မုံရွာတွင် မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်နှစ်ဦး အငြင်းပွားရာမှ ခိုက်ရန်ဖြစ်ပြီး အပြန်အလှန်အမှုဖွင့်

မုံရွာမြို့တွင် မြေပိုင်ဆိုင်မှု နှင့်ပတ်သက်၍ လုပ်ငန်းရှင်နှစ်ဦး အငြင်းပွားရာမှ ခိုက်ရန်ဖြစ်ပွားပြီး အပြန်အလှန် အမှုဖွင့်ထားကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျင်စိန်က ပြောသည်။

မုံရွာမြို့ ကွေ့ကြီးရပ်ကွက် ကမ်းနားလမ်း အုန်းပင်ဆိပ်တွင် အသက်(၅၅)နှစ်အရွယ် သင်္ဘော လုပ်ငန်းရှင်တစ်ဦးနှင့် (၃၈)နှစ်အရွယ် မြစ်သဲကျောက် လုပ်ငန်းရှင်တစ်ဦးတို့ နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီခန့်က မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အငြင်းပွားရာမှ ခိုက်ရန်ဖြစ်ပြီး အပြန်အလှန်အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။

သင်္ဘာလုပ်ငန်းရှင်ပိုင်ဆိုင် သည့် လုပ်ကွက်ဧရိယာအတွင်း မြစ်သဲကျောက် လုပ်ငန်းရှင်က ကျူးကျော်ဝင်ရောက်၍ လုပ်ငန်း သုံးယာယီတဲဆောက်လုပ်နေသ ဖြင့် မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဥပဒေ လမ်းကြောင်းအရ ရှင်းလင်းရန် ပြောဆိုရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ယင်းသို့အပြန်အ လှန်စကားများပြီး မြစ်သဲကျောက် လုပ်ငန်းရှင်နှင့် အလုပ်သမား ၂၀ ဦးခန့်သည် သင်္ဘောလုပ်ငန်းရှင် နှင့် အဖွဲ့ကို ဝိုင်းဝန်းရိုက်နှက်သ ဖြင့် သင်္ဘောလုပ်ငန်းရှင်၏ ယာဉ် မောင်းတွင် ပွန်းပဲ့ဒဏ်ရာ (မစိုး ရိမ်ရ)ရရှိခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရရှိခဲ့သော ယာဉ်မောင်းအမျိုး သားက တရားလိုပြု တိုင်ကြား သဖြင့် မုံရွာမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၇၊ ၃၂၃၊ ၁၁၄ အရ အမှုဖွင့်စစ်ဆေးနေသည်။ ထို့အတူ သင်္ဘောလုပ်ငန်း ရှင်နှင့် အလုပ်သမား ၂၀ ဦးခန့်က သစ်သားတုတ်၊ သံတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်သဖြင့် မြစ်သဲ ကျောက် ရောင်းဝယ်ရေးလုပ်ငန်း ရှင်၏ ဦးခေါင်း၊ လက်မောင်း၊ ခြေ ထောက်တို့တွင် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။ ယင်းနှင့်  ပတ်သက်၍ မြစ်သဲကျောက် ရောင်းဝယ်ရေး လုပ်ငန်းရှင်က တရားလိုပြု တိုင်ကြားသဖြင့် မုံရွာမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅၊ ၁၁၄ အရ အမှုဖွင့်စစ်ဆေးနေသည်။

‘‘သင်္ဘောလုပ်ငန်းရှင် ပိုင် ဆိုင်တဲ့ မြေနေရာကို ကျူးကျော် တဲဆောက်တယ်။ မြေတွေယူမယ် ဆိုတော့ တားတယ်။ သင်္ဘောလုပ်ငန်းရှင်က သူ့ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းတွေနဲ့ ရှင်းမယ် ဆိုတာက စပြီး စကားများတာပါ။ သင်္ဘောလုပ်ငန်းရှင်ဘက်က ဒဏ် ရာရတဲ့ သူတစ်ယောက် ခြေ ထောက်နဲ့ လက်ဒဏ်ရာရတာပါ။ မြစ်သဲကျောက်ရောင်းတဲ့ ဘက် ကလည်း တစ်ယောက် ဦးခေါင်း ပိုင်းဒဏ်ရာရတာရှိတယ်။ ဒဏ် ရာရရှိသူတွေက မစိုးရိမ်ရပါဘူး’’ ဟု ဒုရဲမှူး ကျင်စိန်က ပြောသည်။

More in Regional Section