ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုအတွက် လျော်ကြေးငွေ ကျပ်သန်း ၇၀၀ ခန့် ပေးအပ်

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို မီးလောင်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ −ကျော်ဇင်သန်း)

ရန်ကုန်မြို့ ဗဟန်းမြို့ နယ် ကန်ရိပ်သာလမ်းရှိ ကန် တော်ကြီးပဲလေ့စ်ဟိုတယ် မီး လောင်မှုအတွက် ဟိုတယ်ပိုင် ဆိုင်သည့် ထူးကုမ္ပဏီသို့ အာမခံ လျော်ကြေးငွေ ကျပ် ၆၉၂ သန်း ကို နိုဝင်ဘာ ၁၇ ရက်က မြန်မာ့ အာမခံလုပ်ငန်း ရုံးချုပ်တွင် ပေး အပ်ခဲ့သည်။

ကန်တော်ကြီးပဲလေ့စ် ဟို တယ် အဓိကအဆောက်အအုံ လေးလုံးအတွက် ကျပ် ၈၅၅ သန်းနှင့် ဘေးရှိအဆောက်အအုံ ခြောက်လုံးအတွက် ကျပ် ၇၂ သန်း မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိခဲ့သည်။

ကျပ် ၈၅၅ သန်းဖြင့် အာ မခံထားရှိခဲ့သည့် အဆောက်အ အုံလေးလုံးအနက် နှစ်လုံးသည် အောက်တိုဘာ ၁၉ ရက်နံနက် ၃ နာရီတွင် တပ်ဆင်ထားသည့် ဝိုင် ယာကြိုးများ အပူလွန်ကဲရာမှ စတင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

‘‘နှစ်ခုခွဲပြီး အာမခံထားတာ ပါ။ အသေးစိတ် ဆုံးရှုံးမှုတွေ တွက်ချက်ဖို့ နိုင်ငံခြားက စစ်ဆေး တဲ့ အဖွဲ့ကို ငှားခဲ့ပါတယ်။ သူတို့ ရဲ့ အစီရင်ခံစာ တက်လာပါ တယ်။ မြန်မာ့စီးပွားရေးဘဏ် သက်ဆိုင်ရာ ဟိုတယ်ပိုင်ရှင်နဲ့ ကျွန်မတို့ အကြိမ်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းမှု လုပ်ခဲ့ပြီး ဒီငွေ ပမာဏကို ဆုံးဖြတ်ခဲ့တာပါ’’ ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက ပြောသည်။

မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးနှင့် မီးငြှိမ်းသတ်ရာ မှ ရေဝင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး တွက်ချက်၍ လျော် ကြေးငွေ ပေးအပ်ခဲ့ကြောင်း ၎င်း က ပြောသည်။

လျော်ကြေးငွေပေးအပ် ရန် မီးလောင်မှုဖြစ်စဉ်ကို ထိုင်းနိုင်ငံ အခြေစိုက် JPL Loss Adjusters & SURVEYORS (MYANMAR)Co.,LTD က စစ်ဆေးခဲ့သည်။ မီးလောင်မှုကြောင့် ဟိုတယ်ရှိ အခန်း ၁၈၀ ကျော် အနက် ၉၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး တည်း ခိုသည့် နိုင်ငံခြားသားတစ်ဦး အပါအဝင် နှစ်ဦး မီးလောင် သေဆုံးခဲ့သည်။

‘‘မီးလောင်ပြီး တစ်ပတ် အကြာမှာ ကျွန်တော်တို့ဆီက ကျွမ်းကျင်ပညာရှင်တွ သွား ရောက်စစ်ဆေးခဲ့ပါတယ်။ သစ် သားနဲ့ ဆောက်လုပ်ထားပြီး မီး လောင်ထားတာ။ ရေနဲ့ငြှိမ်းသတ် ထားတာတွေကြောင့် သစ်တွေက ဆွေးနေပါပြီ။ သွားရောက်စစ် ဆေးတဲ့ ကျွန်တော်တို့အတွက် လည်း အဆောက်အအုံ မခိုင်ခံ့မှု ကြောင့် အန္တရာယ်ရှိပါတယ်’’ဟု JPL ကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာ ဦးခင်မောင်ခိုင်က ပြော သည်။ ဟိုတယ် မီးလောင်နေစဉ် မီးလောင်မှုအချက်ပေးသံ မထွက် ပေါ်သည့်ကိစ္စရပ် နှင့်ပတ်သက်၍ တတိယထပ်တွင် စတင်မီး လောင်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသဖြင့် အချက် ပေးစနစ် ထွက်ပေါ်စေသည့် စက် အလုပ်မလုပ်တော့ကြောင်း ၎င်း က ရှင်းပြသည်။ အထပ်အလိုက် လျှစ်စစ်ဓာတ်အားပေးသည့် စက် များ တပ်ဆင်ထားသဖြင့် မီး လောင်နေစဉ် ပထမထပ်နှင့် ဒုတိယထပ်များ၌ လျှပ်စစ်ဓာတ် အား ရရှိနေကြောင်း ဦးခင်မောင် ခိုင်ကဆိုသည်။ မီးလောင်ရသည့် အကြောင်းအရင်းကို စစ်ဆေးရာ တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင် ပညာရှင်ခြောက်ဦး၊ မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်နှစ်ဦး စုစု ပေါင်းရှစ်ဦးတို့ဖြင့် စစ်ဆေးခဲ့ ကြောင်း ၎င်းကဆိုသည်။

ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ကို ဦးတေဇက ထိုင်းနိုင်ငံ Baiyoke Group of Hotels ထံမှ ၂၀၁၀ တွင် ကန်ဒေါ်လာ ၂၉သန်း ဖြင့် ဝယ်ယူခဲ့သည်။

အာမခံ လျော်ကြေးငွေကို ဟိုတယ် မီးလောင်ပြီး ၂၈ ရက် အကြာတွင် ပေးအပ်ခဲ့သည်။ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို   ၂၀၁၂ ဇူလိုင်လက အာမခံထား ရှိခဲ့ပြီး ပရီမီယံကြေး ပေးသွင်းငွေနှစ်ဆယ့်ခုနစ်သိန်းကျော် ရှိခဲ့သည်။

ယင်းဟိုတယ်ကို မြန်မာ့ အာမခံလုပ်ငန်းအပြင် အောင် သစ္စာဦး အာမခံလုပ်ငန်း၌လည်း ကျပ်သန်း ၅၀၀ ဖြင့် အာမခံထား ခဲ့ပြီး ယခု မီးလောင်မှုအတွက် အောင်သစ္စာဦး အာမခံလုပ်ငန်း က အာမခံလျော်ကြေးပေးရန် မလိုကြောင်း အဆိုပါအာမခံ လုပ်ငန်းကပြောကြားထားသည်။ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီး လောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းသုံးသောင်းခုနစ် ထောင်ကျော်ရှိပြီး ရန်ကုန်မြို့တွင် မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာ ဏ အမြင့်ဆုံးဖြစ်သည်။