ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဆံတော်ရှင်ဘုရားပွဲ ရှစ်ရက်ကြာ ကျင်းပမည်

ပေါက်တောမြို့နယ် မြေငူကျွန်းရှိ ဆံတော်ရှင်စေတီတော်ကို ဖူးမြော်ရစဉ်

 ရခိုင်ပြည်နယ်၏ အထင်ကရဘုရားပွဲတော်များအ နက် အစည်ကားဆုံးပွဲဖြစ်သည့် ပေါက်တောမြို့နယ်ရှိ ဆံတော်ရှင် ဘုရားပွဲကို ရှစ်ရက်ကြာ ကျင်းပ မည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဝင်များက ပြောသည်။

ဘုရားပွဲကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ဆီမီးတစ် ထောင်၊ ပန်းတစ်ထောင် ပူဇော်ပွဲ နှင့် အဆင့်မြင့်ဇာတ်သဘင်များ ပါဝင်မည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးရွှေဖော်သူ က ပြောသည်။

 ဆံတော်ရှင်စေတီသည် ပေါက်တောမြို့နယ် မြေငူကျွန်းရှိ နိလာပဗ္ဗတတောင်ပေါ်တွင် တည်ရှိပြီး ဘုရားပွဲတော်သို့ စစ်တွေမြို့ မှ အမြန်ရေယာဉ်များ၊ ပြည်တွင်း ရေကြောင်း သင်္ဘောများနှင့်ပုဂ္ဂလိက စက်လှေများ ပြေးဆွဲမည်ဖြစ်သည်။


‘‘ဘုရားပွဲကတော့ စည်စည် ကားကားကျင်းပဖို့ စီစဉ်နေပါ တယ်။ ဘုရားဖူးတွေ ရောက်၊ မရောက်ကတော့ မပြောတတ် ဘူး’’ဟု ဦးရွှေဖော်သူက ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်တိုက်ခိုက်မှု များနှင့် လတ်တလော မြောက်ဦး နှင့် မင်းပြားမြို့နယ်များတွင် ဖြစ် ပွားနေသည့် မိုင်းပေါက်ကွဲမှုများ ကြောင့် ဘုရားဖူးခရီးသည်များ စိုးရိမ်စိတ် ဖြစ်ပေါ်စေကြောင်း မြောက်ဦး မြို့ခံတစ်ဦးက ပြော သည်။

‘‘အခြေအနေတွေကလည်း ရှုပ်ထွေးနေတယ်။ လက်လုပ်မိုင်း တွေရဲ့ အန္တရာယ်ကလည်း ကြီး ထွားလာနေတယ်။ ဒီအချိန်မှာ ပျော်ပွဲရွှင်ပွဲတွေကို ဂရုစိုက်သွားရ မယ်’’ဟု ကျောက်တော်မြို့ခံ ကိုကျော်အေးသိန်းကပြောသည်။

More in Regional Section