မန္တလေးတွင် ခရီးသွားပြပွဲကျင်းပ

မန္တလေးခရီးသွားပြပွဲတွင် ပြသထားသည့် ရပ်ရွာအခြေပြုခရီးသွားပြခန်းတစ်ခု (ဓာတ်ပုံ−နိုင်လင်းအောင်)

 မန္တလေးတိုင်းဒေသကြီး အတွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် Mandalay Travel Show 2017 ခရီးသွားပြပွဲ ကို မန္တလေးမြို့ အမျိုးသားကဇာတ် ရုံတွင် နိုဝင်ဘာ ၁၇ ရက်ကစ၍ သုံးရက်ကြာ ကျင်းပနေသည်။

အဆိုပါခရီးသွားပြပွဲကို ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနက ဦးစီးကာ ပြည်တွင်းရှိ ခရီးသွားကဏ္ဍနှင့် ဆက်စပ်သောလုပ် ငန်းများအားလုံး စုပေါင်းကျင်းပ ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းရှင် များ၊ ဟိုတယ်လုပ်ငန်းများ၊ စား သောက်ဆိုင်လုပ်ငန်းများ၊ မြန်မာ မှုအမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ ကျောက်မျက် ရတနာဆိုင်များ၊ လေကြောင်း လိုင်းနှင့် ဧည့်လမ်းညွှန်အသင်းတို့ ပါဝင်ပြသနေသည်။

‘‘ခရီးသွားကဏ္ဍရဲ့မဟာဗျူ ဟာဖြစ်တဲ့ ပြပွဲတွေကို ပြုလုပ်တာဟာ ခရီးသွားလုပ်ငန်းတွေမှာ ပါ ဝင်ပတ်သက်တဲ့သူတွေကို အကျိုးရှိဖို့ရယ် တိုင်းဒေသကြီးအစိုးရ အနေနဲ့လည်း ခရီးသွားကဏ္ဍကို အဓိကဦးစားပေးထားတဲ့အထဲ ပါ တဲ့အတွက် ခရီးသွားကဏ္ဍကို မြှင့်တင်တဲ့အနေနဲ့ ဒီပွဲကို ပြုလုပ်ခြင်း ဖြစ်ပါတယ်’’ဟု ဟိုတယ်နှင့် ခရီး သွားလာရေးညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး လက် ထောက်ညွှန်ကြားရေးမှူး ဦးစန်း ယုက ပြောသည်။

ခရီးသွားပြပွဲကို နိုဝင်ဘာ ၁၉ ရက်အထိ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပနေသည်။ ပြပွဲတွင် ခရီးသွားကဏ္ဍနှင့်ဆက်စပ် သည့်ကုမ္ပဏီ ၈၀ ခန့် ပါဝင်ပြသ ပြီး   ပြပွဲလာရောက်သူများ  လေ့ လာနိုင်ရန် ရပ်ရွာအခြေပြုခရီး သွား လုပ်ငန်းဖြစ်သည့် ဧရာဝတီ လင်းပိုင်များအကြောင်း  ပြသထားသည်။

‘‘ခရီးသွားကဏ္ဍတိုးတက် လာတဲ့အတွက် ထိရောက်မှုပေါ် လွင်ပါတယ်။ ဒေသတွင်း နိုင်ငံ တွေရော၊ နိုင်ငံတကာတွေရော ဆက်ဆံရတာဖြစ်တဲ့အတွက် အ ချိတ်အဆက်ကောင်းတွေ၊ အ တွေ့အကြုံတွေ ရလာပါတယ်။ ဝင်ငွေအနေနဲ့လည်း အစိုးရတစ် ခုတည်း မဟုတ်ဘဲ ပြည်သူတွေပါ  အကျိုးရှိစေပါတယ်။ ဒါကြောင့် ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန က ဦးစီးပြီး ကျင်းပတာဖြစ်ပါ တယ်’’ဟု ဦးစန်းယုက ပြောသည်။ ပြပွဲတွင် ဖျော်ဖြေရေဒစီအ စဉ်အဖြစ် မြန်မာ့ရိုးရာရုပ်သေးအ က ထည့်သွင်းထားသည်။