ကျောက်တော်နှင့် ပုဏ္ဏားကျွ န်းအကြား ဒေးဝန်းတံတားအနီးတွင် လက်လုပ်မိုင်းလေးလုံး တွေ့ရှိ

မကြာခဏ မိုင်း ပေါက်ကွဲနေသည့်ဖြစ်စဉ်ကြောင့် ရန်ကုန်-စစ်တွေကားလမ်းတွင် မိုင်းရှင်းလမ်းရေး  ပြုလုပ်စဉ် ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏား ကျွန်းအကြား ဒေးဝန်းတံတားအ နီးတွင် လက်လုပ်မိုင်းလေးလုံးကို တွေ့ရှိခဲ့ကြောင်း ကျောက်တော် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ကျရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ လက်လုပ်မိုင်းလေး လုံးကို နိုဝင်ဘာ ၁၆ ရက် နံနက်ကမိုင်းရှာဖွေရေး တပ်မတော်သား များက တွေ့ရှိခြင်းဖြစ်ပြီး မိုင်းတစ်လုံးနှင့် တစ်လုံးသည် ၇ ပေခန့်ကွာဝေးသည်ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။

‘‘ကားလမ်း  လုံခြုံရေးအ တွက် တပ်မတော်ဘီအီး (BE)  တပ်က ရှင်းလင်းနေတာ ဖြစ်ပါ တယ်’’ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၁၅ ရက် နံနက်က ရန်ကုန်-စစ်တွေကားလမ်း မင်းပြားမြို့၏ အရှေ့တောင်ဘက် ၁၉ မိုင်ခန့်အကွာ ဖားပြို(ချင်း)ကျေးရွာအနီး  မိုင်တိုင်အမှတ်(၈၄/၄)တွင် မြေမြှုပ်မိုင်းဟု ယူဆရသော မိုင်းသုံးလုံးပေါက်ကွဲ မှုကြောင့် တပ်မတော်ထောက်ပို့ ယာဉ်တစ်စီး အနည်းငယ်ထိခိုက် မှု ဖြစ်ပွားခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် မြောက်ဦးမြို့နယ် ပေါက်တော ပြင်ကျေးရွာအနီး ရန်ကုန်-စစ် တွေကားလမ်းမ မိုင်တိုင်အမှတ် (၁၁၆/၄)အနီးတွင် မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် သီလရှင်တစ် ပါး ထိခိုက်ဒဏ်ရာရခဲ့သည်။

 ယင်းသို့ မိုင်းပေါက်ကွဲမှု များဖြစ်ပွားပြီးနောက် ကားလမ်း မိုင်းရှင်းလင်းရေး လုပ်ငန်းများကို တပ်မတော်မိုင်းရှင်းလင်းရေးအ ဖွဲ့က ဆောင်ရွက်နေသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်ကလည်း မင်းပြားမြို့နယ် ဆပ်ကျာကျေးရွာနှင့် ကမ်းဆိပ် ဘင်္ဂါလီကျေးရွာအကြား ရန်ကုန် -စစ်တွေ ကားလမ်းမိုင်တိုင်အ မှတ်(၉၆/၄)အနီးတွင် မိုင်းသုံးလုံးပေါက်ကွဲသဖြင့် ခရီးသည်ယာဉ် တစ်စီး မှန်လေးချပ်  ပျက်စီးခဲ့ သည်။ရန်ကုန်-စစ်တွေကားလမ်း ပေါ်တွင် မကြာခဏ မိုင်းပေါက် ကွဲနေသဖြင့် မော်တော်ယာဉ်များ ဖြင့် ခရီးသွားသူအများစု လုံခြုံရေးကိုစိုးရိမ်နေကြောင်း အဆိုပါ လမ်းပေါ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

More in Regional Section