ခရီးသွားရင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ကော့သောင်းကို ထွက်ခွာသွားတဲ့ နေမင်း၊ ရဲတိုက်နဲ့ ခင်ဝင့်ဝါ

 ထောင်မှလွတ်ပြီးနောက် ပထမဆုံးခရီးစဉ်တစ်ခုအနေဖြင့် အပန်းဖြေရင်း မှတ်တမ်းရုပ်ရှင် Documentary တစ်ခု ရိုက်ကူး ရန် Seaberg ခရီးသွားကုမ္ပဏီက စီစဉ်ပေးသည့် ကော့သောင်းခရီး စဉ်ကို ဒီဇင်ဘာ ၆ ရက်က စတင် ထွက်ခွာခဲ့ကြောင်း သရုပ်ဆောင် ရဲတိုက်က ပြောသည်။

‘‘အမှန်တကယ်တော့ တောင်ကြီး အရမ်းပြန်ချင်တာပါ။ တောင်ကြီးကို တန်ဆောင်တိုင်ပြန်မယ် ဆိုပြီး စဉ်းစားထားတယ်။ ဒါပေမဲ့ လွတ်တဲ့ရက်က တန်ဆောင်တိုင် နဲ့ ဟသွားတဲ့အတွက် မသွားလိုက် ရဘူး။ ဒါပေမဲ့ ဒုတိယအကြိုက် ဆုံးနေရာက ပင်လယ်ကမ်းခြေဆို တော့ အဲဒီကို အခုသွားရမယ့်အ တွက် ပျော်တယ်’’ဟု ၎င်းက ပြောသည်။အဆိုပါ ခရီးစဉ်တွင် ရဲတိုက် အပြင် သရုပ်ဆောင် နေမင်းနှင့် ခင်ဝင့်ဝါတို့လည်း ပါဝင်ပြီး မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာဉာဏ က ရိုက်ကူးမည်ဖြစ်သည်။

‘‘ရဲတိုက်လွတ်တဲ့အချိန်မှာ Relax ဖြစ်မယ့် ခရီးစဉ်လေးတစ် ခုပို့ပေးချင်တဲ့အချိန်မှာ ကုမ္ပဏီ ကနေ ရဲတိုက်အတွက် Relax ဖြစ် အောင်၊ ကုမ္ပဏီအတွက်လည်း အလုပ်ဖြစ်အောင် ခရီးစီစဉ်ပေး တယ်။ အဲဒီကနေမှ တခြားသူတွေ ပါ ထပ်ထည့်ရအောင်ဆိုပြီး နေ မင်းနဲ့ ခင်ဝင့်ဝါပါ ထပ်ခေါ်ဖြစ် တယ်။ အဓိကကုမ္ပဏီအတွက် လည်း ဓာတ်ပုံလေးတွေရိုက်ရင်း အပန်းဖြေခရီးသွားတဲ့ပုံစံမျိုးလေး ပါ။ အပန်းဖြေခရီးပို့မယ်လို့ အစီ အစဉ်ဆွဲရင်း ဒီ Documentary လေးဖြစ်လာတာပါ’’ဟု ဒါရိုက် တာဉာဏက ပြောသည်။

ရဲတိုက်သည် ထောင်မှလွတ် လာပြီးနောက်ပိုင်း ခရီးစဉ်သုံးခုသွားရန်ရှိပြီး ကော့သောင်း၊ ဘန်ကောက်နှင့် တောင်တန်းဒေသတစ် ခုသို့သွားရန် စီစဉ်ထားသည်။

‘‘ဟိုရောက်ရင် ဘာမှတော့ မလုပ်ချင်ဘူး။ စိတ်ကို Relax လုပ်ချင်တယ်။ ဇာတ်ကားတွေ ပြန် ရိုက်ဖို့အတွက် စိတ်တစ်ခုမွေးရ မယ်လေ။ ဘန်ကောက်ကိုသွားဖို့ လည်းရှိတယ်။ အဲဒါက မိတ်ဆွေ တစ်ယောက် စီစဉ်ပေးတာပါ’’ဟု ရဲတိုက်က ပြောသည်။