မုံရွာနှင့် ရွှေဘိုမြို့များရှိ ဟိုတယ်ဝန်ထမ်းများအား မီးငြှိမ်းသတ်နည်း သင်တန်းပို့ချ

မုံရွာနှင့် ရွှေဘိုမြို့များ ရှိ ဟိုတယ်ဝန်ထမ်းများအား မီး ငြှိမ်းသတ်နည်း သင်တန်းများ ပို့ချနေကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဦးက ပြောသည်။

မုံရွာမြို့ရှိ ဟိုတယ် ၁၁ ခုနှင့်ရွှေဘိုမြို့ရှိ ဟိုတယ်နှစ်ခုမှ ၀န်ထမ်း ၃၂ ဦးအား မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၅ ရက်ထိ မုံရွာခရိုင် မီးသတ်ဦးစီးဌာနရုံးတွင် သင်တန်းပို့ချနေသည်။

‘‘ဟိုတယ်လိုင်စင်ပေးပြီဆို တာနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရဲ့ ကြိုတင်စစ်ဆေးမှုတွေ အား လုံးပြည့်စုံအောင် ဆောင်ရွက်ပြီး မှ လိုင်စင်ထုတ်ပေးတယ်။ ဟို တယ်တွေမှာထားတဲ့ မီးသတ် ပစ္စည်းတွေ တကယ်အသုံးပြုနိုင် အောင် ဟိုတယ်နဲ့ ခရီးသွားလာ ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဟို တယ်လုပ်ငန်းရှင်များ (စစ်ကိုင်း ဇုန်)၊ တိုင်းမီးသတ်ဦးစီးမှူး၊ မြို့ နယ် မီးသတ်ဦးစီးမှူးတွေနဲ့ ပူး ပေါင်းပြီး ဒီသင်တန်းဖွင့်လှစ်တာ ပါ’’ ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း စစ်ကိုင်း၊ ကလေးမြို့တို့ရှိ ဟိုတယ်ဝန်ထမ်းများကို မီးငြှိမ်းသတ်နည်းဆိုင်ရာ သင်တန်း ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး မီး သတ်ဦးစီးမှူး ဦးမင်းစမ်းအေးက ‘‘ဟိုတယ်တွေမှာ မီးလောင်မှု မဖြစ်ပွားစေချင်တဲ့စိတ်နဲ့ ဟိုတယ် ၀န်ထမ်းတွေကို မီးဘေးအသိ၊ မီး ဘေးသတိ ရှိစေရေး ဒါ့အပြင် မီးလောင်မှု ဖြစ်ပွားတဲ့အခါမှာ လောင်နေတဲ့ မီးကို အမြန်ဆုံးငြှိမ်း သတ်နိုင်အောင် ဟိုတယ်ရှိ အရေးပေါ် မီးငြှိမ်းသတ်ရေးကိရိယာ များဖြစ်တဲ့ မီးသတ်ဆေးဘူး၊ အပေါ့စား မီးသတ်စက်ကလေး၊ အမြှုပ်  မီးသတ်ဆေးရည်တို့နဲ့ လက်ဦးမှုရယူငြှိမ်းသတ်နိုင်ရေး အတွက် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်’’ ဟု ပြော သည်။

ဟိုတယ်များတွင် မီးသတ် ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင် ရာ အကြံပြုချက်များနှင့်အညီ တည်ဆောက်မှု မရှိခြင်း၊ လျှပ် စစ်ဓာတ်အား စနစ်တကျသွယ် တန်းထားမှု မရှိခြင်း၊ ဂက်စ်အိုး ဖလှယ်ခြင်း၊ မီးဘေးကြိုတင်ကာ ကွယ်ရေး ပစ္စည်းများ လုံလောက် မှုမရှိခြင်း၊ မီးသတ်တပ်ဖွဲ့နှင့် ပူး  ပေါင်း၍ ကြိုတင်ဇာတ်တိုက်လေ့ ကျင့်ထားမှု မရှိခြင်းတို့ကြောင့် မီး လောင်မှု ဖြစ်ပွားလေ့ရှိကြောင်း ဦးမင်းစမ်းအေးက အထက်ပါသင် တန်းဖွင့်ပွဲအခမ်းအနားတွင် ပြော ကြားသည်။