ရှစ်လေးလုံးသမိုင်းပြတိုက်ဖွင့်လှစ်ရန် သင့်လျော်သည့်နေရာကို ရန်ကုန်တိုင်းအစိုးရ ချထားပေးမည်

ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ) သို့ ယမန်နေ့က လာရောက်ခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ၈၈ ငြိမ်းပွင့်ခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ − Phyo Min Thein (FB))

ရှစ်လေးလုံးသမိုင်းပြ တိုက်ပြောင်းရွှေ့ဖွင့်လှစ်ရန် ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က မြေနေရာ(သို့မဟုတ်)အ ဆောက်အအုံတစ်ခု သတ်မှတ်ချ ထားပေးမည်ဟု ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းခေါင်းဆောင် ဦးမင်းကိုနိုင် က ပြောသည်။ 


 ယာယီဖွင့်လှစ်ထားသော ရှစ်လေးလုံးသမိုင်းပြတိုက်သည် ငှားရမ်းသည့်စာချုပ်သက်တမ်းမ ကြာမီ ကုန်ဆုံးမည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြ တိုက်ပြောင်းရွှေ့ဖွင့်လှစ်ရန် နေ ရာစီစဉ်ပေးမည်ဖြစ်သည်။ 

နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ရှစ်လေးလုံးသမိုင်းပြ တိုက်(ယာယီ)သို့ သွားရောက်ကာ ရှစ်လေးလုံးသမိုင်းပြတိုက်တစ်ခု အခိုင်အမာဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အ စည်းခေါင်းဆောင် ဦးမင်းကိုနိုင် နှင့် ပြတိုက်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

‘‘ပုဂ္ဂလိကဆီမှာ ငှားထား တာဖြစ်တဲ့အတွက် စရိတ်လည်း ထောင်းတယ်။ အဲဒီတော့ အစိုးရ ကနေပြီးတော့ ပေးမယ့်နေရာမှာ ယာယီသွားပြီး ရွှေ့ထားလိုက် မယ်။ ဘယ်နေရာရယ်လို့ အတိ အကျမဟုတ်သေးဘူး’’ဟု ဦးမင်း ကိုနိုင်က ပြတိုက်ရွှေ့ဆိုင်းမည့်အ စီအစဉ်နှင့်ပတ်သက်၍ ပြော ကြားသည်။ 

ပြတိုက်ပြောင်းရွှေ့ရန်နေ ရာအတွက် အစိုးရနှင့် ထပ်မံညှိ နှိုင်းမည်ဖြစ်ပြီး နိုင်ငံတကာမှ ပြ တိုက်ဆိုင်ရာ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်း က ဆိုသည်။ 

ရှစ်လေးလုံးသမိုင်းပြတိုက် ကို ကုန်သည်လမ်းနှင့် မဟာဗန္ဓု လပန်းခြံလမ်းထောင့်ရှိ မြန်မာ့ပို့ ကုန်၊ သွင်းကုန်ကော်ပိုရေးရှင်း(MEIC)အဆောက်အအုံနှင့် သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်း ထောင့်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အဆောက်အအုံတို့အနက် တစ် နေရာတွင် တည်ဆောက်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်  ကြီးဌာနသို့ စက်တင်ဘာအတွင်း က တောင်းခံထားသည်။

ရှစ်လေးလုံးသမိုင်းပြတိုက် တည်ဆောက်ဖွင့်လှစ်နိုင်ရန် သာ သနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက အဆိုမူကြမ်းရေးကာ ပြည် သူ့လွှတ်တော်သို့ တင်ပြပြီး ဖြစ် သည်။ ပြည်သူ့လွှတ်တော်၏ ခွင့် ပြုချက်ရသည်နှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်း) တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့နှင့် ညှိနှိုင်းအကောင်အထည် ဖော်ဆောင်ရွက်သင့်သည်ဟု အ ကြံပြုကြောင်း သြဂုတ် ၃ ရက်စွဲ ဖြင့် သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ)ကို လက်ရှိတွင် သင်္ဃန်း ကျွန်းမြို့နယ် သုမင်္ဂလာလမ်းတွင် ၈၈ ငြိမ်းပွင့်ရုံးဘေး၌ ဖွင့်လှစ် ထားပြီး ရှစ်လေးလုံးအရေးတော် ပုံအတွင်း ဖြန့်ဝေခဲ့သော သတင်းမှတ်တမ်းများ၊ ဓာတ်ပုံမှတ်တမ်း များနှင့် ရုပ်သံမှတ်တမ်းများ လေ့လာနိုင်ကြောင်း ယင်းကော်မတီမှ သိရသည်။ ယာယီပြတိုက်ကို တနင်္လာနေ့မှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားသည်။