တိုင်းရင်းသားရေးရာဝန်ကြီး မိသားစုပိုင်ဟိုတယ်ဝန်ထမ်းများ လုပ်ခလစာနှင့် အချိန်ပိုကြေး ပြေလည်မှုရရှိ

တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင် မိသားစုပိုင်ဆိုင်သည့် မော်လမြိုင်မြို့ရှိ တော်ဝင်ဟင်္သာဟို တယ်မှ ၀န်ထမ်းများ အနိမ့်ဆုံး လုပ်ခလစာရရှိရန် ညှိနှိုင်းမှုပြေ လည်ပြီဖြစ်ကြောင်း မွန်ပြည် နယ်အလုပ်သမားညွှန်ကြားမှု ဦး စီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်တိုးတိုးချစ်က ပြော ကြားသည်။

အဆိုပါ ဟိုတယ်ရှိ ၀န်ထမ်း ၂၀ ခန့်သည် ဟိုတယ်ပိုင်ရှင်က လုပ်ခလစာနှင့် အချိန်ပိုကြေးအ ပြည့်အ၀မပေးသဖြင့် အလုပ်သ မားညွှန်ကြားမှုဦးစီးဌာနတွင် တိုင်ကြားခဲ့ကြောင်း၊ တိုင်ကြားမှု နှင့်ပတ်သက်၍ နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီခွဲ၌ သွားရောက်စစ်ဆေးခဲ့ပြီး  ညှိနှိုင်းဖြေရှင်းပေးခဲ့သဖြင့် ပြေလည်သွားပြီဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘အလုပ်သမား ၂၀ လောက် ရုံးကိုလာတင်ပြကြတယ်။ စာနဲ့ ပေနဲ့ တိုင်ကြာတာမျိုးတော့ မဟုတ်ဘူး။ ကျွန်မရယ်၊ ပြည်နယ် အလုပ်ရုံနဲ့ အလုပ်သမား စစ် ဆေးရေး ဦးစီးဌာနက အဖွဲ့တွေ ရယ် ဟိုတယ်ပိုင်ရှင်ဒေါ်ကြင်သန်း (နိုင်သက်လွင်၏ဇနီး)နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ဟိုတယ်ပိုင်ရှင် က လစာနဲ့ အချိန်ပိုကြေးတွေကို ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ သဘောတူခဲ့တယ်’’ဟု ဒေါ်တိုးတိုးချစ်က ပြောသည်။

အလုပ်သမားများ လိုအပ် သော လုပ်ခလစာများကို အလုပ် သမားညွှန်ကြားမှု ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီး အချိန် ပိုကြေးကိစ္စများကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနက တာဝန်ယူဆောင် ရွက်ခဲ့ကြောင်း အလုပ်ရုံနှင့် အ လုပ်သမားဥပဒေစစ်ဆေးရေး ဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက ဆိုသည်။

‘‘အရင်ကလစာ တစ်လကို ရှစ်သောင်းပဲပေးခဲ့တဲ့အပြင် ဧည့် သည်တွေဆီက ကျသင့်တဲ့ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ကောက်ခံထား တဲ့ ၀န်ဆောင်ခ Service Money ကိုလည်း ၅ ရာခိုင်နှုန်းပဲ ပေးတယ်။ ဒါကြောင့် အလုပ်သမားဦးစီးဌာန မှာ တိုင်ကြားခဲ့တယ်။ အခုအဆင် ပြေသွားပြီး ရှစ်ထောင်တိုးပေးတဲ့ အပြင် အချိန်ပိုကြေးကိုလည်း တိုးပေးတယ်၊ ကျေနပ်ပါတယ်’’ဟု တိုင်ကြားသည့် ဟိုတယ်ဝန်ထမ်း တစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဟိုတယ်ရှိ တာဝန်ရှိသူများကို မေး မြန်းသော်လည်း ပိုင်ရှင်ခရီးထွက် သွားသဖြင့် ဖြေကြားပေးမည့်သူ မရှိကြောင်း ပြောဆိုခဲ့သည်။

‘‘အလုပ်ရှင်တွေ  အနေနဲ့ ဥပဒေနားလည်မှု အားနည်းတာ လည်း ပါတယ်။ အခုဆိုရင် အ လုပ်ရှင်က ဟိုတယ်ဝန်ထမ်းတွေ ကို အနိမ့်ဆုံးလစာထုတ်ပေးရမှာ ဖြစ်တဲ့အတွက် မူလကတစ်ဦးကို လစာတစ်သိန်းပေးတဲ့ လူတွေကို ငွေကျပ်ရှစ်ထောင်ထပ်ဆောင် ပေးတယ်။ အချိန်ပိုကြေးကို သတ် မှတ်တဲ့ဥပဒေအတိုင်း ပြန်ပြီးတွက်ချက်ထုတ်ပေးတယ်’’ ဟု ဒေါ် ကြည်အေးက ပြောသည်။

ပြီးနောက် တိုင်ကြားသည့် ၀န်ထမ်း ၂၀ ကျော်အပြင် ကျန်ရှိနေသည့် ၀န်ထမ်းများကိုပါ အခြေခံလစာ တစ်ရက် ၃,၆၀၀ နှုန်းပြည့် ပေးမည်ဖြစ်ပြီး အချိန်ပိုကြေး ယခင်က တစ်နာရီ ၅၀၀ ကျပ်သာ ပေးပြီး ယခုအခါ ကျပ် ၉၀၀ အထိတွက်ချက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်သည့်ငွေများကို လုပ်သက်အလိုက် ပြန်လည်တွက် ချက်မည်ဖြစ်ကြောင်း ဒေါ်ကြည်အေးက ဆိုသည်။

တော်ဝင်ဟင်္သာ  ဟိုတယ် တွင် ၀န်ထမ်း ၁၀၀ ကျော်ရှိပြီး ၂၀၁၆ နိုဝင်ဘာ ၅ ရက်က ဖွင့် လှစ်ခဲ့သည်။

More in Regional Section