လက်ရှိကုမ္ပဏီနဲ့ လမ်းခွဲတော့မယ့် ဆိုယွန်ဂျင်

 တောင်ကိုရီးယားမင်းသ မီး ဆိုယောင်ဂျင်သည် Jump Entertainment ကုမ္ပဏီနှင့်ဆက် လက်စာချုပ်ချုပ်ဆိုမည်မဟုတ် ကြောင်း ပြောကြားသည်။

နိုဝင်ဘာ ၁၇ ရက်တွင် Jump Entertainment ကုမ္ပဏီ က ‘‘ဆိုယွန်ဂျင်နဲ့ဆွေးနွေးခဲ့ပြီးပါ ပြီ။ ကျွန်တော်တို့ စာချုပ်သစ် ထပ်မချုပ်တော့ဘူးလို့ ဆုံးဖြတ် ခဲ့ပါတယ်’’ ဟု တရားဝင်ပြော ကြားသည်။

သို့သော် လက်ရှိတွင် SBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေ သော ဆိုယွန်ဂျင်အဓိက ပါဝင် သရုပ်ဆောင်ထားသည့် ‘Tem-perature of Love’ ဒရာမာ ဇာတ်လမ်းတွဲပြီးဆုံးသည်အထိ တာဝန်ယူ စီမံခန့်ခွဲမည်ဖြစ် ကြောင်း Jump Entertainment ကုမ္ပဏီက ပြောသည်။

တောင်ကိုရီးယားရုပ်ရှင် လောကတွင် ကျော်ကြားသော မင်းသမီးများအနက် တစ်ဦးဖြစ် သော ဆိုယွန်ဂျင်သည် နောက် ထပ်မည်သည့်အနုပညာကုမ္ပဏီ နှင့် လက်တွဲမည်ကို ပရိသတ်များ စိတ်ဝင်စားမှု မြင့်တက်နေသည်။

allkpop