မောင်တောရှိ ဘင်္ဂါလီနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သန်းခန့်ဖမ်းမိ

ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများကို တွေ့ရစဉ် (ဓာတ်ပုံ − ခရိုင်ရဲတပ်ဖွဲ့မှူးရုံး)

 မောင်တောမြို့ မြို့မတောင်ရပ်ကွက်ရှိ ဘင်္ဂါလီ နှစ်ဦးပိုင် ကွမ်းယာဆိုင်နှင့် ပစ္စည်း ထားသည့်ဂိုဒေါင်မှ ကျပ်နှစ်ဘီ လီယံခန့်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား တစ်သန်းခန့် ဖမ်း ဆီးမိကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဉာဏ်ဝင်းဦးက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်တွင် မူး ယစ်ဆေးဝါးသတင်းအရ မောင် တောမြို့ မြို့မတောင်ရပ်ကွက်ရှိ ဘင်္ဂါလီတစ်ဦး၏ ကွမ်းယာဆိုင် ကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဖမ်းဆီးရမိကြောင်း ခရိုင်ရဲမှူးက ဆိုသည်။

‘‘ကွမ်းယာဆိုင်က ဆေးပြား သုံးသိန်းလောက်မိတယ်။ ဖမ်းမိ တဲ့သူကို စစ်ဆေးတဲ့အခါ သူ့ရဲ့ ထွက်ဆိုချက်အရ မြို့မအရှေ့ ရပ်ကွက်က ပစ္စည်းထားတဲ့ ဂို ဒေါင်ကို သွားရှာဖွေတာ နောက် ထပ် ဆေးပြားခြောက်သိန်းရှစ် သောင်းကျော်ကို ဖမ်းမိတာဖြစ်ပါ တယ်’’ ဟု ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောသည်။

မောင်တော ဒေသတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များသည် အကြမ်း ဖက်သမားများကို အာရုံစိုက်နေရ သဖြင့် မူးယစ်ဆေးဖြန့်ဖြူးသူများ က အခွင့်ကောင်းယူ၍ ရောင်း ဝယ် ဖောက်ကားနေကြောင်း မောင်တောမြို့မိမြို့ဖတစ်ဦးက ပြောသည်။

ကွမ်းယာဆိုင် ပိုင်ရှင် (ဖမ်းမိ)နှင့် ဂိုဒေါင်ပိုင်ရှင် (ဖမ်း မမိ) တို့ကို မောင်တောမြို့မ ရဲစခန်းမှ မူး/စိတ်ပုဒ်မ ၁၅/ ၁၉ (က)/၂၁တို့ဖြင့် အမှုဖွင့်စစ် ဆေးနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

နိုဝင်ဘာ ၁၃ ရက်က ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ညီ ကို နေအိမ်၌ ကျပ်နှစ်ဘီလီယံ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြား ကိုးသိန်းခုနစ်သောင်းနှင့် အတူ သက်ဆိုင်ရာက ဖမ်းဆီးခဲ့ သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ မောင် တောမြို့နယ်တွင် ငါးရက်အတွင်း ကျပ် သုံးဘီလီယံကျော် (သိန်း သုံးသောင်းကျော်)တန်ဖိုးရှိ စိတ် ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ သည်။

ရခိုင်ပြည်နယ်၌ ၂၀၁၇ ဇန်နဝါရီမှ ဇူလိုင်အထိ WY စိတ် ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၇,၃၆၈ ဘီလီယံကျော်ဖိုး ဖမ်းဆီး မိကြောင်း ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှူးရုံး စာရင်းများတွင် ဖော်ပြ သည်။

More in Regional Section