ပြည်ကြီးတံခွန်တွင် မြေယာအငြင်းပွားရာမှ မူလပိုင်ရှင်ဆိုသူ ၁၀ ဦး အမှုဖွင့်ဖမ်းဆီးခံရ

 မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်တွင် နှစ်ဖက်လူ ၃၀ ခန့် လူစုလူဝေးဖြင့်မြေယာအငြင်း ပွားမှုဖြစ်ပေါ်ခဲ့ရာမှ မူလပိုင်ဆိုင် သည့် တောင်သူဆိုသူ ၁၀ ဦး ပုဒ်မငါးခုဖြင့် အမှုဖွင့်ဖမ်းဆီးခံရ ကြောင်း မြေယာအရေးကူညီ ဆောင်ရွက်ပေးသူများက ပြော သည်။

ပြည်ကြီးတံခွန်မြို့နယ် က နောင်မင်းသားကြီးလမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြား ဧ၀ရက် တောင်(ဈ)ရပ်ကွက်ရှိ ကွင်းအ မှတ်(၅၁၇)တွင် နိုဝင်ဘာ ၈ ရက် ကစတင်ကာ မြေယာကိစ္စအငြင်း ပွားမှုဖြစ်ပြီး မူလမြေပိုင်ရှင်ဆိုသူ များ အမှုဖွင့်ဖမ်းဆီးခံရခြင်းဖြစ် သည်။ လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကနိုင်ငံတော်မှ သိမ်းယူခဲ့သည်ဆို သော နှစ်ဧကခွဲခန့်ကျယ်ဝန်းသည့် မြေကွက်တွင် လူ ၁၀ ဦးခန့်ပါဝင် သော အဖွဲ့က ၀င်ရောက်နေထိုင် ခြံစည်းရိုးခတ်ရာ၌  မူလပိုင်ရှင် တောင်သူဟုဆိုသူများက လူအင် အား ၂၀ ခန့်ဖြင့် ၀င်ရောက်ရာမှ နှစ်ဖက်အချေအတင်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် မူလပိုင်ရှင် ဆိုသူ ၁၀ ဦးကို ပုဒ်မငါးခုဖြင့် အ မှုဖွင့်ဖမ်းဆီးခဲ့သည်။

‘‘အမှုဖွင့်ထားတာ မှန်ပါ တယ်။ စက်မှုနယ်မြေရဲစခန်းမှာ ဖွင့်ထားတာ။ ကျွန်တော်တို့စခန်း မှာ မဟုတ်တော့ ဘယ်သူက ဖွင့် တယ်ဆိုတာမသိဘူး’’ ဟု ပြည် ကြီးတံခွန်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသိန်းလွင်က ပြောသည်။

မူလပိုင်ဆိုင်သူဟုဆိုသူ ၁၀ ဦးကို လက်နက်ကိုင်ကြိမ်းမောင်း ကာ ကျူးကျော်ဝင်ရောက်မှု၊ တားဆီးမှု၊ အကျိုးဖျက်ဆီးမှု၊ ခြိမ်းခြောက်မှု၊ အားပေးကူညီမှု ပုဒ်မ ၄၅၂၊ ၃၄၁၊ ၄၂၇၊ ၅၀၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသည်ဟု တရားစွဲဆိုခံရသူများဘက်မှ ကူညီပေးနေသူ  ဦးသန်းနိုင်က ပြောသည်။ ဖမ်းဆီးခံရသူ  ၁၀ ဦးမှာ အမျိုးသားလေးဦးနှင့် အမျိုးသမီး ခြောက်ဦးဖြစ်သည်။

‘‘ဘယ်သူက တရားလိုလုပ် အမှုဖွင့်ထားတယ်ဆိုတာတော့ မသိသေးဘူး။ သူတို့ကို အခုဖမ်း ထားတာ။ ဖမ်းတဲ့နေ့က ဒီမြေနဲ့ ပတ်သက်လို့ မူလပိုင်ဆိုင်တဲ့ တောင်သူတွေ ဆန္ဒပြကြတယ်။ ဆန္ဒထုတ်ဖော်အပြီး အာဏာပိုင် က ဘာမှမလုပ်လို့ ကျွန်တော်တို့ အိမ်ပေါ်တက်နေတဲ့သူတွေကို ဆွဲ ထုတ်ပစ်တယ်။ ညနေပိုင်းမှာ အထဲမှာရှိတဲ့သူတွေ(တောင်သူ တွေ)ကို ရဲက၀င်ပြီးအကုန်ဖမ်း တင်သွားတယ်’’ ဟု ဦးသန်းနိုင်က ပြောသည်။

၁၉၉၃ ကတည်းက သိမ်းယူ ခံရသည့်မြေပေါ်တွင် မည်သည့် လုပ်ငန်းမျှ လုပ်ဆောင်ခြင်းမရှိ၍ မူလပိုင်ရှင်များက ပြန်လည်လုပ် ကိုင်ရာမှ ယခုနှစ်စက်တင်ဘာ အတွင်း မြန်မာ့စီးပွားရေးဦးပိုင်က ဟု ဆိုသူများ ရောက်ရှိလာကာ မြေကွက်ကို ခြံစည်းရိုးခတ်သိမ်း ယူခဲ့သည်။ ထို့နောက် မူလပိုင်ရှင် များက ပြန်လည်ဝင်ရောက်နေ ထိုင်ရန်  ကြိုးစားခဲ့ကြောင်း မူလ ပိုင်ဆိုင်သူဆိုသည့် ဦးသိန်းထိုက် က နိုဝင်ဘာ ၈ ရက်တွင် ပြော သည်။

မြေယာကိစ္စအငြင်းပွားရာမှ အချေအတင်ဖြစ်ပွားခဲ့သည့် နိုဝင် ဘာ ၈ ရက်တွင် ကျူးကျော်သူများ ကို အရေးယူပေးရန် မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက် လက် ထောက်အထွေထွေမန်နေဂျာဦး ကျော်မင်းဦးအမည်ဖြင့် လက် မှတ်ရေးထိုးကာ စက်မှုနယ်မြေရဲ စခန်းသို့ တိုင်ကြားမှုများရှိခဲ့သည်။

More in Regional Section