ရိုက်နှက်ခံရသည့် သံဃာကို ဒီချုပ် ဗဟိုအမျိုးသမီးကော်မတီက ကျပ် ၁၀ သိန်း လှူဒါန်း

ဆရာတော်ဦးဣန္ဒကကို ဒီချုပ်ဗဟိုအမျိုးသမီးကော်မတီ သွားရောက်ဖူးမြော် လှူဒါန်းစဉ် (ဓာတ်ပုံ − May Win Myint Facebook)

 ထောက်ကြန့်မြို့နယ်ရှိ စားသောက်ဆိုင်၌ ရိုက်နှက်ခံရ သည့် ဆရာတော် ဦးဣန္ဒကကို ဒီချုပ် ဗဟိုအမျိုးသမီးကော်မတီ က ဒီဇင်ဘာ ၆ ရက်၌ သွားရောက် တွေ့ဆုံ၍ နဝကမ္မအလှူငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာမေ ဝင်းမြင့်ကပြောသည်။

‘‘ဒုက္ခရောက်နေတဲ့သူတွေ၊ အကူအညီ လိုအပ်တဲ့သူတွေကို ကူညီပေးဖို့ အဖွဲ့ရဲ့ရည်ရွယ်ချက် ထဲမှာ ပါပြီးသား။ ဆရာတော်သတင်းကြားတဲ့အခါမှာ ကျန်းမာ ရေးအခြေအနေ ဘယ်လိုကူညီ ပေးလို့ရမလဲဆိုတာ သွားလျှောက်ရင်းနဲ့ နဝကမ္မအလှူငွေလည်း လှူ ဖြစ်တာပါ’’ ဟု ၎င်းကပြောသည်။


ထိုသို့ သွားရောက်တွေ့ဆုံ ရာတွင် ရိုက်နှက်ခံရသည့် ဆရာ တော် ဦးဣန္ဒကက တစ်စုံတစ်ရာ မိန့်ကြားခြင်းမရှိသော်လည်း ဖြစ် စဉ်အမှန် ပေါ်ပေါက်ရေး ကူညီ ဆောင်ရွက်နေသည့် ဆရာတော် များက အမှုမှန်ပေါ်ပေါက်ရေးကူ ညီဆောင်ရွက်ပေးရန် တိုက်တွန်း မိန့်ကြားခဲ့ကြောင်း ဒေါက်တာ မေဝင်းမြင့်ကပြောသည်။

ဒီချုပ် ဗဟိုအမျိုးသမီးကော် မတီသည် အောက်တိုဘာအတွင်း က ရွှေတိဂုံစေတီတော် အရှေ့ ဘက်မုခ်တွင် ငုံးဥပြုတ်ရောင်း၍ နှင်ထုတ်ခံရသူ အစ္စလာမ်ဘာသာ ဝင် ဦးအောင်သန်းကိုလည်း ဆေး ကုသစရိတ်အဖြစ် ကျပ်ခုနစ်သိန်း ခွဲ ထောက်ပံ့လှူဒါန်းခဲ့သည်။

ဆရာတော် ဦးဣန္ဒကသည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ထောက်ကြန့်ရှိ လမင်းသာ (၂) စားသောက်ဆိုင်အနီး ရောက်ရှိ စဉ် ဆေးသောက်ရန် ရေအလှူခံ ရန် စားသောက်ဆိုင်အတွင်း ဝင် ရောက်ရာမှ ဘီယာဝယ်သည်ဆိုကာ ရိုက်နှက်ခံရကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

 ရိုက်နှက်ခံရသည့် ဆရာ တော် ဦးဣန္ဒကကို ဒီဇင်ဘာ ၅ ရက်က ဘုန်းကြီးလူထွက် ဦး အောင်ကျော်လင်း (ခ) လောပန်း ကိုယ်တော်က ကျပ်သိန်းငါးဆယ် လှူဒါန်းခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရန် ရန် ကုန်တိုင်းဒေသကြီး တရားစီရင် ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာ များ စိစစ်ရေးကော်မတီကလည်း စုံစမ်းခဲ့သည်။ ဆရာတော်ထံ သွားရောက်တွေ့ဆုံစဉ် ကော်မတီ၏ ဆောင်ရွက်ချက်များကို လျှောက်ထားခဲ့ကြောင်း ယင်း ကော်မတီဝင် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကပြောသည်။

‘‘အမှန်တရား ပေါ်ပေါက် ရေးနဲ့ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေး နိုင်ရေး နီးနီးကပ်ကပ်စောင့်ကြည့် နေတယ်ဆိုတာတွေ လျှောက်ခဲ့ပါ တယ်။ ကျန်တဲ့ဆရာတော်တွေနဲ့လည်း ဆွေးနွေးဖြစ်ပါတယ်။ ဆရာတော်ကတော့ တော်တော် စိတ်မကောင်း ဖြစ်နေပုံရတယ်’’ ဟု ၎င်းကပြောသည်။