နိုင်ငံခြားသား သတင်းထောက်နှစ်ဦးကို လဝက ပုဒ်မဖြင့် စတင်စစ်ဆေး

နိုင်ငံခြားသား သတင်းထောက်နှစ်ဦးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ပိုင်စိုးသူ)

 နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံကို ဒရုန်းဖြင့် ရိုက်ကူးရန်ကြိုးပမ်းသူ လေးဦးအနက် နိုင်ငံခြားသား သ တင်းထောက်နှစ်ဦးကို စွဲဆိုထား သော လဝကပုဒ်မဖြင့် ဇမ္ဗူသီရိ မြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၁ ရက်တွင် ရုံးထုတ်ပြီး တရားလိုပြ သက်သေနှစ်ဦးကို စစ်ဆေးခဲ့ ကြောင်း တရားလွှတ်တော်ရှေ့ နေ ဦးခင်မောင်ဇော်က ပြော ကြားသည်။


‘‘တရားလိုကတော့ လဝက ဒုဦးစီးကို စစ်တယ်။ နောက်အ မှတ် (၅) စခန်းမှူးကတော့ ဒရုန်း လွှတ်တင်တဲ့ ကိစ္စကို လာအစစ် ခံသွားတယ်’’ ဟု ဦးခင်မောင်ဇော် ကပြောသည်။

လွှတ်တော်အဆောက်အအုံ  ကို ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးစား မှုနှင့်ပတ်သက်၍ တူရကီအခြေ စိုက် TRT သတင်းဌာနမှ ပြည်ပ ဂျာနယ်လစ်နှစ်ဦး၊ စကားပြန်အ ဖြစ် လိုက်ပါလာသူနှင့် ယာဉ် မောင်းအပါအဝင် လေးဦးကို ဇမ္ဗူ သီရိမြို့နယ် တရားရုံးက နိုဝင်ဘာ ၁၀ ရက်တွင် လေယာဉ်အက်ဥပ ဒေပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ်နှစ် လစီ ချမှတ်ခဲ့သည်။

လက်ရှိတွင် စကားပြန်ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်းဦးလှတင်တို့နှစ်ဦးသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်တရားစွဲဆိုခံထားရပြီး ပြည်ပဂျာ နယ်လစ်နှစ်ဦးဖြစ်သော စင်ကာပူနိုင်ငံသားနှင့် မလေးရှားနိုင်ငံသူ တို့သည် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အပြင် လူဝင်မှုကြီးကြပ် ရေး (လဝက) အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် ထပ်မံတရားစွဲဆိုခံထား ရသည်။

လူဝင်မှုကြီးကြပ်ရေး (လဝ က) ဌာန ဒုဦးစီးမှူးက နိုင်ငံခြား သားနှစ်ဦးသည် လူဝင်မှုကြီးကြပ် ရေး အက်ဥပဒေပါ ပြဋ္ဌာန်းချက် များကို ချိုးဖောက်သဖြင့် ယင်းဥ ပဒေပုဒ်မ ၁၃ (၁) ဖြင့် တရားစွဲဆို ခဲ့ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

‘‘ဥပဒေပုဒ်မ ၄ (၂) မှာဘာ ပြဋ္ဌာန်းထားသလဲဆိုတော့ ပြည် တွင်းမှာရှိတဲ့ ဥပဒေတစ်ခုခုကို ငြိ စွန်းပြီဆိုရင် နိုင်ငံတော်သမ္မတက ဒီလူကို နိုင်ငံကနေ ပြည်နှင်ဒဏ် ပေးနိုင်တယ်ဆိုပြီး ပြဋ္ဌာန်းချက်ရှိ တယ်။ အဲဒီ ၄ (၂) ကို ချိုးဖောက် တယ်။ အဲဒါကြောင့်မို့လို့ ဥပဒေ တစ်ခုခုကို ချိုးဖောက်တာဖြစ်တဲ့ အတွက် လဝကဥပဒေပုဒ်မ ၁၃ (၁) နဲ့ တင်တယ်ဆိုပြီးပြောတယ်။ အဲဒါကတရားလိုက ပြောသွား တာပေါ့ဗျာ’’ ဟု ဦးခင်မောင်ဇော် ကဆိုသည်။

နောက်တစ်ကြိမ်ရုံးချိန်းကို ဒီဇင်ဘာ ၂၀ ရက်သို့ ထပ်မံချိန်း ဆိုထားသည်။

လက်ရှိတွင် နိုဝင်ဘာ ၁၀ ရက်က လေယာဉ်အက်ဥပဒေပုဒ် မ-၁၀ ဖြင့် ပြစ်ဒဏ်ချမှတ်သော အမှုသည် ၂၀၁၈ ဇန်နဝါရီ ၁၀ ရက်တွင် နှစ်လပြည့်မည်ဖြစ်သည်။

‘‘နှစ်လပြည့်သွားရင်တော့ သူတို့က ထောင်ကလွှတ်ပေးရ မယ်ဗျ။ ထောင်ချလို့တော့ မရ တော့ဘူး။ နဂိုခေါ်လာတဲ့အချုပ် ကို ပြန်ပို့ရင်ပို့မယ်။ ထောင်မှာ တော့ မဟုတ်တော့ဘူးပေါ့’’ ဟု ဦးခင်မောင်ဇော်က သုံးသပ် သည်။

ထောင်ဒဏ်နှစ်လပြစ်ဒဏ် စေ့ပါက လက်ကျန်အမှုနှစ်ခုအ တွက် အယူခံတင်ရန် ဆက်လက် ကြိုးစားမည်ဟု ၎င်းကဆိုသည်။

‘‘အဲဒီနောက်မှာ ကျွန်တော် တို့က အာမခံလျှောက်ယူရမှာ ပေါ့။ လျှောက်လို့ပေးရင်တော့ အ ပြင်မှာ ထားမှာပေါ့။ မပေးရင် လည်း ဆက်ပြီးတော့နေရင်နေ ရမှာပေါ့။ အာမခံပေးခြင်း၊ မပေး ခြင်းဟာ တရားသူကြီးရဲ့ဆင်ခြင် တုံတရားအပေါ်ပဲ မူတည်တာ’’ ဟု ဦးခင်မောင်ဇော်က ဆက် လက်ပြောကြားသည်။