နတ်သံကွင်းဈေး မီးလောင်မှုကို ရှို့မီးဟုသံသယရှိ၍ ကျူးလွန်သူကို စုံစမ်းနေဟုဆို

နတ်သံကွင်းပျံကျဈေး မီးလောင်မှုကြောင့် ကျပ်သိန်း ၂၀၀ ဖိုး ဆုံးရှုံးခဲ့သည်။

 ပဲခူးတိုင်း ကျောက်ကြီး မြို့နယ် နတ်သံကွင်းကျေးရွာ ပျံ ကျဈေးမီးလောင်မှုကို ရှို့မီးဟု သံသယရှိ၍ ကျူးလွန်သူကို စုံ စမ်းစစ်ဆေးနေကြောင်း နတ်သံ ကွင်းနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ကျော်ဇင်သန်းက ပြောကြား သည်။


နတ်သံကွင်း ပျံကျဈေးသည် ဒီဇင်ဘာ ၁၂ ရက် ည ၇ နာရီ မိနစ်၃၀ တွင် ဈေးအတွင်းပိုင်းမှ စတင်လောင်ကျွမ်းခဲ့ပြီး နှစ်နာရီခန့် လောင်ကျွမ်းခဲ့သည်။

နတ်သံကွင်းဈေးတွင် ဆိုင် ခန်း ၂၃၈ ခန်းရှိပြီး မီးလောင်ကျွမ်း မှုကြောင့် ရှစ်ပေပတ်လည် အုတ် ညှပ်သွပ်မိုးဆိုင်ခန်း ၇၅ ခန်းနှင့် လေးပေပတ်လည် ပျံကျဆိုင်ခန်း ၈၄ ခန်း၊ စုစုပေါင်း ၁၅၉ ခန်း ဆုံး ရှုံးခဲ့သည်။

အဆိုပါဈေးသည် ၂၀၁၄ ခုနှစ်ကလည်း မီးလောင်ခဲ့ဖူးပြီး ဈေးကော်မတီက ယင်းအချိန်ကစကာ နေ့စဉ်ညနေ ၆ နာရီ ၁၅ မိနစ်တွင် လျှပ်စစ်မီးဖြတ်ခဲ့သည်။ ယခုမီးလောင်မှုသည်  ည ၇ နာရီ မိနစ် ၃၀ တွင် စတင်လောင်ကျွမ်းခြင်း ဖြစ်၍ ရှို့မီးဟု သံသယရှိခြင်းဖြစ် ကြောင်း ကျောက်ကြီးမြို့ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေး လှိုင်ကပြောသည်။

ဈေးမီးလောင်မှုကို အနီး ပတ်ဝန်းကျင် မြို့များဖြစ်သော ကျောက်တံတား၊ ပဲနွယ်ကုန်း၊ အောင်မြင်၊ ဖြူး၊ ကညွတ်ကွင်း နှင့် ကျွဲပွဲမြို့များမှ မီးသတ်ယာဉ် ၁၄ စီးဖြင့် ငြှိမ်းသတ်ခဲ့ရသည်။ ည ၉ နာရီ ၄၅ မိနစ်တွင် အပြီး သတ် မီးငြိမ်းခဲ့ကြောင်း ၎င်းက ပြောသည်။

ဖြူးမြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ဝင်းက ‘‘မီးလောင်တဲ့နေ ရာနဲ့ မီးသတ်ဌာနနဲ့ကသွားရင် သုံး မိနစ်လောက်အတွင်း ရောက် တယ်။ ဈေးဆိုင်ခန်းက လောင်စ ရာပစ္စည်းတွေကလည်း ချက်ချင်း ဒီလောက် မြန်မြန်မလောင်နိုင် ဘူး။ ညှော်နံ့လည်းမရဘဲ မီးကအ များကြီး လောင်နေတာကိုကြည့် ရင် ရှို့မီးဆိုတာတွက်ဆလို့ရပါ တယ်’’ဟု ပြောသည်။

ဈေးမီးလောင်မှု ဖြစ်စဉ်ကို မီး(သို့) ပေါက်ကွဲစေတတ်သော အရာဖြင့် အကျိုးဖျက်ဆီးမှုဥပဒေ ပုဒ်မ ၄၃၆ ဖြင့် ရဲတပ်ဖွဲ့က အမှု ဖွင့်စစ်ဆေးနေသည်။

More in Crime Section