မန္တလေးကားကွင်းတွင် ခရီးသည်စိတ်အနှောင့်အယှက် ဖြစ်စေသည့် ဂိတ်ကြိုနှစ်ဦးကို အရေးယူ

 မန္တလေးမြို့ အောင် မြေသာစံမြို့နယ် သီရိမန္တလာ အဝေးပြေးယာဉ်ရပ်နားစခန်း (ကားကြီးကွင်း)တွင် ခရီးသည် များအား စိတ်အနှောင့်အယှက် ဖြစ်စေသည့် ဂိတ်ကြိုနှစ်ဦးကို ရဲအက် (၄၇)ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း မြို့တော်စည်ပင် သာယာရဲတပ်ဖွဲ့မှူး ရဲမှူးငြိမ်း ချမ်းအောင်က ပြောသည်။

သီရိမန္တလာအဝေးပြေး ယာဉ် ရပ်နားစခန်းအတွင်း နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီကျော်က ခရီးသည်များကို စိတ်ငြိုငြင် အောင် ပြုလုပ်နေသော (၁၉)နှစ် အရွယ် ပျံကျဧည့်ကြို အမျိုးသား တစ်ဦးနှင့် နိုဝင်ဘာ ၁၈ ရက် နံနက် ၄ နာရီခွဲက မူးယစ်ရမ်း ကားနေသော (၂၆) နှစ်အရွယ် ပျံကျဧည့်ကြို အမျိုးသားတစ်ဦး တို့ကို ဖမ်းဆီးကာ မန္တလေးအမှတ် (၅) ရဲစခန်း၌ ရဲအက် ဥပဒေပုဒ်မ ၄၇ ဖြင့် အမှုဖွင့်ထားသည်။

ရဲအက်ဥပဒေပုဒ်မ ၄၇ သည် ထောင်ဒဏ် ၇ ရက် (သို့ မဟုတ်) ငွေဒဏ်ကျပ် (၅၀) ချမှတ်အရေးယူနိုင်သည်။

မန္တလေးတွင် ယခုရက်ပိုင်း အတွင်း ရဲအက် ၄၇ ဖြင့် ဖမ်းဆီး အရေးယူထားသည့် ဂိတ်ကြို (ဧည့်ကြို) လေးဦးရှိပြီး သီရိမန္တ လာကားကြီးကွင်းတွင် အများဆုံး ဖြစ်ကြောင်း ရဲမှူးငြိမ်းချမ်းအောင် က ပြောသည်။

‘‘ဂိတ်ကြိုတော်တော်များ များ ရဲအက် ၄၇ နဲ့ အရေးယူထား တယ်။ အဓိကကတော့ ခရီးသည် ကို စိတ်ငြိုငြင်အောင် အထုပ်အပိုး တွေ အတင်းဆွဲတာတို့၊ အနှောင့် အယှက်ဖြစ်အောင် လုပ်တာတို့ အဲဒီလိုမျိုးတွေကို အရေးယူတာ ပါ’’ဟု ၎င်းကပြောသည်။

မန္တလေးမြို့ရှိ ခရီးသည်တင် အဝေးပြေးယာဉ်ရပ်နားစခန်းများ အနက် ချမ်းမြရွှေပြည် (ကျွဲဆည် ကန်)ကားကြီးကွင်းနှင့် သီရိမန္တ လာ ကားကြီးကွင်းများတွင် ဆိုင် ကယ် ကယ်ရီသမား၊ အငှားယာဉ် မောင်းနှင့် ဂိတ်ခန်းဧည့်ကြိုအချို့ က ခရီးသည်များ စိတ်အနှောင့် အယှက်ဖြစ်အောင် ပြုလုပ်မှုများ ဖြစ်ပေါ်နေ၍ အရေးယူမည်ဖြစ် ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာ ရဲတပ်ဖွဲ့က သတိ ပေးထားသည်။

ထို့အပြင် ဆိုင်ကယ်ကယ်ရီ သမားများကိုလည်း သက်ဆိုင်ရာ ကားကြီးကွင်းအုပ်ချုပ်ရေးအဖွဲ့က  တာဝန်ယူပြီး စည်းကမ်းထိန်းသိမ်း ရေးနှင့် လုံခြုံရေးအရ လုံခြုံရေး ဂျက်ကတ်များ ဝတ်ဆင်စေရန် အစီအစဉ် ရေးဆွဲထားကြောင်း၊ ကားကြီးကွင်းများတွင် စောင့် ကြည့်အရေးယူရန် လုံခြုံရေးရဲ တပ်ဖွဲ့အင်အားကို တိုးမြှင့်ချထား ကြောင်း ရဲမှူးငြိမ်းချမ်းအောင်က ပြောသည်။

မန္တလေးသို့ လာရောက် သည့် ခရီးသွားဧည့်သည်အချို့ ကို ဆိုင်ကယ် ကယ်ရီသမား အချို့က ယာဉ်စီးခများ အဆမ တန်တောင်းခြင်း၊ တရားမဝင် ဂိတ်ခန်းများသို့ ခေါ်ဆောင်ပေး ကာ ယာဉ်လက်မှတ်ခများ ပိုမို တောင်းခံရောင်းချခြင်းများ ဖြစ် ပေါ်နေ၍ စည်ပင်သာယာက သတိပေးအရေးယူမှုများ ပြုလုပ် နေသည်။

ကားကွင်းများအတွင်း ဖြစ် ပွားနေသော ပြဿနာများလျော့ နည်းစေရန် မန္တလေးခရိုင် အုပ် ချုပ်ရေးမှူးက အဖွဲ့ခေါင်းဆောင်၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ယာဉ် ထိန်းတပ်ဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစရှိသည့် အဖွဲ့ပေါင်းစုံ ပူးပေါင်းအဖွဲ့ဖြင့် စီမံချက်များရေး ဆွဲ ဆောင်ရွက်မည်ဖြစ်ကြောင်း စည်ပင်သာယာ တာဝန်ရှိသူများ က ပြောသည်။

 

More in Regional Section