မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တပ်မတော်ခေါင်းဆောင်နှင့် ပုပ်ရဟန်းမင်းကြီး တွေ့ဆုံမည်

နေပြည်တော်တွင် ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုသည့်ဆိုင်းဘုတ် စိုက်ထူထားစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ပုပ်ရဟန်းမင်း ကြီး ဖရန်စစ်သည် လာမည့် သီတင်းပတ်၌ စတင်မည့် ၎င်း၏ နှစ်နိုင်ငံခရီးစဉ်အတွင်း မြန်မာ နိုင်ငံတွင် တပ်မတော်ခေါင်းဆောင်နှင့် တွေ့ဆုံကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိချိန်တွင်လည်း ဘင်္ဂါလီ ဒုက္ခသည်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဗာတီကန်နန်းတော်၌ နိုဝင်ဘာ ၂၂ ရက်က ပြောကြားသည်။

ယင်းခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ ဂရက်ဘာ့ခ်က ပုပ်ရဟန်းမင်းကြီး သည် ရန်ကုန်မြို့ရှိ ကက်သလစ် ဂိုဏ်းချုပ်၏ နေအိမ်တွင် တပ် မတော်ခေါင်းဆောင်နှင့် သီးသန့် တွေ့ဆုံမည်ဟု ပြောကြားသည်။

ယင်းနောက် ဒီဇင်ဘာ ၁ ရက် နေ့လယ်တွင် ဒါကာမြို့၌ ဘင်္ဂါလီ ဒုက္ခသည် အနည်းငယ် တက်ရောက်မည့် ငြိမ်းချမ်းရေး ဆိုင်ရာ ဘာသာပေါင်းစုံ စုဝေးပွဲ တစ်ရပ် ပြုလုပ်မည်ဟု ဂရက် ဘာ့ခ်က ပြောသည်။

နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင် ဘာ ၂ ရက်အထိ ယခင်စီစဉ်ထား သော ခရီးစဉ်တွင် အထက်ပါ တွေ့ဆုံမှုနှစ်ခုစလုံး ပါဝင်ခြင်းမရှိ ဟု သိရသည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရိုဟင်ဂျာအသုံးအနှုန်းကို ရှောင် ရှားရန် ပုပ်ရဟန်းမင်းကြီးကိုကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က တိုက်တွန်းပြော ကြားသည်။

ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းသည် ထိရှလွယ်ကြောင်း ကိုဖီအာနန်က နိုဝင်ဘာ ၆ ရက် က ဗာတီကန်နန်းတော်သို့ သွား ရောက်၍ ပြောကြားခဲ့သည်ဟု ဆိုသည်။

၎င်း၏ ခရီးစဉ်အတွင်း ရခိုင် ပြည်နယ်အရေးနှင့်ပတ်သက်၍ ပြောဆိုရာတွင် ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းသုံးစွဲမည်ကို မြန်မာ နိုင်ငံမှ ကက်သလစ်ဘာသာရေး ခေါင်းဆောင်များက စိုးရိမ်နေပြီး ယင်းအသုံးအနှုန်းကို ရှောင်ရှား ရန် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ်ချားလ်ဘိုကလည်း ပုပ်ရဟန်းမင်းကြီးကို အကြံပေး ထားသည်။     —Ref: Reuters