ချန်ပီယံလိဂ်မှ ထွက်ရပြီးနောက် အက်သလက်တီကို ယူရိုသန်း ၃၀ ဆုံးရှုံးမည်

 အက်သလက်တီကို မက်ဒရစ်သည် ချယ်လ်ဆီးနှင့် တစ်ဂိုးစီသရေကျကာ ချန်ပီယံ လိဂ်မှ စောစောစီးစီးထွက်ခဲ့ရပြီး ယူရိုသန်း ၃၀ အထိ ဆုံးရှုံးမည်ဖြစ် သည်။

ရိုးမားက ကာရာဘက်ကို ၁-၀ ဂိုးဖြင့် နိုင်သဖြင့် အက်သ လက်တီကို၏ နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက်ပျောက် ဆုံးခဲ့ပြီး ယင်းမှာ ၎င်းတို့အသင်း ရှစ်နှစ်အတွင်း ရှုံးထွက်အဆင့်သို့ မတက်လှမ်းနိုင်သည့် ပထမဆုံး အကြိမ်ဖြစ်ကာ ဘဏ္ဍာရေးအရ တန်ပြန်ရိုက်ခတ်မှုလည်း  ရှိနေ သည်။

အက်သလက်တီကိုသည် ပြီးခဲ့သည့်နှစ်က ချန်ပီယံလိဂ်တွင် ပါဝင်ယှဉ်ပြိုင်မှုမှ ယူရိုသန်း ၆၀ ရရှိခဲ့သည်။ ယခုနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲဝင်တစ်သင်းစီသည် တစ်ပွဲ စီစွမ်းဆောင်မှုအတွက် ယူရိုငါး သိန်းအပြင် ယူရို ၁၂ ဒသမ ၇ သန်းရရှိကာ အနိုင်တစ်ပွဲအတွက် တစ်သန်းခွဲရရှိသဖြင့် စုစုပေါင်း ၁၆ ဒသမ ၂ သန်းရရှိမည်ဖြစ် သည်။

ယင်းပမာဏတွင် ကလပ် များနှင့် လက်မှတ်ရောင်းချမှုများ အကြား ဘဏ္ဍာငွေခွဲဝေရရှိမှု ပို လာနိုင်သော်လည်း အက်သလက် တီကိုသည် ယူရိုသန်း ၃၀  ဆုံးရှုံး မည်ဖြစ်သည်။

သို့သော်အက်သလက်တီကို က ယင်းဆုံးရှုံးမှုကို ဖာထေးရန် လုံလောက်သော ရင်းမြစ်များရှိ သည်ဟု ပြောသည်။ ၎င်းတို့အနေ ဖြင့် လာမည့်အပြောင်းအရွှေ့ ဈေးကွက်တွင် ကစားသမားအ နည်းဆုံးနှစ်ဦးရောင်းချရမည်ဖြစ် သည်။

ယခုအခါ အက်သလက်တီ ကိုသည် ယူရိုပါလိဂ်တွင် ပါဝင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Ref:AS