မြန်မာခရီးစဉ်တွင် ရိုဟင်ဂျာအသုံးအနှုန်းရှောင်ရှားရန် ပုပ်ရဟန်းမင်းကြီးအား ကိုဖီအာနန်တိုက်တွန်း

သဟဇာတဖြစ်လာရန် အားထုတ်နေခြင်းကိုအားပေးရန် မြန်မာနိုင်ငံသို့ ကြွရောက်ခြင်းဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးသတင်းစကားပါး

 မြန်မာနိုင်ငံခရီးစဉ်အ တွင်း ရိုဟင်ဂျာဟူသည့်အသုံးအ နှုန်းကို ရှောင်ရှားရန် ပုပ်ရဟန်း မင်းကြီးအား ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်းကိုဖီအာနန်က တိုက်တွန်းပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင်ဖော် ပြသည်။

ကိုဖီအာနန်သည် နိုဝင်ဘာ ၆ ရက်က ဗာတီကန်နန်းတော်သို့ သွားရောက်၍ ပုပ်ရဟန်းမင်းကြီး နှင့်တွေ့ဆုံပြီး ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ မသွားရောက်မီ ၎င်း၏ရခိုင်ဒေသရေးရာအစီရင် ခံစာကို ဖတ်ရှုနိုင်ရန်ပေးအပ်ခဲ့ သည်ဟု ရိုက်တာကဖော်ပြသည်။

‘ရိုဟင်ဂျာ’ဟူသည့် အသုံး အနှုန်းသည် ထိရှလွယ်ကြောင်း နှင့် ၎င်း၏ ၆၃ မျက်နှာပါရခိုင် ပြည်နယ်အရေးအစီရင်ခံစာတွင် ပင် ရိုဟင်ဂျာဟူသည့်အသုံးအ နှုန်းကို တစ်ကြိမ်မျှအသုံးမပြုခဲ့ဘဲ ရခိုင်ပြည်နယ်မှ မွတ်စလင်များဟု သာ သုံးနှုန်းခဲ့ကြောင်း ကိုဖီအာ နန်က ပုပ်ရဟန်းမင်းကြီးအား ပြောကြားခဲ့သည်ဟု အဆိုပါသ တင်းက ဆိုသည်။

မြန်မာအစိုးရ၏ ဖိတ်ကြားမှု ဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ် သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လေး ရက်ကြာ လာရောက်မည်ဖြစ် သည်။

၎င်း၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်ပြီး ပြောကြားရာတွင် ‘ရို ဟင်ဂျာ’ဟူသည့်အသုံးအနှုန်းသုံး စွဲမည်ကို မြန်မာနိုင်ငံမှ ကက်သ လစ်ဘာသာရေးခေါင်းဆောင် များက စိုးရိမ်မှုများရှိနေပြီး အဆို ပါအသုံးအနှုန်းကို ရှောင်ရှားရန် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်ချားလ်ဘို ကလည်း ပုပ်ရဟန်းမင်းကြီးထံ အကြံပြုချက်ပေးပို့ထားသည်။

‘‘ရဟန်းမင်းကြီးကြွရောက် လာတာက ကက်သလစ်ဘာသာ ၀င်တွေအတွက်ရော နိုင်ငံအ တွက်ပါ ကောင်းတဲ့ရည်ရွယ်ချက် နဲ့ လာတာဖြစ်တဲ့အတွက် စကား အသုံးအနှုန်းကအစ ခရီးစဉ်တစ် လျှောက်အဆင်ပြေဖို့ ကျွန်တော် တို့အနေနဲ့ စိုးရိမ်စိတ်တော့ ရှိပါ တယ်’’ ဟု ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ ပြော ရေးဆိုခွင့်ရှိသူ ဖာသာမာရီရာနို စိုးနိုင်က ပြောသည်။

ထို့အပြင် အဆိုပါအသုံးအ နှုန်းကို မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှောင်ရှားရန် ကုလအတွင်းရေး မှူးချုပ်ဟောင်း၏ အကြံပြုချက် သည် ပုပ်ရဟန်းမင်းကြီး၏ ခရီး စဉ်အတွင်း စကားလုံးသုံးစွဲမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ကက် သလစ်ဘာသာဝင်များ၏ စိတ်ပူ ပန်မှုကို လျော့ကျစေသည်ဟု ၎င်း က ပြောသည်။

