ကိုယ့်ကိုယ်ကိုယ်ပညာပြန်ပေးထားတဲ့ သီချင်းတွေပါမယ့် ရဲရင့်အောင် ဒုတိယစီးရီး

လက်ရှိတွင် ဒုတိယတစ် ကိုယ်တော်စီးရီးကို ပြင်ဆင်နေပြီး သီချင်းအားလုံး ရေးသားပြီးသော် လည်း အသံမသွင်းရသေးသော ကြောင့် လာမည့်နှစ်မှသာ ထွက်ရှိ နိုင်မည်ဟု အဆိုတော်ရဲရင့်အောင် က ပြောသည်။

‘‘နှစ်ပုဒ်လောက်ပဲ အချော သပ်ရေးစရာကျန်တော့တယ်။ ဒီ အခွေထဲက သီချင်းတွေက ကျွန် တော့်အတွက် အခုလတ်တလော အချိန်မှာတော့ အရမ်းအဓိပ္ပာယ် ရှိတယ်။ ပြီးတော့ ကျွန်တော် အ များကြီးကြိုးစားထားတယ်။ အ ကြောင်းအရာတွေကတော့ မျှ တယ်။ အချစ်သီချင်းတွေလည်း ပါတယ်။ ကျွန်တော့်ကိုယ်ကျွန် တော်ပြန်ပြီး ပညာပေးထားတဲ့ သီချင်းတွေလည်း ပါတယ်။ များ သောအားဖြင့် သူများကို ပညာမ ပေးတတ်တဲ့အတွက် ကျွန်တော့် ကိုယ်ကျွန်တော်ပညာပေးထားတဲ့ သီချင်းတွေ အများကြီး ပါပါ တယ်’’ဟု ၎င်းက ပြောသည်။

Featuring အနေဖြင့် ၎င်း၏ မိတ်ဆွေသူငယ်ချင်းများ ပါဝင် မည်ဖြစ်ပြီး သီချင်းပုဒ်ရေ ၁၁ ပုဒ် ခန့်ထည့်ရန် စီစဉ်ထားကာ အွန် လိုင်းမှတစ်ဆင့် သီချင်းအချို့ကို အမြည်းသဘောချပြရန် အစီအ စဉ်ရှိသည်ဟုဆိုသည်။

၎င်းပါဝင်သရုပ်ဆောင်ထား သည့် ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ရုပ်ရှင်ဇာတ်ကားကြီးသည် မကြာမီရုံ တင်တော့မည်ဖြစ်၍ ပါဝင်သရုပ် ဆောင်သူတစ်ဦးအနေဖြင့် ၎င်း၏ စိတ်ခံစားချက်ကို ယခုလို ပြော သည်။

‘‘ကားရိုက်တာ အတော်ကြာ ပြီးတော့မှ ရုံတင်မှာ ဖြစ်တဲ့အ တွက် နည်းနည်းလေး ကွာဟနေ တာလေးတော့ စိတ်ထဲမှာ တစ်မျိုးခံစားရတာရှိတယ်။ ကျွန်တော့် အားနည်းချက်လေးတွေလည်း ကျွန်တော့်တွေ့ပါတယ်။ အဲဒါ တွေပြန်ပြင်ဖို့ အများကြီးပြင်ဆင် ထားတာရှိပါတယ်။ အကြမ်း ကြည့်ရသလောက်တော့ အဲဒီအ ချိန်မှာ ကျွန်တော်လုပ်နိုင်တဲ့ အစွမ်းကို ကျွန်တော်လုပ်ထား တယ်လို့တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ခံစားရပါတယ်’’ဟု ရဲရင့် အောင်က ပြောသည်။

ဂီတပိုင်းရော သရုပ်ဆောင် ပိုင်းပါ ကြိုးစားလုပ်ကိုင်နေပြီး လက်ရှိ အချစ်ရေး အဆင်ပြေချောမွေ့နေကာ    မကြာမီတွင်ချစ်သူသက်တမ်း  တစ်နှစ်ပြည့် တော့မည်ဟု ၎င်းကပြောသည်။