ရုပ်ရှင်အကြိုခံစားခြင်း

ထာဝရအမေ

-ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ မိခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားအကြောင်း ညွှန်းလိုက်ပါတယ်။

ဒေါ်ခင်ခင်က ခင်ပွန်းပင်စင် ယူတဲ့ အချိန်မှာ အိမ်ရဲ့စီးပွားရေး ကို ဦးဆောင်ခဲ့ပါတယ်။ သူ့ခင် ပွန်းက ရဲအရာရှိဟောင်းတစ်ဦး ပါ။ သူတို့မှာ သားသမီးလည်း များပါတယ်။ ဒါပေမဲ့လည်း ဒေါ်ခင်ခင်က သူ့ရဲ့သားသမီးတွေကို မျက်နှာအညှိုးခံသူမဟုတ်ပါဘူး။ သားသမီးတွေရဲ့ ပညာရေးကို အရမ်း အရေးပေးပါတယ်။

သူတို့မြို့မှာ အထက်တန်းကျောင်းမရှိပေမယ့် သားသမီး တွေရဲ့ ပညာရေးကိုဦးစား ပေးတာကြောင့် မြို့အထိ ကျောင်းတက်စေပါတယ်။ ခင်မောင်ဝင်းကတော့ အမေချစ်တဲ့သားတစ် ယောက်ပါ။ သူအထက်တန်းကို ဂုဏ်ထူးတွေနဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့သူက သူ့အမေရဲ့ပင်ပန်းမှုတွေကို သိတာကြောင့် ဆေးကျောင်း အမှတ်မီပေမယ့် မတက်ဘဲ တခြားလိုင်းတစ်ခုခုတတ်ဖို့ ပြောခဲ့ပေမယ့် ဒေါ်ခင်ခင်က လက်မခံခဲ့ပါဘူး။ ဒေါ်ခင်ခင်ပြောနေကျစကား တစ်ခုရှိပါတယ်။  အဲဒါကတော့ သူ့အတွက် ရွှေတွေ၊ ငွေတွေထက် သားသမီးတွေရဲ့ ဘွဲ့ဓာတ်ပုံကို ဧည့်ခန်းမှာ ချိတ်ချင်တယ်ဆိုတဲ့ စကားပါ။

ဒေါ်ခင်ခင်က စီးပွားရေးအဆင်မပြေဖြစ်ပေမယ့်လည်း သူ့သားသမီးတွေကို ဘယ်တော့မှမသိစေလိုပါဘူး။ အဲဒါကြောင့် သူ့လည်ပင်းက ဆွဲကြိုးက သားတွေတစ်ယောက်ပြီး တစ်ယောက်ကျောင်းတက်တဲ့ အချိန်မှာတော့

တိုသထက်တိုတိုလာပါတယ်။ အဲဒီကိစ္စတွေကို တွေ့ပြီး မိခင်ကိုစာနာနေသူ တစ်ယောက်ကတော့ ခင်မောင်ဝင်းပါ။ အဲဒါကြောင့် ခင်မောင်ဝင်းက ဆေးကျောင်း တက်ဖို့ ငြင်းနေခဲ့တာပါ။

ဒါပေမဲ့နောက်ဆုံးမှာ ခင်မောင်ဝင်းလည်း သူ့အမေရဲ့ စကားတွေကြောင့် ဆေးကျောင်း တက်ခဲ့ပါတယ်။ ဆေးကျောင်း တက်တဲ့အချိန်မှာတော့ သူအ ထက်တန်းကျောင်းကတည်းက သံယောဇဉ်ရှိခဲ့တဲ့ ခင်လေးရီနဲ့ ပြန်ပြီးဆုံခဲ့ပါတယ်။ ခင်လေးရီက လည်း ခင်မောင်ဝင်းကို စိတ်ဝင် စားပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ် ယောက် ချစ်သူတွေဖြစ်ခဲ့ပါ တယ်။ ခင်မောင်ဝင်းက စာကို အရမ်းကြိုးစားတာကြောင့် ပညာတော်သင်ဆုတွေလည်း ရခဲ့ပါတယ်။ အဲဒါကြောင့် နိုင်ငံခြားအထိသွားပြီး ကျောင်းတက်ခဲ့ရပါ တယ်။ အဲဒါတွေကို ပျော်နေသူက တော့ သူ့အမေဒေါ်ခင်ခင်ပါ။ ဒေါ်ခင်ခင်က သားရဲ့ အောင်မြင်မှုတွေကိုကြည့်ပြီး အမြဲပျော်ရွှင်နေ ရသူပါ။ သားသမီးတွေက သူ့ ဘဝပါပဲ။  သားသမီးတွေကို အနှိုင်းမဲ့ မေတ္တာတွေနဲ့ ချစ်တဲ့ ဒေါ်ခင်ခင်၊အမေကို အရမ်းချစ်တဲ့သား ခင်မောင်ဝင်းတို့ရဲ့ ပျော်ရွှင်စရာ၊လွမ်းမောစရာတွေနဲ့ ဇာတ်လမ်းဖွဲ့ထားတဲ့ ထာဝရအမေဇာတ်ကား ကိုတော့ ဒီဇင်ဘာ ၈ ရက်ကနေစတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီဖြစ်ပါ တယ်။

ဒီဇာတ်ကားမှာ ခင်မောင်ဝင်းအဖြစ် နေတိုး၊ ဒေါ်ခင်ခင် အဖြစ် မေသန်းနု၊ ခင်လေးရီအဖြစ် ဝတ်မှုံရွှေရည်တို့နဲ့အတူ ဇာတ်ပို့ဇာတ်ရံ အင်အားကောင်းကောင်းနဲ့ ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကို ရေးသားသူကတော့ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် ဒေါက်တာခင်မောင်ဝင်း (အသည်း) ဖြစ်ကာ မိုးနီလွင်က ဇာတ်ညွှန်းရေးသားထားပြီး ရိုက်ကူးပုံဖော်သူကတော့ ဒါရိုက်တာ စင်ရော်မောင်မောင်ပါ။