နေပြည်တော်ကို နှစ်(၃၀)အစီအစဉ်ဖြင့် ကုန်စည်ပို့ဆောင်ရေးမြို့တော်ဖြစ်ရန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲနေဟုဆို

အုပ်ချုပ်ရေးမြို့ တော်နေပြည်တော်ကို နှစ်(၃၀) အစီအစဉ်ဖြင့် ကုန်စည်ပို့ဆောင် ရေးမြို့တော်ဖြစ်လာရန် အစိုးရ သစ်လက်ထက်တွင် မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းတစ်ခု စတင်ရေးဆွဲ နေကြောင်း နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင် ဦးမင်း သူက ပြောသည်။

ယခင် တပ်မတော်အစိုးရ သည် နေပြည်တော်ကို မြို့ပြဖွံ့ ဖြိုးရေးစီမံကိန်းဖြင့် တိတိကျကျ မတည်ဆောက်ခဲ့၍ ယခုအခါ အ ချက်ငါးချက်ပါဝင်သည့် စီမံကိန်း တစ်ခု ရေးဆွဲနေကြောင်း ၎င်းက ပြောသည်။

‘‘အဲဒီအချိန်တုန်းက သူတို့ က လိုအပ်ချက်အရ အခြေအနေ အရ ဇုန်ကြီးငါးဇုန်နဲ့တည်ထောင် ခဲ့တာ၊ အဲဒီတုန်းက အစိုးရရဲ့ရည် မှန်းချက်က ဘယ်လိုရှိလဲဆိုတာ သေချာမှ မသိနိုင်ခဲ့တာ၊ လုံခြုံရေး အခြေအနေပေါ်မှာ အခြေပြုပြီး စဉ်းစားခဲ့တာရှိတာကိုး’’ဟု ဦးမင်းသူက ပြောသည်။

နေပြည်တော်ကို နေချင်စ ဖွယ် စိမ်းလန်းစိုပြည်သည့် မြို့ တော်၊ သဘာဝပတ်ဝန်းကျင် မပျက်စီးစေသည့် မြို့တော်၊  ပညာရေးဖွံ့ဖြိုးတိုးတက်စေသည့်မြို့တော်၊ လေကြောင်းနှင့် ကုန်စည် ပို့ဆောင်ရေး ဗဟိုဌာနနှင့် ရာသီ ဥတု ပြောင်းလဲမှုဒဏ်ခံနိုင်သော မြို့တော်အဖြစ် တည်ဆောက်ရန် အချက်ငါးချက်ပါဝင်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၇ ဖေဖော်ဝါရီတွင် မြို့ ပြစီမံကိန်းရေးဆွဲရန် ပညာရှင်များဖြင့် လုပ်ငန်းများ စတင်ရေးဆွဲနေပြီး ပြီးစီးမည့်အချိန်ကို မသိရ သေးသော်လည်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ရရှိသော အခွန်ငွေများ၊ အ ထောက်အပံ့ငွေများဖြင့် ဆောက် လုပ်မည်ဖြစ်ကြောင်း ဦးမင်းသူက ပြောသည်။

‘‘အချက်အလက်ကောက် ယူနေတာ နည်းပညာဆိုင်ရာတွေ ရော၊ ကောင်းကင်မြေပုံတွေရော၊ အချက်အလက်ကောက်ယူတဲ့အ ဖွဲ့တွေရော၊ အချက်အလက်ရရှိ တဲ့အပေါ်မှာ မူတည်တယ်’’ ဟု နှစ်(၃၀)မြို့ပြစီမံကိန်းအစီအစဉ် ရေးဆွဲမှုအပေါ် ဦးမင်းသူက ပြောသည်။

နေပြည်တော်ရှိ မြို့မဈေး၊ သပြေကုန်းဈေးနှင့် ရွှေကြာပင် စသည့် နေရာများတွင်သာ လူစည် ကားနေပြီး အခြားဈေးများ၊ နေရာများ၌ ဖွံ့ဖြိုးမှုအားနည်းကာ ဟိုတယ်ဇုန်များတွင် တည်းခိုသူလျော့နည်းနေကြောင်း ၎င်းက ဆိုသည်။

 နေပြည်တော်ကို တပ်မ တော်အစိုးရ လက်ထက် ၂၀၀၃ က ဆောက်လုပ်ခဲ့ပြီး ဇုန်ကြီးငါး ဇုန်အဖြစ် ဥတ္တရသီရိဇုန်၊ ဒက္ခိဏ သီရိမြို့နယ်နှစ်မြို့နယ်ဇုန်၊ ဝန် ကြီးဌာနများနှင့် ဝန်ထမ်းအိမ်ရာ များဇုန်၊ ဈေးများဇုန်၊ ဟိုတယ်ဇုန် များအပေါ် မူတည်၍ ဆောက်လုပ်ခဲ့ကြောင်း ဦးမင်းသူက ရှင်းပြ သည်။ နေပြည်တော်တွင် သွားလာ ရေးအနေဖြင့် တစ်နေရာနှင့်တစ် နေရာ ဝေးကွာလွန်းပြီး စီးပွားရေး ဇုန်များ မရှိ၍ အလုပ်အကိုင်အ ခွင့်အလမ်းများ လျော့နည်းသည့် အားနည်းချက်များ ပြင်ဆင်သင့် ကြောင်း မြို့ပြစီမံကိန်းဆောင်းပါး များ ရေးသားသူ ဆရာမြင့်မိုရ်ဆွေ က ပြောသည်။

‘‘ဝန်ထမ်းအခြေပြုမြို့ကနေ ပြီးတော့ တကယ့်ပြည်သူ အားလုံးကို အခြေပြုတဲ့ မြို့တော်ဖြစ် အောင် လုပ်ဖို့လိုမယ်’’ဟု ၎င်းက ပြောသည်။

နေပြည်တော်သည် ဇမ္ဗူသီ ရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိ ဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ် ရှစ်မြို့  နယ်ဖြင့် ဖွဲ့စည်းထားပြီး စတုရန်းမိုင် သုံးထောင်ခန့် (၂,၇၂၄ ဒသမ ၇၅ စတုရန်းမိုင်) ကျယ်ဝန်းကာ လူဦးရေတစ်သန်းကျော် နေထိုင် ကြောင်း နေပြည်တော် စည်ပင် သာယာရေးကော်မတီအချက်အ လက်များအရ သိရသည်။