ပင်လုံစိတ်ဓာတ်အရင်းခံ လက်တွဲလျှောက်လှမ်းရန် ရှမ်းနှစ်သစ်ကူးပွဲတော် သဝဏ်လွှာ၌ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက တောင်ကြီးမြို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ယမန်နေ့က ကျင်းပနေစဉ် (ဓာတ်ပုံ − ပုဂံမင်းသူ)

ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ကောင်းမွေအဖြစ် ပေးအပ်ခဲ့နိုင်ရန် ပင်လုံစိတ်ဓာတ်ကိုအရင်းခံ၍ အတူလက်တွဲ လျှောက် လှမ်းသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြော ကြားသည်။

(၂၁၁၂)နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က နိုဝင်ဘာ ၁၈ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ရာ တွင် ထိုသို့တိုက်တွန်းပြောကြားသည်။

ပင်လုံစိတ်ဓာတ်သည် မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် အထင်ကရဖြစ်ပြီး ခေတ်အဆက်ဆက် သံသယများ၊ ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းပြီး ငြိမ်း ချမ်းရေးအသီးအပွင့်များ ခံစားနိုင်သော ပတ်ဝန်းကျင် ကောင်းတစ်ခုဖန်တီးထားရစ်ခဲ့နိုင်ရေးနှင့် တည်ငြိမ် အေးချမ်း၍ စည်းလုံးညီညွတ်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ကောင်းမွေအဖြစ် ပေးအပ်ခဲ့နိုင်ရေးအတွက်လည်း ပင်လုံစိတ်ဓာတ်ကို အရင်းခံ၍ လက်တွဲလျှောက်လှမ်းရမည်ဖြစ်ကြောင်း ယင်းသ၀ဏ်လွှာ၌ ပါရှိသည်။

‘‘နှစ်သစ်ကူးချိန်ဆိုတာ နှစ် ဟောင်းက ကြိုးပမ်းအားထုတ်မှု တွေ၊ ဖြတ်သန်းခဲ့ရတဲ့အတွေ့အ ကြုံတွေကို ပြန်လည်ဆင်ခြင်သုံး သပ်ပြီး လာမယ့်နှစ်သစ်မှာ ကောင်းကျိုး မျှော်လင့်ခြင်းများကို ရယူနိုင်စေဖို့ ခွန်အားသစ်တွေကို မွေးကြရမယ့် အချိန်ကာလတစ်ခု လည်းဖြစ်ပါတယ်’’ ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် တောင်တန်း၊ ပြည်မ စည်းလုံးညီညွတ်ရေးကို မျိုးစေ့ချ မှတ်နိုင်ခဲ့သည့် ရှမ်းပြည်နယ်ကြီး ကတစ်ဆင့် ပြည်ထောင်စုကြီး တစ်ခုလုံး ခိုင်မာသာယာဝပြော အောင်ဆောင်ရွက်သွားရန် လည်း တိုက်တွန်းမျှော်လင့် ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်က ရှမ်းနှစ်သစ်ကူးပွဲ တော်သို့ပေးပို့သည့် သ၀ဏ်လွှာ၌ ဖော်ပြထားသည်။

ရှမ်းသက္ကရာဇ်အရ နှစ်စဉ် တန်ဆောင်မုန်းလကွယ်နေ့သည် နှစ်ဟောင်းကုန်ဆုံးသည့်နေ့ဖြစ် ပြီး နတ်တော်လဆန်းတစ်ရက် သည် နှစ်သစ်စတင်သည့်နေ့ဖြစ် သည်။ ထို့ကြောင့်အဆိုပါရက်များ တွင် ရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုင်ငံအနှံ့၌ သာမက အိမ်နီးချင်း နိုင်ငံအချို့ရှိ ရှမ်းတိုင်းရင်းသား များ နေထိုင်ရာဒေသများတွင် လည်း ကျင်းပလေ့ရှိသည်။

       (၂၁၁၂)နှစ်မြောက်ရှမ်းနှစ် သစ်ကူးပွဲတော်သို့ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦးကလည်း သ၀ဏ်လွှာပေးပို့ခဲ့ရာ သွေးစည်း ညီညွတ်ရေးကို အဓိကအလေး ထား၍ တစိုက်မတ်မတ်ဆောင် ရွက်ရန်လိုကြောင်း တိုက်တွန်း သည်။

သွေးစည်းညီညွတ်မှုရရှိရန် မတူကွဲပြားမှုကို သဘောပေါက် လက်ခံရမည်ဖြစ်ပြီး မတူကွဲပြားမှု သည် ပြဿနာမဟုတ်ဘဲ ပြိုကွဲမှု ကသာ ပြဿနာဖြစ်သည်ဟု ဦး ခွန်ထွန်းဦး၏ သ၀ဏ်လွှာ၌ဖော်ပြ ထားသည်။