‘‘ကိုဖီအာနန်က မြန်မာပြည် ရဲ့ အနေအထားကို သူရှင်းပြခွင့် ရသလောက် ရှင်းပြခဲ့တယ်လို့ ကြားပါတယ်။ စိတ်ပူနေတာကြီး လျော့သွားသလိုတော့ ဖြစ်သွား ပါတယ်။ သူက ပိုပြီးသေချာဂဃ နဏရှင်းပြနိုင်မယ်။ သူက ရခိုင် အရေးကို သေသေချာချာလေ့လာ ထားသူဖြစ်တော့ သူရှင်းပြတာက ထိရောက်မှာပါ’’ ဟု ဖာသာမာရီ ရာနိုစိုးနိုင်က ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက် မည့် ခရီးစဉ်သည် သဟဇာတကို ဆောက်တည်နေသောအားထုတ် လုပ်ဆောင်ခြင်းကို အားပေးရန်၊ အများကောင်းကျိုးသယ်ပိုးခြင်း များ၌ ပူးပေါင်းဆောင်ရွက်ရန်ဖြစ် ကြောင်း ပုပ်ရဟန်းမင်းကြီးက သတင်းစကားပါးထားသည့် ဗီဒီ ယိုမက်ဆေ့ခ်ျဖိုင်တစ်ခုကို Pope Francis in Myanmar 2017 ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နိုဝင် ဘာ ၁၆ ရက်၌ လွှင့်တင်ထား သည်။

‘‘နိုင်ငံတော်ကို လေးစား သောစိတ်ထားနဲ့ အလည်အပတ် ကြွရောက်လိုခြင်းဖြစ်ပါတယ်။ သဟဇာတကို ဆောက်တည်နေ သော အားထုတ်လုပ်ဆောင်ခြင်း ကို အားပေးရန်၊ အများကောင်း ကျိုးသယ်ပိုးခြင်းများ၌ ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရှင်သန်နေထိုင်တဲ့ကာ လဟာ ဘာသာတရားယုံကြည်သူ များနဲ့ စိတ်ကောင်းနှလုံးကောင်း ရှိသူတို့ဟာ အပြန်အလှန်နား လည်မှုနဲ့ လေးစားခြင်းတို့၌ တိုး တက်ရန်လိုအပ်နေသည်ကို နေ ရာတိုင်း၌ ခံစားနေရသောအချိန် အခါဖြစ်ပါတယ်။ လူသားထုတစ် ရပ်လုံးကို မိသားစုဝင်များလိုမှတ် ယူကာ အချင်းချင်းရိုင်းပင်းကူညီ ဖေးမဖို့လည်း လိုအပ်နေပါတယ်’’ ဟု ပုပ်ရဟန်းမင်းကြီးက အဆိုပါ ဗီဒီယိုဖိုင်မှတစ်ဆင့် သတင်း စကားပါးထားသည်။

ပုပ်ရဟန်းမင်းကြီးသည် မြန် မာနိုင်ငံခရီးစဉ်အတွင်း နေပြည် တော်တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်၊ အစိုးရအဖွဲ့ဝင်များ၊ သံတမန်အ သိုင်းအ၀ိုင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် တွေ့ဆုံမည်ဖြစ် ပြီး ရန်ကုန်မြို့ ကျိုက္ကဆံကွင်း တွင် ရိုမန်ကက်သလစ်ဘာသာ ၀င်များကို တရားဟောကြားမည် ဖြစ်သည်။

ရိုမန်ကက်သလစ် အသင်း တော်၏ ၂၆၆ ပါးမြောက်ပုပ် ရဟန်းမင်းကြီးဖရန်စစ်သည် မြန် မာနိုင်ငံသို့ ပထမဆုံးလာရောက် မည့် ပုပ်ရဟန်းမင်းကြီးဖြစ်သည်။