါ အသုံးအနှုန်းကို ဝေဖန်နေခြင်းဖြစ်သည်။ သတင်းထုတ်ပြန်ချက်တွင် ဖမ်းဆီးလက်ထိတ်ခတ်ခံထားရသော သတင်းထောက်နှစ်ဦးပုံသာပါရှိပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးပုံ မပါရှိပေ။

၁၉၂၃ ခုနှစ်မြန်မာနိုင်ငံအစိုး ရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ−၃သည် နိုင်ငံတော်ကိုဖြစ် စေ၊ နိုင်ငံအကျိုးကိုဖြစ်စေထိခိုက် စေသော ရည်ရွယ်ချက်ဖြင့်ပြုလုပ် ပါက ထောင်ဒဏ်သုံးနှစ်မှ ၁၄ နှစ်အထိ ချမှတ်နိုင်သည်။

လက်ရှိအစိုးရ လက်ထက်သတင်းထောက်များကို ဖမ်းဆီးတရားစွဲဆိုမှုများတွင် ထင်ရှားသော အမှုများ၌ Eleven Media Group စီအီးအို ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ်ဦးဝေဖြိုးတို့ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၆၆(ဃ)ဖြင့်တရားစွဲဆိုမှု၊ The Voice သတင်းစာအယ်ဒီတာချုပ်ဦးကျော်မင်းဆွေကို တပ်မတော်က ၆၆(ဃ) ဖြင့် တရားစွဲဆိုခဲ့သည်။ ဇွန်လ ၂၆ ရက် ကလည်း ဒီဗီဘီသတင်းထောက် နှစ်ဦးနှင့် ဧရာဝတီ သတင်း ထောက်တစ်ဦးအပါအ၀င် အမျိုး သားခုနစ်ဦးကို TNLA အဖွဲ့နှင့် ဆက်သွယ်သည်ဆိုကာ တပ်မ တော်က မတရားအသင်းဆက် သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲ ဆိုခဲ့မှုတို့ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ လလယ်က နေပြည်တော်ရှိ လွှတ် တော် အဆောက်အအုံများကို ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်း မှုဖြင့် ဇမ္ဗူသီရိမြို့နယ် အမှတ် ၅စခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်းကတရားလိုပြု၍  နိုင်ငံခြားသားသတင်းထောက်နှစ်ဦး၊ စကားပြန်နှင့် ယာဉ်မောင်းစုစုပေါင်းလေးဦးကို လေယာဉ်အက်ဥပဒေပုဒ်မ ၁၀၊ သွင်းကုန်၊ ထုတ်ကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထားသည်။

More in News Section