မြန်မာ-တရုတ်စီးပွားရေးစင်္ကြံလမ်း ပေါ်ပေါက်လာပါက နှစ်နိုင်ငံကုန်သွယ်မှု သယ်ယူပို့ဆောင်စရိတ် လျှော့ချနိုင်မည်ဟုဆို

မူဆယ်−မန္တလေးလမ်းပိုင်း တစ်နေရာရှိ ယာဉ်ဖြတ်သန်းဂိတ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 မြန်မာ-တရုတ်စီးပွား ရေးစင်္ကြံလမ်း တည်ဆောက်နိုင် မည်ဆိုပါက သယ်ယူပို့ဆောင်စ ရိတ်များ လျော့ကျပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ပိုမိုအားကောင်း လာနိုင်ကြောင်း စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။

တရုတ်နိုင်ငံက ဦးဆောင်အကောင်အထည်ဖော်နေသည့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သည့် မြန်မာ-တရုတ်စီးပွား ရေး စင်္ကြံလမ်း စီမံကိန်းကို အ ကောင်အထည်ဖော်ရန် တရုတ် နိုင်ငံက ဆန္ဒရှိနေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်၌ ပြုလုပ်သော ပူးတွဲသတင်းစာရှင်း လင်းပွဲတွင် အကြံပြုပြောသည်။

တရုတ်နိုင်ငံက အကောင်အ ထည်ဖော်နေသည့် ခေတ်သစ်ပိုး လမ်းမစီမံကိန်းတွင် ကူမင်းမြို့မှ  တရုတ်-မြန်မာနယ်စပ်ကို ဖြတ် သန်း၍ မန္တလေးမြို့မှတစ်ဆင့် ကျောက်ဖြူလမ်းကြောင်းနှင့် ကူး မင်း၊ မန္တလေး-ရန်ကုန်လမ်း ကြောင်းတို့ ပါဝင်သည်။

နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ကုန်းလမ်းမှ တစ် ရက်လျှင် ကန်ဒေါ်လာ ၁၁ သန်း ခန့်တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့နေရသည့် မြန်မာနိုင်ငံအတွက် တရုတ်အစိုးရ၏ စင်္ကြံလမ်းစီမံကိန်းက သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်အတွက် လျော့ကျလာစေနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဝင် ဦးမျိုးသူရအေးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအနေ ဖြင့် နယ်စပ်ချင်းထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် မူဆယ် − ရွှေလီလမ်းကြောင်းကို အဓိကအသုံးပြုနေရသည်။

မူဆယ်မြို့သို့ ပြည်တွင်းမှ ကုန်ပစ္စည်းများ တင်ပို့ရာတွင် မန္တလေး − မူဆယ်ပြည်ထောင်စု လမ်းမကြီးကိုသာ အသုံးပြုနေရ ခြင်းကြောင့်ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်နေရကြောင်း မူဆယ်မြို့မှ ကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့မှ မူဆယ်မြို့သို့ ဆန်တစ်တန် တင်ပို့မည်ဆိုပါက ကုန်စည်ပို့ဆောင်ခ ကျပ်ခုနစ်သောင်းကျော် ကုန်ကျနေသည်။ အဆိုပါကုန်ကျစရိတ် သည် တရုတ်နိုင်ငံမှ ဝယ်ယူသည့် ဆန်တစ်တန်ဈေးနှုန်း၏ ၁၅ ရာခိုင်နှုန်းခန့်ရှိသည်။ တရုတ်နိုင်ငံက ဝယ်ယူသည့် မြန်မာနိုင်ငံရှိ ဆန်တစ်တန်ဈေးနှုန်းသည် အမေရိ ကန်ဒေါ်လာ ၃၅၀ ခန့် (ကျပ် ၄၈၀,၀၀၀ ခန့်)ဈေးရှိသည်။