အရာတော်ဒေသထွက် သနပ်ခါးအသုံးပြုထားသော အလှကုန်နှင့် လူသုံးကုန်များ ဈေးကွက်တွင် စတင်ရောင်းချ

အရာတော်ဒေသထွက် သနပ်ခါးဖြင့် ပြုလုပ်ထားသော အလှကုန် ကုန်စည်အချို့ကို တွေ့ရစဉ်(ဓာတ်ပုံ − မျိုးမင်းဦး)

 အရာတော်ဒေသထွက် သနပ်ခါးကို ကုန်ကြမ်းအဖြစ်ပြုလုပ်၍ တန်ဖိုးမြင့်အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများအဖြစ် ဈေးကွက်သို့ စတင်ရောင်းချနေကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌဦးကျော်မိုးက ပြောသည်။

အဆိုပါ အလှကုန်နှင့် လူ သုံးကုန်ပစ္စည်များကို နိုဝင်ဘာ ၂၀ မှ ၂၂ ရက်အထိ မုံရွာ မြို့ တော်ခန်းမတွင် ကျင်းပသော ဒေသထွက် ကုန်စည်ပြပွဲ၌ ရောင်းချနေသည်။

‘‘လွန်ခဲ့တဲ့လေးလခန့်ကစ ပြီး သနပ်ခါးကုန်ကြမ်းအဖြစ် အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန် တွေ ထုတ်လုပ်ခဲ့တာပါ။ ပြည် တွင်းဈေးကွက်သာမက ပြည်ပ အထိ ရောင်းချနိုင်အောင် ရည် ရွယ်ပြီး တန်ဖိုးမြင့်ပစ္စည်းတွေ ရောင်းချပေးတာပါ။ လောလော ဆယ် ဈေးကွက်မှာ အရောင်းရ ဆုံးကတော့ အညောင်းပြေသဘာဝသနပ်ခါးအမြစ် ဆေးရည်ပါ’’ဟု ဦးကျော်မိုးကပြောသည်။


အရာတော်မြို့ ဒေသထွက် သနပ်ခါးကို ကုန်ကြမ်းပြု၍ အညောင်းပြေသဘာဝ သနပ်ခါး အမြစ်ဆေးရည်၊ မျက်နှာလိမ်း သနပ်ခါးအနှစ်၊ ဆီးချို၊ သွေးချို၊ အဖုအပိမ့် ပျောက်ကင်းနိုင်သော သနပ်ခါးအမှုန့်၊ သနပ်ခါးဆပ်ပြာ ခဲ၊ သနပ်ခါးပုတီး၊ စားပွဲတင် သနပ်ခါး အလှဆင်ပစ္စည်း (ဆွမ်း အုပ်၊ ပန်းအိုး၊ ဆပ်ပြာခွက်) စသည့် ပစ္စည်းများကို ဈေးကွက် သို့ စတင်ရောင်းချခဲ့ကြောင်း ၎င်း ကဆိုသည်။

အရာတော်မြို့ သနပ်ခါး စိုက်တောင်သူတစ်ဦးက ‘‘အရာ တော်ဒေသထွက် သနပ်ခါးကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး တန် ဖိုးမြင့် ထုတ်ကုန်တွေ ထုတ်လုပ် တာ ကြိုဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကစပြီး အရာတော်က သနပ်ခါးအခဲကို ဈေးကွက်ရောင်း ချခဲ့တာ ဝယ်လိုအားများခဲ့တယ်။ အခု အလှကုန်နဲ့ လူသုံးကုန်ပစ္စည်း တွေထုတ်လုပ်တဲ့ နည်းပညာရရင် ဒေသခံတောင်သူတွေအတွက် စီး ပွားရေးအခွင့်အလမ်း ပိုရတာ ပေါ့’’ဟု ပြောသည်။

 အရာတော်ဒေသထွက် သနပ်ခါးအတုံး တစ်တုံးလျှင် ကျပ်တစ်ထောင်မှ ငါးထောင် အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တန်ဖိုးမြင့် ထုတ်ကုန်များဖြစ် သော အညောင်းပြေ သဘာဝ သနပ်ခါးမြစ် ဆေးရည်၊ မျက်နှာ လိမ်း သနပ်ခါးအနှစ်၊ ဆီးချို သွေးချို၊ အဖုအပိမ့်များ ပျောက် ကင်းနိုင်သော သနပ်ခါးအမှုန့် တစ်ဘူးလျှင် ကျပ်တစ်ထောင် နှုန်း၊ သနပ်ခါးဆပ်ပြာခဲ တစ်ခဲ လျှင် ကျပ်တစ်ထောင်၊ သနပ်ခါး ပုတီး အကြီးအသေးပေါ်မူတည် ၍တစ်ခုလျှင် ကျပ် ၅၀၀ မှ ၁,၅၀၀ ကျပ်၊ စားပွဲတင်သနပ် ခါး အလှဆင်ပစ္စည်း အကြီး၊ အသေးပေါ်မူတည်၍ ကျပ် ၅,၀၀၀ မှ ၁၅,၀၀၀ အထိ ဈေး ကွက်တွင် ရောင်းချနေကြောင်း အရာတော်မြို့ ရွှေစင်သနပ်ခါး တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

More in Regional Section